ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်လွန်းတာကြောင့် ဗုဒ္ဓဘာသာပြန့်ပွါး အောင် ကူညီပေးနေတဲ့ အီတလီနိုင်ငံသူလေး ဂေါတမီရတနာရဲ့ ဆံချမင်္ဂလာပွဲ ပုံရိပ်လေးများ ( ဗီဒီယိုဖိုင်ပါဝင်ပါသည်။ )
အီတလီနိုင်ငံသူလေး ဂေါတမီရတနာရဲ့ ဆံချမင်္ဂလာအီတလီနိုင်ငံသူလေး ဂေါတမီရတနာဟာ တိုင်းတစ်ပါးသူလေး ဖြစ်ပါလျက် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်လွန်းတာကြောင့် ဗုဒ္ဓဘာသာပြန့်ပွါးအောင် နိုင်ငံခြားဘာသာစကားနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ သူလေး ဖြစ်ပါတယ်။ အီတလီနိုင်ငံသူလေး ဂေါတမီရတနာဟာ
မေလ ၆ ရက်နေ့တုန်းက မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဂေါတမီရတနာက သူမရဲ့ အစီအစဉ်လေးအတိုင်း သာသနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဂေါတမီရတနာဟာ သူမ တည်းခိုရာ
ရိပ်သာမှာပဲ ဆံချမင်္ဂလာပြုကာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂေါတမီရတနာလေးက ဒီကနေ့ မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ ဆံချပွဲပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာဖော်ပြပေးလာပါတယ်။ တည်ငြိမ်အေးချမ်းပြီး မြင်ရသူတိုင်းကို
စိတ်ချမ်းသာသွားစေတဲ့ ဂေါတမီရတနာရဲ့ ဆံချမင်္ဂလာပွဲ ပုံရိပ်လေးတွေကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။
crd-
ယူနီကုတ်
crd