ဗြိတိန်တော်၀င်ရေတပ်က တိရိစ္ဆာန်အသွင်ပြင် ဒီဇိုင်း ထူးခြားသော ရေငုပ်သင်္ဘောကို စိတ်ဝင်စားနေ

ဗြိတိန်တော်၀င်ရေတပ်က တိရိစ္ဆာန်အသွင်ပြင် ဒီဇိုင်း ထူးခြားသော ရေငုပ်သင်္ဘောကို စိတ်ဝင်စားနေ

Royalရေတပ်ဟာ ငါးလိပ်ကျောက်၊ပင်ဂွင်း၊လိပ်စတဲ့ ရေထဲကူးခတ်တဲ့ ရေသတ္တဝါတွေကို ကိုးကားကာ တီထွင်ထား‌ သောတွန်းကန်စနစ်ပါဝင်သည့် ရေအောက်သုံးယာဉ်ရဲ့ တည်ဆောက်ပုံ အဆင့်အဆင့်ရဲ့ အချက်အလက်‌ တွေကိုတောင်းခံခဲ့ပါတယ်၊

ယင်းဥပမာပုံတွေကတော့ ရေအောက်တွင်လင်းပိုင်တကောင်ကူးခတ်နေသကဲ့သို့ သို့မဟုတ် ပင်လယ်မြွေတကောင် ရေထဲကူးလူးနေသလိူ စစ်ရေးလေ့ကျင့်ထားတဲ့ပုံဖြစ်ပါတယ်၊

Royal ရေတပ်ဟာ နဂိုရှိပြီးသား နည်းပညာကို အနာဂတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အမြင်သစ်အဖြစ် နားလည်စေဖို့ရည်ရွယ်၍ တင်ပြထားတာဖြစ်ပါတယ်လို့ RFI က ထောက်ပြထားပါတယ်၊

RFI ဟာ အကျိုးရလဒ် ၄မျိုးရရှိရန် မျှော်မှန်းထားတာတွေ့ရပါတယ်

၁. ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်ပေါ်မှုတွေကတဆင့် လက်ရှိနဲ့အနာဂတ်နည်းပညာများကို အသေးစိတ်နားလည်ရန်

၂. စက်ရုံများတွင်အသုံးပြုသော ယခုနည်းပညာအား အသေးစိတ် သိရှိရန်

၃.စက်ရုံရဲ့ လုပ်ငန်းစွမ်းဆောင်ရည် နဲ့ MODရဲ့ လိုအပ်ချက်ကို ညှိနှိုင်းရန်နှင့် ဝယ်ယူရန်

၄.တီထွင်ဆန်းသစ်သော ဧရိယာအတွင်း စွမ်းဆောင်ရည်မြင့်တင်နိုင်မည့် ဖွံ့ဖြိုးရေးဗျူဟာသစ်ကို ဖန်တီးရန်

RFI ဟာ သတင်းအချက်အလက်တွေကို စုဆောင်းနေပြီး စက်ရုံနဲ့ ဆွေးနွေးမှုတွေမပြုလုပ်တော့ဖို့စီစဉ်ထားပေမယ့်အနာဂတ်တွင် ဝယ်ယူမှုလုပ်ငန်းစဉ်တွေကိုဝယ်ယူမှုဆိုင်ရာ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းစာချုပ်စာတမ်းနှင့်အညီကြေညာသွားမှာဖြစ်ပါတယ်၊

2017ခုနှစ်တုန်းက Royal ရေတပ်ဟာ ရေသတ္တဝါ ပုံစံတွေကို တုပကာ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတွေကိုထုတ်ဖော်ပြခဲ့ပြီး နှစ်ငါးဆယ်အတွင်း ရေအောက်စစ်ဆေးရေးနည်းလမ်းများကိုပြောင်းလဲပါလိမ့်မယ်၊

ငါးလိပ်ကျောက်ပုံစံ ထောက်လှမ်းရေးသင်္ဘောနှင့် ငါးရှည့်ပုံစံ သင်္ဘောတို့တွင် ရန်သူထောက်လှမ်းခြင်းမှ ရှောင်နိုင်ရန် အာရုံခံစနစ်နဲ့ ရန်သုရဲ့ပစ်မှတ်ကို ဝိုင်းရန် ငါးပုံစံတော်ပီဒိုကို တပ်ဆင်ထားကာ အနာဂတ်ရေအောက် စစ်ဆင်ရေးယူဆချက်တွေကိုပြောင်းလဲပစ်ရန်ရည်ရွယ်ထားပါတယ်၊ဗြိတန် ရဲ့ အတော်ဆုံးနဲ့ အကျော်ကြားဆုံး အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင်တွေ ဟာ Royal ရေတပ်ကိုစိန်ခေါ်၍ ဆယ်စုနှစ်အတွင်း ဗြိတိန်ရဲ့ လုံခြုံရေးအတွက် ဘယ်လိုရေငုပ်သင်္ဘောမျိုးကို အသုံးပြုရမလဲ စဉ်းစားကာ ဒီဇိုင်းတီထွင်ခဲ့ပါတယ်၊
write:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

zawgyi
ဗြိတိန်တော်ဝင်ရေတပ်က တိရိစ္ဆာန်အသွင်ပြင် ဒီဇိုင်း ထူးခြားသော ရေငုပ်သင်္ဘောကို စိတ်ဝင်စားနေနေ


ယင်းဥပမာပုံတွေကတော့ ရေအောက်တွင်လင်းပိုင်တကောင်ကူးခတ်နေသကဲ့သို့ သို့မဟုတ် ပင်လယ်မြွေတကောင် ရေထဲကူးလူးနေသလို စစ်ရေးလေ့ကျင့်ထားတဲ့ပုံဖြစ်ပါတယ်၊






၎.တီထွင်ဆန်းသစ်သော ဧရိယာအတွင်း စွမ်းဆောင်ရည်မြင့်တင်နိုင်မည့် ဖွံ့ဖြိုးရေးဗျူဟာသစ်ကို ဖန်တီးရန်



write:Evelyn
