ကဘူးလ်လေဆိပ်အတွက် လက်တုံ့ပြန်ဖို့အတွက် အာဖဂန်ကို ဗုံးကြဲလေယာဉ်တွေ စေလွှတ်လိုက်ပြီဖြစ်တဲ့ အမေရိကန်

ရုရှားစစ်တပ်ထောက်လှမ်းရေးတွေရဲ့ ပြောဆိုချက်အရ အမေရိကန်ဗုံးကြဲလေယာဉ် ( B-52 နဲ့ B-2 Spirit ) လေစီးဟာ အာဖဂန်ကို ထွက်ခွာသွားခဲ့ပြီး ကဘူးလ်လေဆိပ်တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ဖို့ ဖြစ်နိုင်ကြော င်း ဆိုပါတယ်။ဒီသတင်းကိုဖော်ပြခဲ့တဲ့ bulgarian military သတင်းဌာနက တရားဝင်အတည်မပြုနိုင်သေးဘူးလို့ ရေးသားဖော်ပြခဲ့ပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒင်ရဲ့ လက်တုံ့ပြန်မယ်လို့ ကြေညာချက်ကြောင့် ဖြစ်နိုင်ဖွယ်ရာ အများကြီးရှိတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ISIS-K အဖွဲ့က ကြေညာထားပြီး အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေကလည်း ကူညီပေးမယ်လို့ ပြောကြားထားပါတယ်။ ဘိုင်ဒင်ကတော့ “ISIS အကြမ်းဖက်တွေ အနိုင်ရမှာမဟုတ်ပါဘူး၊ အမေရိကန်တွေကို ကျွန်တော်တို့ ကယ်ထုတ်မယ်၊ မဟာမိတ်အာဖဂန်တွေကို ကယ်တင်ပေးမယ်၊ ပြီးရင်တော့ ကျွန်တော်တို့ မစ်ရှင်အတိုင်းလုပ်သွားမှာပါ” လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် ကဘူးလ်လေဆိပ်မှာ လိုအပ်တဲ့လုံခြုံရေးတွေအားလုံးလုပ်ဖို့ကိုလည်း ဘိုင်ဒင်က အားလုံးခွင့်ပြုချက်ပေးထားပြီးပြီလို့ သိရပါတယ်။ စစ်ဘက်ရေးရာကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်ဆင်မှုတွေကို မြင်တွေ့ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ အာဖဂန်မှာတင်မဟုတ်ဘဲ အီရတ် နဲ့ ဆီးရီးယားအတွင်းက IS တွေကိုပါ ပြင်းပြင်းထန်ထန်ချေမှုန်းလိမ့်မယ်လို့ သူတို့က ဆိုပါတယ်။

တချိန်တည်းမှာပဲ ရုရှားကလည်း သူတို့နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားအောက် လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဒုဥက္ကဌ Alexei Chepa က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ “အမေရိကန်နဲ့ တာလီဘန်တို့ကြား တပ်တွေရုတ်သိမ်းဖို့ သဘောတူညီမှုရထားတဲ့ကြားကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါ၊ ကဘူးလ်ပေါက်ကွဲမှုအပြီး ရုရှားကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုခြိမ်း ခြောက်တာတွေ ကြီးထွားလာပါတယ်’ လို့ သူက ဆိုပါတယ်။

ကဘူးလ်လေဆိပ်ပြင်ပက ဂိတ်တစ်ခုမှာ အသေခံဗုံးဖောက်ခွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းရာနဲ့ချီကာ သေဆုံးခဲ့ပြီး အမေရိကန်စစ်သား ၁၃ ဦးအထိ ပါဝင်ခဲ့ပါတယ်။ သေဆုံးသူစာရင်းက တိုးမြှင့်လာဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပြီး သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
႐ုရွားစစ္တပ္ေထာက္လွမ္းေရးေတြရဲ့ ေျပာဆိုခ်က္အရ အေမရိကန္ဗုံးၾကဲေလယာဥ္ ( B-52 နဲ႔ B-2 Spirit ) ေလစီးဟာ အာဖဂန္ကို ထြက္ခြာသြားခဲ့ၿပီး ကဘူးလ္ေလဆိပ္တိုက္ခိုက္ခံရမႈကို လက္တုံ႔ျပန္ဖို႔ ျဖစ္နိုင္ေၾကာ င္း ဆိုပါတယ္။ဒီသတင္းကိုေဖာ္ျပခဲ့တဲ့ bulgarian military သတင္းဌာနက တရားဝင္အတည္မျပဳနိုင္ေသးဘူးလို႔ ေရးသားေဖာ္ျပခဲ့ေပမယ့္လည္း သမၼတဂ်ိဳးဘိုင္ဒင္ရဲ့ လက္တုံ႔ျပန္မယ္လို႔ ေၾကညာခ်က္ေၾကာင့္ ျဖစ္နိုင္ဖြယ္ရာ အမ်ားႀကီးရွိတယ္လို႔လည္း ဆိုပါတယ္။

