ဘောင်းဘီကဲ့သို့ဝတ်ဆင်၍ရသော ထိုင်ခုံများ ပိုမိုရောင်းရလာဟုဆို

ဘောင်းဘီကဲ့သို့ဝတ်ဆင်၍ရသော ထိုင်ခုံများ ပိုမိုရောင်းရလာဟုဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၆

အမဇုန်ကဲ့သို့သော အွန်လိုင်းအရောင်းဌာနကြီးအပါအဝင် အခြားသော အွန်လိုင်းအရောင်းဆိုင်များတွင် ရောင်းချနေလျှက်ရှိသည့် ဘောင်းဘီဝတ်သကဲ့သို့ ဝတ်ဆင်၍ရသော ထိုင်ခုံကို စိတ်ဝင်စားသူပိုများပြားလာကာ ပိုမိုရောင်းရနေကြောင်းသိရသည်။

ယင်းကို ဘိုင်အိုနစ်ဘောင်းဘီ(Bionic Pants)ဟုလည်း ခေါ်ဝေါ်ကြပြီး စက်ရုပ်ခြေထောက်များသဖွယ် အထောက်အကူပေးသော တစ်ကိုယ်ရည်သုံး ကိရိယာတစ်မျိုးဖြစ်သည်။

အဆိုပါ ကိရိယာကို ထုတ်လုပ်ရန် ဆွစ်ဇာလန်နိုင်ငံရှိ Noonee ကုမ္ပဏီမှ CEO ကိယက်သ်ဂူနူရာက သူ့အသက် ၁၇ နှစ်အရွယ်ကတည်းကပင် စိတ်ကူးကြံစည်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင်လည်း Noonee မှ ထိုင်ခုံမဲ့ထိုင်ခုံ(Chairless Chair)ဟူသည့် အမည်ဖြင့်ထုတ်လုပ်သော ကိရိယာများကို ပိုမိုလူကြိုက်များကြောင်းသိရသည်။

crd