ဘီယာနှင့်ဒူရင်းသီး (၂) မွှာစားမိပြီး နောက် (၂) နာရီအကြာတွင် ရုတ်တရက် ဆုံးသွားတဲ့ ဖြစ်ရပ်

ဘီယာနှင့်ဒူရင်းသီး (၂) မွှာစားမိပြီး နောက် (၂) နာရီအကြာတွင် ရုတ်တရက် ဆုံးသွားတဲ့ ဖြစ်ရပ်..

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့တွင်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် စစ်သည် တပ်သားစူရိယာသည် ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ဘီယာ ၁ လုံးခွဲသောက်ပြီးနောက် ဒူးရင်းသီး ၂ မွှာစားပြီး နောက် ၂ နာရီခန့်အကြာတွင် ကုတင်ပေါ်တွင်ထိုင်နေရင်း ရုတ်တရက်မူးမိုက်ကာ အသက်ရှူကျပ်တယ်ဟုပြောဆိုပြီး လဲကျသေဆုံးသွားခဲ့ကြောင်းသိရသည်။

၄င်း၏ဇနီးဖြစ်သူ “နောင့်မင်း” ၏ပြောပြချက်အရ သူနှင့်ခင်ပွင်းဖြစ်သူတို့ဟာ ညနေပိုင်းက ရပ်ကွက်ရှိ စျေးတွင်စားစရာများနှင့်ဘီယာ ၂ လုံးဝယ်လာကြပါတယ် ၊ ခင်ပွန်းဖြစ်သူမှ ဒူးရင်းသီးစာချင်တယ်ဟုဆိုကာ ခင်ပွန်းဖြစ်သူကိုယ်တိုင်ဝယ်ခဲ့ပါတယ်။

အဲ့ဒီနောက်အိမ်မှာ ဘီယာထိုင်သောက်ပြီး ဒူးရင်းသီး ၂ မွှာကို ထိုင်းစားပြီး သိပ်မကြာဘူး ည ၁၀ နာရီ အချိန်မှာ ခေါင်းမူးတယ် ၊ မျက်စေ့တွေပြာလာတယ်လို့ပြောပြီး ချက်ချင်းလဲကျသွားတာဘဲ ၊ ယခင်ကလိုဘဲ နောက်ပြောင်ကျီဆယ်နေတာဘဲလို့ထင်သဖြင့် လှုပ်နိုးခဲ့ပေမယ့် မရတော့တဲ့အဆုံး အရေးပေါ်အဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ အသက်မရှ်ိတော့ဘူး လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူက ပြောသည်။

ဆရာဝန်ရဲ့စစ်ဆေးချက်အရ သေဆုံးသူမှာ ဘာရောဂါအခံမှ မရှိကြောင်း ၊ ဆေးစာအရ ရာသီဥတုပူပြင်းမှုကြောင့် ဦးဏှောက်သွေးကြောပေါက်ပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ် ။ ဘာဘဲဖြစ်ဖြစ် အပူချိန်မြင့်မားနေတဲ့အချိန်မှာ အစားအသောက်အနေအထိုင်လေးတွေကို သတိပြုကြဖို့လိုပါတယ် ၊ အခန့်မသင့်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ် ၊။

သောက်နိုင်တာသည် လူတော်မဟုတ်.. ရှောင်နိုင်ခြင်းသည်သာ လူတော်..

(Si Thu Maung)

Crd