■အာဖဂန်မင်္ဂလာဆောင်မှာ သီချင်းဖွင့်လို့ဆိုကာ တာလီဘန်တို့ပစ်ခတ်မှုကြောင့် လူ ၃ဦးသေဆုံး

အာဖဂန်အရှေ့ပိုင်းက မင်္ဂလာဆောင်တစ်ခုမှာ သီချင်းတွေဖွင့်တာကြောင့် အနည်းဆုံး လူ ၃ဦးကို သတ်ပစ်ခဲ့တဲ့ တိုက်ခိုက်ရေးသမား ၃ဦးထဲက ၂ဦးကို ထိန်းသိမ်းထားတယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။ သောကြာနေ့ည ဖြစ်ပွားခဲ့တာဖြစ်ပြီး

Nangarhar ပြည်နယ်က Shamspur Mar Ghundi ရွာမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲဖြစ်ပြီး သေနတ်သမားတွေက သူတို့ကိုယ်သူတို့ တာလီဘန်တွေလို့ ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။”ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တာလီဘန်တွေက သံသယရှိသူ ၂ဦးကို ဖမ်းဆီးထားပြီး ထွက်ပြေးလွတ် မြောက်နေသူတစ်ဦးကို လိုက်လံရှာဖွေနေပါတယ်၊

အစ္စလာမ်စော်ဘွားနာမည်ကိုအသုံးပြုပြီး ဒီလိုပြုမူခဲ့တဲ့သူတွေကို ရှာရီယာဥပဒေအရ စီရင်ဖို့ လွှဲပြောင်းပေးထားပါတယ်” လို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက တာလီဘန်တိုက်ခိုက်ရေးမသားဟာ သီချင်းဖွင့်ချိန်မှာ ပစ်ခတ်ခဲ့တာလို့ AFP ကို ဆိုပါတယ်။

“လူငယ်တွေက သီးခြားအခန်းတစ်ခုမှာ သီချင်းတွေဖွင့်သီဆိုနေတာပါ၊ အဲဒါကို သူတို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ ဒဏ်ရာရခဲ့သူနှစ်ဦးရဲ့ အခြေအနေက ပြင်းထန်ပါတယ်” လို့ မျက်မြင်သက်သေက ပြောဆိုခဲ့ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း အာဖဂန်ကို တာလီဘန်တို့အုပ်ချုပ်စဉ်က သီချင်းဖွင့်တဲ့အပေါ် ပိတ်ပင်ထားခဲ့ဖူးပါတယ်။

လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်တွေဟာ ဒီအမိန့်ကို မထုတ်ပြန်သေးဘဲ ရှိနေပေမယ့် ခေါင်းဆောင်ပိုင်းက တော့ ဖျော်ဖြေရေးဟာ အစ္စလာမ့်ဥပဒေကို ချိုးဖောက်မှုတစ်ခုအဖြစ် ရှုမြင်နေဆဲဖြစ်တယ်လို့ Hindustan Times က ရေးသားခဲ့ပါတယ်။”အစ္စလာမ်စော်ဘွားနိုင်ငံ (အာဖဂန်) မှာ ဘယ်သူမှ ကိုယ့်စိတ်နဲ့ကိုယ် အခုလိုမျိုး သတ်ဖြတ်လို့မရပါဘူး၊

တကယ်လို့ ကျူးလွန်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ရာ ဇဝတ်မှုပါ၊ တရားရုံးကိုတင်ပြပြီးတော့ တရားရင်ဆိုင်ရပါလိမ့်မယ်” လို့ Mujahid ကပြောဆိုခဲ့ပါတယ်။ တာ လီဘန်တွေဟာ တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ကာ အုပ်ချုပ်သူတွေအဖြစ် ကျော်ကြားပြီး အစွန်းရောက်မှုတွေရှိတယ်လို့ ဝေဖန်ခံနေရသူတွေလည်းဖြစ်ပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

■အာဖဂန္မဂၤလာေဆာင္မွာ သီခ်င္းဖြင့္လို႔ဆိုကာ တာလီဘန္တို႔ပစ္ခတ္မႈေၾကာင့္ လူ ၃ဦးေသဆုံး

