ဘင်္ဂလားဒေ့ရှ်၌ မင်္ဂလာပွဲကျင်းပနေစဉ် မိုးကြိုးပစ်ချ၊ ၁၇ ဦးသေဆုံး၍ အများအပြားဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်၌ မင်္ဂလာပွဲကျင်းပနေစဉ် မိုးကြိုးပစ်ချ၊ ၁၇ ဦးသေဆုံး၍ အများအပြားဒဏ်ရာရ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေက ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းဒေသမှာ မင်္ဂလာဆောင်ကျင်းပနေစဉ်အတွင်း မိုးကြိုးပစ်ချ လိုက်လို့ လူ ၁၇ ဦးသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Chapainawabganj ပြည်နယ်ရဲ့ Shibganj upazila ဒေသရှိ Padma မြစ်ကမ်းပါးမှာ မင်္ဂလာပွဲကိုကျင်းပနေကြတာပါ။ လှေပေါ်ကနေ မြစ်ကိုဖြတ်ကူးနေတဲ့ သူတွေထဲ ၈ ဦးလည်း ထိခိုက်မှုမှာပါဝင်ခဲ့ တယ်လို့ Shibganj ရဲစခန်းမှ တာဝန်ခံအရာရှိဖြစ်သူ Md Farid Hossain က Anadolu သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။
အဆိုပါအုပ်စုဟာ နောက်ထပ်မိုးကြိုးမပစ်ချမီ ခိုလှုံရာနေရာတစ်ခုကို ထွက်ပြေးကြတာပါ။ ရဲဌာနအနေနဲ့ စုံစမ်းစစ် ဆေးမှုတွေပြုလုပ်ချက်အရ အမျိုးသား ၅ ဦးနဲ့အမျိုးသမီး ၁၂ ဦး ပေါင်း ၁၇ ဦးသေဆုံးခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

မြေနိမ့်ပိုင်းဒေသမှာ နေထိုင်တဲ့သူတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ထိခိုက်သေဆုံးမှုများပြားလာ နေသလို တဆက်တည်းမှာပဲ တောင်အာရှနိုင်ငံတွေမှာလည်း မကြာသေးမီနှစ်များက လူဦးရေတဟုန်ထိုး တိုးပွား လာနေတာလည်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ယခုနှစ်ရဲ့ ဇွန်လအတွင်းမှာ မိုးကြိူပစ်မှုကြောင့် လူပေါင်း ၂၀၁ ဦးသေဆုံးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာဆိုရင် ၂၄၇ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မုတ်သုံရာသီအတွင်း ပြင်းထန်သောမုန်တိုင်းများနှင့်မိုးကြိုးပစ်မှုတွေဟာ ကမ္ဘာပေါ်မှာ တတိယမြောက်မိုးကြိုးပစ်ခံရမှုအများဆုံးဒေသအဖြစ် ဘင်္ဂလားဒေ့ရှ့်ကို သတ်မှတ်ထားကြတယ်လို့ သိရှိရပါတယ်။

Ref-Anews
khekcaihmedia
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ယခုနှစ်ရဲ့ ဇွန်လအတွင်းမှာ မိုးကြိုပစ်မှုကြောင့် လူပေါင်း ၂၀၁ ဦးသေဆုံးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာဆိုရင် ၂၄၇ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Ref-Anews
khekcaihmedia