ဘီလားကောင်များ ပြည်တွင်း ပြည်ပတင်ပို့ရေး အဝယ်ဒိုင်ဖွင့်လှစ်၊ ဘီလားကောင် ဆိုတာ ဘာလဲ

ဘီလားကောင်များ ပြည်တွင်း ပြည်ပတင်ပို့ရေး အဝယ်ဒိုင်ဖွင့်လှစ်၊ ဘီလားကောင် ဆိုတာ ဘာလဲ

ဘီလားကောင်များ ပြည်တွင်း ပြည်ပတင်ပို့ရေး အဝယ်ဒိုင်ဖွင့်လှစ်၊ ဘီလားကောင် ဆိုတာ ဘာလဲ..

ဘီလား (ခ) ပလီမ (giant water bug) ဆိုတာ ရခိုင် ဧရာဝတီဒေသ ထားဝယ် တနသာင်္ရီဒေသ ကမ်းရိုးတန်းဒေသတွေမှာ ထွက်ပါတယ်.. ရေပိုးလည်း ခေါ်ကြတယ်.. တရုတ်နဲ့ ထိုင်းက အဓိကစားပါတယ်.. မြန်မာမှာလည်း စားတဲ့သူများပြီး ကြိုက်ကြပါတယ်..

အနုမြူ မီးချောင်းနဲ့ ပိုးထောင် ဖမ်းပြီး တရုတ် ထိုင်းဘက်အထိ တင်ပို့ ရောင်းချပါတယ်.. ဘီလား အထီးရဲ့ ခေါင်းနဲ့ဗိုက်က ပူရှိုန်းလိုအရသာပဲ ဆေးဖက်၀င်တယ်။ စားပြီးရင် လူက အအေးခံနိုင်တယ်။ ငါးမွေးမြူရေးကန်တွေမှာ ဘီလားကြောင့် ငါးတွေ သေပါတယ် ငါးကန်သမားတွေ ကတော့ မရှင်းမဖြစ် ရှင်းရပါတယ်..

သွေးကင်ဆာ ရောဂါသည်တွေ အတွက် အလွန်အစွမ်းထက်တဲ့ ဆေးအဖြစ် နာမည်ကျော်ပါတယ်.. ပန်းနာရင်ကျပ် အတွက်ကောင်းပါတယ်.. သူ့ချည်း ကြော်စား မျှင်ငပိနဲ့ထောင်းစား အမျိုးမျိုး အဖုံဖုံ လုပ်စားကြပါတယ်.. အဓိကတော့ ကြော်စား.. အဆာပလာထဲ့စား အမျိုးမျိုးပါဘဲ.. ထိုင်းစျေးကွက်ကတော့ အကြီးဆုံးထင်ပါတယ်.. ထိုင်းမှာ ၁၂ ရာသီရောင်းတာ တွေ့နိုင်ပါတယ်။ (Ericmoon)

“အနုမြူ ဖန်ချောင်းထွန်းထားရုံပဲ။ ဘီလားကောင်တွေ ရောက်လာတယ်။ ဒီဖန်ချောင်းနားရောက်ပြီး ဘယ်မှ ဆက်မပျံတော့ဘူး။ အမတွေက အရင်ရောက်လာတယ်။ အထီးတွေက နောက်မှ ရောက်လာတယ်။ ဘာဓာတ်လဲတော့မသိဘူး။ အဲဒီဖန်ချောင်းနား လူသွားကပ်ရင် အဲလူကို သရဲတစ္ဆေလိုဖြစ်နေတာ မြင်ရတယ်။ အစကတော့ လန့်တာပေါ့၊ နောက်တော့ ဒီဖန်ချောင်းမှာပါတဲ့ဓာတ်ကြောင့်ဖြစ်တာပဲ ဆိုတာသိရတယ်။ မိုးအကုန် ဆောင်းအကူးနဲ့ ဆောင်းတွင်းတရာသီလုံးပဲ ဖမ်းလို့ကောင်းတယ်။ ကျန်တဲ့အချိန်တွေ ဘီလားသိပ်မရဘူး” လို့ ဘီလားဖမ်းသူတဦးက ပြောပါတယ်။

ကသာမြို့တွင် ပြည်တွင်းစားသုံးနိုင်မှုနှင့် ပြည်ပပို့ဆောင်နိုင်ရေး ကျန်းမာရေးအထောက်အကူပြုသော အင်းဆက်ပိုးကောင်တစ်မျိုးဖြစ်သည့် ဘီလားကောင်များ တင်ပို့ဖြန့်ချီနိုင်ရေး ယခုလ အောက်တိုဘာမှာ အဝယ်ဒိုင်ဖွင့်လှစ်လာကြကြောင်း သိရသည်။

“လက်ရှိအချိန်တွင် ဘီလားဈေးကွက်မငြိမ်သေးဘဲ နောက်ပိုင်းဆောင်းကုန်သွားရင်တော့ ဈေးကွက်ကောင်းလာနိုင်သော်လည်း ဘီလားကောင်းရရှိနိုင်မှု မရှိတော့ဘူး။ ရာသီပေါ်သီးနှံလို ခူးဆွတ်ယူရောင်းနိုင်တဲ့အရာ မဟုတ်ဘဲ သဘာဝအလျှောက်ကျရောက်လာသော အင်းဆက်ပိုးကောင်တစ်မျိုးဖြစ်၍ ရရှိနိုင်ချိန် ရောင်းရသော ဈေးကွက်တစ်ခုဖြစ်တယ်” ဟု ဘီလားဝယ်ရောင်းသူ မဇာက ပြောပါသည်။

Crd

Crd

arkarta