ဘာမှ မလုပ်လဲ Kpay နဲ့ Wave အကောင့်များ ပိတ်ခံနေရ၊ ပိတ်ခံရလျှင် အကောင့်ထဲကငွေ ပြန်မရ

ဘာမှ မလုပ်လဲ Kpay နဲ့ Wave အကောင့်များ ပိတ်ခံနေရ၊ ပိတ်ခံရလျှင် အကောင့်ထဲကငွေ ပြန်မရ






Post Views:
10

ဘာမှ မလုပ်လဲ Kpay နဲ့ Wave အကောင့်များ ပိတ်ခံနေရ၊ ပိတ်ခံရလျှင် အကောင့်ထဲကငွေ လုံးဝပြန်မရ..

ခုတလော ဖေ့စ်ဘွတ်လဲမသုံးဖြစ်တာ ကြာတော့ Kpay နဲ့ Wave Pay တွေရဲ့ဂယက်တွေကို ဘာမှမသိဘူး.. စနေနေ့က အမျိုးသား Wave Pay ရုတ်တရက် အပိတ်ခံလိုက်ရတယ်.. ငွေ ၉သိန်း ဝန်းကျင် ပါသွားတယ်.. အကြောင်းရင်းသိချင်လို့ Call Center ကိုဖုန်းဆက်မေးတော့ သူတို့မပိတ်ဘူး သူတို့မသိဘူး ဗဟိုဘဏ်က ပိတ်တာပါတဲ့..

ညီမတို့ Wave Money အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဘာရှိလဲမေးလိုက်တော့ Wave Pay acc ပိတ်ခံရတဲ့အပေါ် တာဝန်ယူမှုတာဝန်ခံမှု ဘာမှမရှိပါဘူးတဲ့.. ဘယ်တော့ပြန်ရမလဲ မသိသလို ပြန်ရမှာသေချာလားဆိုတာလဲ မသိပါဘူးတဲ့.. အသံဖိုင်ပါသိမ်းထားပါတယ်..

ဒီနေ့ကျတော့ Kpay Acc အပိတ်ခံရတယ်.. KBZ ကန်တော်လေး ဘဏ်ခွဲကနေ Kpay Agent လိုင်စင်ယူထားတာမို့ အဲဘဏ်ကိုဖုန်းဆက်မေးလိုက်တော့ ပိတ်တာလဲသူတို့မသိဘူး ပါသွားတဲ့ပိုက်ဆံပြန်ရမလားဆိုတာလဲ မသိပါဘူးတဲ့.. Kpay Agent လုပ်နေတာလဲ ၂ နှစ်ရှိပါပြီ ခုလို Agent တွေကိုလုပ်နေယင် သာမာန် ကုန်သည်တွေ အတွက်တော့မတွေးရဲစရာပါ.. ကိုယ်တွေက Wave Money Agent လုပ်နေတာ ၅ နှစ်ရှိပြီး လက်ရှိလဲလုပ်နေတာပါ.. (Ywat Hlwint)

Kpay ဖြင့် အသုံးပြုသူများ အထူးသတိပြုရန် Kpay level 2 တွေတောင် ပိတ်ခံနေရတာတွေ တွေ့နေရပါပြီနော်.. Lv2 လဲပိတ်ပါတယ် ဆင်းကတ်အမည်ပေါက် Kpay KYC တူလဲ မရပါဘူး ပိတ်ချင်တဲ့ချိန် ထပိတ်ပါတယ်။

အဓိကက ငွေအဝင်ထွက်များရင် မသင်္ကာမှုနဲ့ ပိတ်တဲ့သဘောပါ.. ပိတ်ခံရရင် ငွေလုံးဝပြန်မရပါဘူးလို့လဲ သတင်းရထားပါတယ်။

ယခုအခါ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများက Kpay နှင့် Wave Money အကောင့်များ အသုံးပြုမှုကို ငွေလဲစျေးကွက်နှင့် ဟွန်ဒီစျေးကွက်တွင် ရပ်ဆိုင်လိုက်ပြီး CB Pay နှင့် UAB Pay ဘက်သို့ ပြောင်းလဲ အသုံးပြုလာကြောင်း၊ စစ်တပ်က တိုက်ရိုက်ပါဝင်ပတ်သက်နေသော ဘဏ်များအသုံးပြုစေရေး စကစဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပုံရသည်ဟု သုံးသပ်ပြောဆိုနေကြသည်။

Crd




Crd

arkarta