ဗြိတိန်စစ်သချိုင်းကိုစောင့်ရှောက်ရင်း သစ္စာတရားရဲ့ ပြယုဂ်ကို အသက်နဲ့ရင်းပြသမယ့် အာဖဂန်ဥယျာဉ်မှူး

ဗြိတိန်စစ်သချိုင်းကိုစောင့်ရှောက်ရင်း သစ္စာတရားရဲ့ ပြယုဂ်ကို အသက်နဲ့ရင်းပြသမယ့် အာဖဂန်ဥယျာဉ်မှူး

အာဖဂန်မှာကျဆုံးခဲ့တဲ့ ဗြိတိန်စစ်သားတွေရဲ့ စစ်သချိုင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အာဖဂန်လူမျိုး Brave Ainullah Rahimi က သူ့အသက်သေသည့်တိုင်အောင် စစ်သချိုင်းမြေနေရာကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။အသ က် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ainullah က တာလီဘန်တွေရန်ရှိနေပေမယ့်လည်း သူ့တာဝန်ကို ကျေပွန်စေရမယ်လို့ ကတိပြုလိုက်တာပါ။

ကဘူးလ်မြို့တွင်းမှာ တည်ဆောက်ထားတဲ့ စစ်သချိုင်းမှာ ကျဆုံးဗြိတိန်စစ်သားတွေရဲ့ နာမည်နဲ့ ကျဆုံးခဲ့တဲ့ နေ့ရက်တွေကို အနက်ရောင်ကျောက်ပြားပေါ်မှာ ရေး သားထားတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ အာဖဂန်ကနေ ဗြိတိန်တပ်ဖွဲ့တွေလည်း ရုတ်သိမ်းပြီးနောက်မှာ ထိန်းသိမ်းစောင့်ရှောက်ပေးမယ့်သူအဖြစ် Ainullah ကျန်နေရစ်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော်အသက်ရှင်နေသရွေ့တော့ ဒီသင်္ချိုင်းနဲ့ အထိမ်းအမှတ်တွေကို စောင့်ရှောက်သွားမှာပါ၊ တကယ်လို့ တာလီဘန်တွေ ဒီကိုရောက်လာမယ်ဆိုရင်လည်း ငါ့အလုပ်ငါလုပ်နေတာလို့ပဲ ကျွန်တော်ပြောလိုက်မှာပါ၊ ကျွန်တော့်အသက်ရှင်နေသရွေ့တော့ ကျွန်တော့်အလုပ်၊ ကျွန်တော်လုပ်သွားမှာပဲ” လို့ သူက ပြောဆိုခဲ့ပါတယ်။

သူနဲ့ဝမ်းကွဲညီအကိုတော်စပ်တဲ့ အသက် ၃၈ နှစ်အရွယ် Abdul Samay ဟာလည်း သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ဗြိတိန်ကိုထွက်ပြေးလွတ်မြောက်သွားတဲ့အချိန်ထိ ဒီနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။ The Sun နဲ့ တွေ့ဆုံခဲ့မှုမှာ Abdul က “ကျွန်တော် ဗြိတိန်အတွက် အလုပ်လုပ်ပေးခဲ့တာ လူတိုင်းသိပါတယ်၊ ကျွန်တော့်ကို တာလီဘန်တွေ အပြစ်ပေးမှာကို ကြောက်ရွံ့ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီမတိုင်ခင်ကတော့ Samay ရဲ့ ဖခင်ဖြစ်သူ Rahimullah က ဒီအလုပ်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။သူကတော့ ၂၀၂၀ မှာ သေဆုံးခဲ့ပြီး Abdul Samay ရဲ့ အစ်ကိုဖြစ်သူ Saboor ကလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့ပါတယ်။ Saboor က “ဒီသချိုင်းမြေပေါ်မှာပဲ ကျွန်တော်တို့ ကြီးပြင်းအရွယ်ရောက်ခဲ့တာပါ၊ စပျစ်နွယ်ပင်၊ မက်မွန်ပင်၊ Plum ပင်တွေ၊ ဗာဒံပင်နဲ့ ပိုးစာချုံတွေကို စိုက်ပျိုးပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ မုတ်ဆိတ်တွေမီးခိုးရောင်သမ်းလာချိန်ထိပါပဲ” လို့ သူက ဆိုပါတယ်။

“တာလီဘန်တွေကို ကျွန်တော်တို့ ကြောက်တာပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်တို့အသက်တွေက ကြီးရင့်နေပါပြီ၊ ဒီကထွက်သွားဖို့က မဖြစ်နိုင်တော့ပါဘူး၊ ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်ရတော့မှာပါ” လို့ သူက ထပ်ပြောသွားခဲ့ပါတယ်။ The Sun ကတော့ ဗြိတိန်စစ်သချိုင်းကို ကာကွယ်ပေးမယ်လို့ ဆိုခဲ့တဲ့ အာဖဂန်လူမျိုး Ainullah Rahimi ကို သူရဲကောင်းတစ်ဦးလို တင်စားသုံးနှုန်းကာ ရေးသားဖော်ပြခဲ့ပါတယ်။…

TRNs

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ၿဗိတိန္စစ္သခ်ိဳင္းကိုေစာင့္ေရွာက္ရင္း သစၥာတရားရဲ့ ျပယုဂ္ကို အသက္နဲ႔ရင္းျပသမယ့္ အာဖဂန္ဥယ်ာဥ္မႉး

