အရမ်းအန္တရာယ်ရှိတဲ့ချဉ်းကပ်မှု့ဘဲ တရုတ်ရေတပ် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စီးဟာ ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စုနောက်ကို လိုက်နေ

ဗြိတိန် လေယာဉ်တင်သင်္ဘောအုပ်စု CSG အစောင့်လိုက် ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးမှ အရှေ့-ပစိဖိတ်သမုဒ္ဒရာတွင် တရုတ် နျူကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီးကို ခြေရာခံထောက်လှမ်းတွေ့ရှိခဲ့ဟုဆို

တောင်တရုတ်ပင်လယ်မှထွက်ခွာပြီး အရှေ့-ပစိဖိတ်သမုဒ္ဒရာသို့ ရွက်လွှင့်နေသော ဗြိတိန်တော်ဝင်ရေတပ်ရဲ့ HMS Kent နှင့် HMS Richmond ဖရီးဂိတ်နှစ်စီး၏ ရေအောက်ထောက်လှမ်းရေး Sonar အော်ပရေတာများမှ တရုတ်ရေငုပ်သင်္ဘောနှစ်စီးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းရေငုပ်သင်္ဘောတွေဟာ ခရုဇ်ဒုံးကျည်တွေတပ်ဆင်ထားပြီး တန်ချိန် ၇၀၀၀ ရှိတဲ့ တရုတ်ရဲ့ Type 093 Shang-class (nuclear-powered attack submarine) နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စီးဖြစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံအရာရှိများက အတည်ပြုခဲ့ပါတယ်။

အဆိုပါ တရုတ်ရေတပ် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စီးဟာ ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စုနောက်ကို လိုက်နေကြောင်းထပ်မံအတည်ပြုခဲ့ပြီးနောက် ၎င်းရေငုပ်သင်္ဘောများရဲ့ လုပ်ရှားမှုတွေကို အချိန် ၆ နာရီကျော်အထိ စောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။

Defence_Hub
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





Defence_Hub