ဒီတိုက္ခိုက္မႈဟာ သူတို႔ရဲ့လက္ခ်က္ျဖစ္တယ္လို႔ ISIS-K အဖြဲ႕က ေၾကညာထားၿပီး အာဖဂန္ကို ထိန္းခ်ဳပ္ထားတဲ့ တာလီဘန္ေတြကလည္း ကူညီေပးမယ္လို႔ ေျပာၾကားထားပါတယ္။ ဘိုင္ဒင္ကေတာ့ “ISIS အၾကမ္းဖက္ေတြ အနိုင္ရမွာမဟုတ္ပါဘူး၊ အေမရိကန္ေတြကို ကၽြန္ေတာ္တို႔ ကယ္ထုတ္မယ္၊ မဟာမိတ္အာဖဂန္ေတြကို ကယ္တင္ေပးမယ္၊ ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ မစ္ရွင္အတိုင္းလုပ္သြားမွာပါ” လို႔ ေျပာၾကားထားပါတယ္။

ဒါ့အျပင္ ကဘူးလ္ေလဆိပ္မွာ လိုအပ္တဲ့လုံျခဳံေရးေတြအားလုံးလုပ္ဖို႔ကိုလည္း ဘိုင္ဒင္က အားလုံးခြင့္ျပဳခ်က္ေပးထားၿပီးၿပီလို႔ သိရပါတယ္။ စစ္ဘက္ေရးရာကၽြမ္းက်င္သူေတြနဲ႔ နိုင္ငံေရးေလ့လာသူေတြကေတာ့ အေမရိကန္ရဲ့ ေလေၾကာင္းထိုးစစ္ဆင္မႈေတြကို ျမင္ေတြ႕ရလိမ့္မယ္လို႔ သုံးသပ္ေနၾကပါတယ္။ အာဖဂန္မွာတင္မဟုတ္ဘဲ အီရတ္ နဲ႔ ဆီးရီးယားအတြင္းက IS ေတြကိုပါ ျပင္းျပင္းထန္ထန္ေခ်မႈန္းလိမ့္မယ္လို႔ သူတို႔က ဆိုပါတယ္။

တခ်ိန္တည္းမွာပဲ ႐ုရွားကလည္း သူတို႔နိုင္ငံတြင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ပြားလာမွာကို စိုးရိမ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။႐ုရွားေအာက္ လႊတ္ေတာ္နိုင္ငံတကာဆက္ဆံေရးေကာ္မတီဒုဥကၠဌ Alexei Chepa က ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။ “အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား တပ္ေတြ႐ုတ္သိမ္းဖို႔ သေဘာတူညီမႈရထားတဲ့ၾကားကေန အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့တာပါ၊ ကဘူးလ္ေပါက္ကြဲမႈအၿပီး ႐ုရွားကိုလည္း အၾကမ္းဖက္တိုက္ခိုက္မႈၿခိမ္း ေျခာက္တာေတြ ႀကီးထြားလာပါတယ္’ လို႔ သူက ဆိုပါတယ္။

ကဘူးလ္ေလဆိပ္ျပင္ပက ဂိတ္တစ္ခုမွာ အေသခံဗုံးေဖာက္ခြဲမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ လူေပါင္းရာနဲ႔ခ်ီကာ ေသဆုံးခဲ့ၿပီး အေမရိကန္စစ္သား ၁၃ ဦးအထိ ပါဝင္ခဲ့ပါတယ္။ ေသဆုံးသူစာရင္းက တိုးျမႇင့္လာဖြယ္ရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာဆိုထားၿပီး ေသဆုံးသူအမ်ားစုဟာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။