ဖခင်ကို အသက်ကယ်ဖို့ နို့တိုက်ကျွေးခဲ့သူရဲ့ ဖြစ်ရပ်မှန် ပန်းချီကား

Post Views:
517
ဖခင်ကို အသက်ကယ်ဖို့ နို့တိုက်ကျွေးခဲ့သူရဲ့ ဖြစ်ရပ်မှန် ပန်းချီကား
အကျဉ်းခန်းအတွင်း အဘိုးအိုတစ်ဦးကို နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ သရုပ်ကို ဖော်ကျူးထားခဲ့တဲ့ ဤပန်းချီကားကို မကြာသေးမီက ယူရို သန်း ၃၀ ဖြင့် ရောင်းချခဲ့ရပါတယ်။
ပန်းချီကားကို ကြည့်မယ်ဆိုရင်တော့ အများပြည်သူငှာ အမြင် မသင့်လျှော်တဲ့ ပုံပေါက်နေခဲ့ပေမဲ့ ဒီပန်းချီကားရဲ့ နောက်ကွယ်က ဇာတ်လမ်းဟာတော့ စာဖတ်သူတွေရဲ့ နှလုံးသားကို ထိထိမိမိနဲ့ လှုံ့ဆော်ပေးပါလိမ့်မယ်။
ဒီပန်းချီကားက ဖြစ်ရပ်မှန်ကို အခြေပြု ပုံဖော်ထားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာလည်း စာဖတ်သူတို့အတွက် စိတ်နှလုံး ထိရှစေမှာပါ။
ဖြစ်ရပ်လေးမှာတော့ ပေါင်မုန့်တစ်ချပ်ကို ခိုးယူမိတာကြောင့် ဒဏ်ခတ်တဲ့အနေနဲ့ အစာငတ်သေအောင် ထောင်သွင်း အကျဉ်းချခံရတဲ့ ဖခင်ကို သမီးဖြစ်သူက အသတ်မသေအောင် စောင့်ရှောက်ခဲ့ပုံပါပဲ။
အဖေနာမည်က ဆိုင်မွန်လို့ခေါ်ပြီး သမီးနာမည်ကတော့ ပီရိုပါ။ သူ့အဖေကို လာတွေ့ခွင့်ရတာ ပီရို တစ်ယောက်တည်း ရှိတယ်။
ပီရိုကလည်း အစားအစာတွေကို ဝှက်ယူလာပြီး အဖေ့ကိုကျွေးလို့ မိခဲ့ရင် တွေ့ခွင့်ပိတ်ခံရမှာ စိုးရိမ်တယ်။
ဒါပေမဲ့ အဖေကို ချစ်တဲ့စိတ်၊ အဖေ့အသက်ကို ကယ်ပေးချင်တဲ့စိတ်ကြောင့် နောက်ဆုံးတော့ သူ့အဖေကို လာတွေ့တဲ့ နေ့ရက်တိုင်းမှာ နို့တိုက်ကျွေးခဲ့တယ်။
အဲဒီလိုနဲ့ ၄ လ အကြာမှာတော့ ပြစ်ဒဏ်ချမှတ်ခံရသူ အဆိုပါအမျိုးသားဟာ ကိုယ်အလေးချိန် မလျော့သေးဘဲ အသက်ရှင်နေသေးချိန်မှာတော့ အာဏာပိုင်များကလည်း မသင်္ကာဖြစ်ခဲ့ကြပြီး ပီရုကို စူးစမ်းလေ့လာခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ အာဏာပိုင်တွေလည်း ပီရိုရဲ့ နို့တိုက်ကျွေးတဲ့ အပြုအမူကို သိရှိခဲ့ကြပြီး အဖြစ်မှန်အပေါ် လွန်စွာအံ့အားသင့်သွားခဲ့ကြသလို ဖခင်ဖြစ်သူကို အခုလိုမျိုး ပြုလုပ်ခဲ့တာအတွက်လည်း ပီရိုဟာ တရားစွဲခံလိုက်ရပါတော့တယ်။
ဒါပေမဲ့လည်း တရားခွင်မှာတော့ ပီရိုရဲ့ သူမ ဖခင်အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ကို သိရှိနားလည်ထားတဲ့ တရားသူကြီးဟာ စိတ်နှလုံး ပျော့ပျောင်းလာခဲ့ပြီး နောက်ဆုံးမှာတော့ သားအဖ နှစ်ယောက်လုံးကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ သားအဖနှစ်ယောက်လည်း အသက်ဘေးတွေမှ ကိုယ်စီ လွတ်မြောက်လာခဲ့ရပြီး မေတ္တာတရားဟာ နောက်ဆုံးမှာတော့ တရားသူကြီးနဲ့ အာဏာပိုင်တို့ကို အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။
ဒီအကြောင်းကို လက်တင်စာရေးဆရာ ဗယ်လာရီယက်စ် မက်ဆီမက်က Nine Books of Memorable Acts and Sayings of the Ancient Romans မှာ ရေးသားခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ဥရောပရဲ့ပန်းချီဆရာတွေက ၁၇ ရာစုနဲ့ ၁၈ ရာစုအတွင်း အမျိုးမျိုးပုံဖော် ရေးဆွဲခဲ့ကြဖူးပါတယ်။
Roman Kindness လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကိုတော့ ပြင်သစ်နိုင်ငံမှာ လူဝီ(၁၄)ဘုရင် အုပ်ချုပ်ခဲ့တဲ့ကာလမှာ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ရှေးခေတ်ရိုမန်တွေရဲ့ကျင့်ဝတ်ဆိုင်ရာ စံနမူနာတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။
Knight News Team
Crd
Crd