အာဖဂန္အေရွ႕ပိုင္းက မဂၤလာေဆာင္တစ္ခုမွာ သီခ်င္းေတြဖြင့္တာေၾကာင့္ အနည္းဆုံး လူ ၃ဦးကို သတ္ပစ္ခဲ့တဲ့ တိုက္ခိုက္ေရးသမား ၃ဦးထဲက ၂ဦးကို ထိန္းသိမ္းထားတယ္လို႔ တာလီဘန္ေတြက ေျပာဆိုလိုက္ပါတယ္။ ေသာၾကာေန႔ည ျဖစ္ပြားခဲ့တာျဖစ္ၿပီး

Nangarhar ျပည္နယ္က Shamspur Mar Ghundi ရြာမွာ ျပဳလုပ္ခဲ့တဲ့ မဂၤလာပြဲျဖစ္ၿပီး ေသနတ္သမားေတြက သူတို႔ကိုယ္သူတို႔ တာလီဘန္ေတြလို႔ ေျပာဆိုခဲ့ေၾကာင္း ဆိုပါတယ္။”ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တာလီဘန္ေတြက သံသယရွိသူ ၂ဦးကို ဖမ္းဆီးထားၿပီး ထြက္ေျပးလြတ္ ေျမာက္ေနသူတစ္ဦးကို လိုက္လံရွာေဖြေနပါတယ္၊

အစၥလာမ္ေစာ္ဘြားနာမည္ကိုအသုံးျပဳၿပီး ဒီလိုျပဳမူခဲ့တဲ့သူေတြကို ရွာရီယာဥပေဒအရ စီရင္ဖို႔ လႊဲေျပာင္းေပးထားပါတယ္” လို႔ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူ Zabihullah Mujahid က AFP သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ေသဆုံးခဲ့သူေတြရဲ့ ေဆြမ်ိဳးသားခ်င္းေတြက တာလီဘန္တိုက္ခိုက္ေရးမသားဟာ သီခ်င္းဖြင့္ခ်ိန္မွာ ပစ္ခတ္ခဲ့တာလို႔ AFP ကို ဆိုပါတယ္။

“လူငယ္ေတြက သီးျခားအခန္းတစ္ခုမွာ သီခ်င္းေတြဖြင့္သီဆိုေနတာပါ၊ အဲဒါကို သူတို႔က တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္၊ ဒဏ္ရာရခဲ့သူႏွစ္ဦးရဲ့ အေျခအေနက ျပင္းထန္ပါတယ္” လို႔ မ်က္ျမင္သက္ေသက ေျပာဆိုခဲ့ပါတယ္။ ၁၉၉၆ ကေန ၂၀၀၁ ခုႏွစ္အတြင္း အာဖဂန္ကို တာလီဘန္တို႔အုပ္ခ်ဳပ္စဥ္က သီခ်င္းဖြင့္တဲ့အေပၚ ပိတ္ပင္ထားခဲ့ဖူးပါတယ္။

လက္ရွိအုပ္ခ်ဳပ္ေနတဲ့ တာလီဘန္ေတြဟာ ဒီအမိန႔္ကို မထုတ္ျပန္ေသးဘဲ ရွိေနေပမယ့္ ေခါင္းေဆာင္ပိုင္းက ေတာ့ ေဖ်ာ္ေျဖေရးဟာ အစၥလာမ့္ဥပေဒကို ခ်ိဳးေဖာက္မႈတစ္ခုအျဖစ္ ရႈျမင္ေနဆဲျဖစ္တယ္လို႔ Hindustan Times က ေရးသားခဲ့ပါတယ္။”အစၥလာမ္ေစာ္ဘြားနိုင္ငံ (အာဖဂန္) မွာ ဘယ္သူမွ ကိုယ့္စိတ္နဲ႔ကိုယ္ အခုလိုမ်ိဳး သတ္ျဖတ္လို႔မရပါဘူး၊

တကယ္လို႔ က်ဴးလြန္ခဲ့တယ္ဆိုရင္လည္း ဒါဟာ ရာ ဇဝတ္မႈပါ၊ တရား႐ုံးကိုတင္ျပၿပီးေတာ့ တရားရင္ဆိုင္ရပါလိမ့္မယ္” လို႔ Mujahid ကေျပာဆိုခဲ့ပါတယ္။ တာ လီဘန္ေတြဟာ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြခ်မွတ္ကာ အုပ္ခ်ဳပ္သူေတြအျဖစ္ ေက်ာ္ၾကားၿပီး အစြန္းေရာက္မႈေတြရွိတယ္လို႔ ေဝဖန္ခံေနရသူေတြလည္းျဖစ္ပါတယ္။

crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။