အာဖဂန္မွာက်ဆုံးခဲ့တဲ့ ၿဗိတိန္စစ္သားေတြရဲ့ စစ္သခ်ိဳင္းကို ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတဲ့ အာဖဂန္လူမ်ိဳး Brave Ainullah Rahimi က သူ႔အသက္ေသသည့္တိုင္ေအာင္ စစ္သခ်ိဳင္းေျမေနရာကို ကာကြယ္ေစာင့္ေရွာက္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။အသ က္ ၅၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Ainullah က တာလီဘန္ေတြရန္ရွိေနေပမယ့္လည္း သူ႔တာဝန္ကို ေက်ပြန္ေစရမယ္လို႔ ကတိျပဳလိုက္တာပါ။

ကဘူးလ္ၿမိဳ႕တြင္းမွာ တည္ေဆာက္ထားတဲ့ စစ္သခ်ိဳင္းမွာ က်ဆုံးၿဗိတိန္စစ္သားေတြရဲ့ နာမည္နဲ႔ က်ဆုံးခဲ့တဲ့ ေန႔ရက္ေတြကို အနက္ေရာင္ေက်ာက္ျပားေပၚမွာ ေရး သားထားတာကို ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။ အာဖဂန္ကေန ၿဗိတိန္တပ္ဖြဲ႕ေတြလည္း ႐ုတ္သိမ္းၿပီးေနာက္မွာ ထိန္းသိမ္းေစာင့္ေရွာက္ေပးမယ့္သူအျဖစ္ Ainullah က်န္ေနရစ္ခဲ့တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ္အသက္ရွင္ေနသေရြ႕ေတာ့ ဒီသခၤ်ိဳင္းနဲ႔ အထိမ္းအမွတ္ေတြကို ေစာင့္ေရွာက္သြားမွာပါ၊ တကယ္လို႔ တာလီဘန္ေတြ ဒီကိုေရာက္လာမယ္ဆိုရင္လည္း ငါ့အလုပ္ငါလုပ္ေနတာလို႔ပဲ ကၽြန္ေတာ္ေျပာလိုက္မွာပါ၊ ကၽြန္ေတာ့္အသက္ရွင္ေနသေရြ႕ေတာ့ ကၽြန္ေတာ့္အလုပ္၊ ကၽြန္ေတာ္လုပ္သြားမွာပဲ” လို႔ သူက ေျပာဆိုခဲ့ပါတယ္။

သူနဲ႔ဝမ္းကြဲညီအကိုေတာ္စပ္တဲ့ အသက္ ၃၈ ႏွစ္အရြယ္ Abdul Samay ဟာလည္း သယ္ယူပို႔ေဆာင္ေရးေလယာဥ္နဲ႔ ၿဗိတိန္ကိုထြက္ေျပးလြတ္ေျမာက္သြားတဲ့အခ်ိန္ထိ ဒီေနရာကို ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့တယ္လို႔ သိရပါတယ္။ The Sun နဲ႔ ေတြ႕ဆုံခဲ့မႈမွာ Abdul က “ကၽြန္ေတာ္ ၿဗိတိန္အတြက္ အလုပ္လုပ္ေပးခဲ့တာ လူတိုင္းသိပါတယ္၊ ကၽြန္ေတာ့္ကို တာလီဘန္ေတြ အျပစ္ေပးမွာကို ေၾကာက္ရြံ့ခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒီမတိုင္ခင္ကေတာ့ Samay ရဲ့ ဖခင္ျဖစ္သူ Rahimullah က ဒီအလုပ္ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ လုပ္ကိုင္ခဲ့တယ္လို႔ ဆိုပါတယ္။သူကေတာ့ ၂၀၂၀ မွာ ေသဆုံးခဲ့ၿပီး Abdul Samay ရဲ့ အစ္ကိုျဖစ္သူ Saboor ကလည္း ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးခဲ့ပါတယ္။ Saboor က “ဒီသခ်ိဳင္းေျမေပၚမွာပဲ ကၽြန္ေတာ္တို႔ ႀကီးျပင္းအရြယ္ေရာက္ခဲ့တာပါ၊ စပ်စ္ႏြယ္ပင္၊ မက္မြန္ပင္၊ Plum ပင္ေတြ၊ ဗာဒံပင္နဲ႔ ပိုးစာခ်ဳံေတြကို စိုက္ပ်ိဳးေပးခဲ့ၿပီး ကၽြန္ေတာ္တို႔ရဲ့ မုတ္ဆိတ္ေတြမီးခိုးေရာင္သမ္းလာခ်ိန္ထိပါပဲ” လို႔ သူက ဆိုပါတယ္။

“တာလီဘန္ေတြကို ကၽြန္ေတာ္တို႔ ေၾကာက္တာေပါ့ဗ်ာ၊ ဒါေပမယ့္ ကၽြန္ေတာ္တို႔အသက္ေတြက ႀကီးရင့္ေနပါၿပီ၊ ဒီကထြက္သြားဖို႔က မျဖစ္နိုင္ေတာ့ပါဘူး၊ ဘာေတြျဖစ္လာမလဲဆိုတာကိုပဲ ေစာင့္ရေတာ့မွာပါ” လို႔ သူက ထပ္ေျပာသြားခဲ့ပါတယ္။ The Sun ကေတာ့ ၿဗိတိန္စစ္သခ်ိဳင္းကို ကာကြယ္ေပးမယ္လို႔ ဆိုခဲ့တဲ့ အာဖဂန္လူမ်ိဳး Ainullah Rahimi ကို သူရဲေကာင္းတစ္ဦးလို တင္စားသုံးႏႈန္းကာ ေရးသားေဖာ္ျပခဲ့ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။