ပြေးလမ်းတိုဖြင့် အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ပိုမြင့်မားတဲ့ မောင်းသူမဲ့လေယာဉ်သစ် Mojave

General Atomics Aeronautical Systems ကုမ္ပဏီက မျက်နှာပြင်ညီညာချောမွေ့မှုမရှိတဲ့ ပြေးလမ်းတွေအပါအ၀င် ၁၅၂ မီတာ (ပေ ၅၀၀) ရှိတဲ့ လေယာဉ်ပြေးလမ်းမှာ အတက်/အဆင်း ပြုလုပ်နိုင်တဲ့ တာဝေးပျံသန်းနိုင်စွမ်းရှိသော မောင်းသူမဲ့လေယာဉ် အသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Flight Global သတင်းစာမျက်နှာဖော်ပြချက်တွေအရ အဆိုပါ Mojave မောင်းသူမဲ့လေယာဉ်ဟာ မျက်နှာပြင်ညီညားချောမွေ့မှုမရှိတဲ့နေရာတွေ ၊သဲသောင်ပြင်တွေ၊ရေခန်းခြောက်ပြီး မျက်နှာပြင်ကြမ်းတမ်းနေတဲ့ မြစ်ကြမ်းပြင်နေရာတွေနဲ့ အခြားသော ပုံစံကွဲပြားနေတဲ့ ပြေးလမ်းတွေလိုမျိုးနေရာတွေမှာ ပြေးလမ်း အတက်/အဆင်း ပြုလုပ်နိုင်ဖို့အထိ ဒီဇိုင်းရေးဆွဲထားတဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီမောင်းသူမဲ့လေယာဉ်များ ပြည်ပ‌ စေလွှတ်ထားတဲ့ တပ်ဖွဲ့တွေအတွက်၊ သို့မဟုတ် ရေတပ်စစ်ဆင်ရေးတာဝန်များအပြင် အထူးစစ်ဆင်ရေးတာဝန်များအတွက်လဲ အသုံးပြုဖို့ဖြစ်တယ်လို့ GA-ASI သတင်းစာမျက်နှာမှာ ဖော်ပြထားပါ တယ်။

Ceneral Atomics ကုမ္ပဏီဟာ ယခုနွေရာသီက ပြေးလမ်းတိုမှာ အတက်/အဆင်းပြုလုပ်နိုင်တဲ့ (STOL) မောင်းသူမဲ့ လေယာဉ်ရှေ့ပြေးနမူနာ ပုံစံတစ်စင်းကို စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ပါတယ်။

အဲဒီ STOL လေယာဉ်က Avionic နဲ့ ပျံသန်းထိန်းချုပ်ရေးစနစ်တွေကို အမေရိကန်လေတပ်ဖွဲ့ရဲ့ MQ-9 Reapter နဲ့ အမေရိကန်ကြည်းတပ်ဖွဲ့ရဲ့ MQ-1C Gray Extend Range မောင်းသူမဲ့လေယာဉ် တွေကနေယူပြီး အသုံးပြုထားတာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ကိုတော့ နောက်ပိုင်းထွက်ရှိတဲ့ မော်ဒယ်တွေအတိုင်း တည်ဆောက်ထားပါတယ်။

ပြေးလမ်းတိုမှာ အတက်/အဆင်းပြုလုပ်နိုင်စွမ်းရှိဖို့ ဒီဇိုင်း ရေးဆွဲထားတဲ့ အဲဒီ ဒီဇိုင်းပုံစံရဲ့ ရည်ရွယ်ချက်ဟာ Mojave မောင်းသူမဲ့လေယာဉ်အနေနဲ့ အမေရိကန်ရေတပ်ရဲ့ နျူးကလီးယား စွမ်းအင်သုံးလယာဉ်တင်သင်္ဘောတွေ၊ သို့မဟုတ် အမေရိကန် မရိန်းတပ်ဖွဲ့တွေ မကြာခဏအသုံးပြုလေ့ရှိတဲ့ ကုန်း/ရေနှစ်သွယ် သွားတိုက်ခိုက်ရေးရေယာဉ်တွေမှာပါ အသုံးပြုနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

အဲဒီ မောင်းသူမဲ့လေယာဉ်မှာ ပြေးလမ်းတိုနဲ့ အတက်/အဆင်းပြုလုပ်နိုင်ဖို့အတွက် အရွယ်အစား ကြီးမားတဲ့တောင်ပံတွေကို အသုံးပြုထားပြီး မြင်းကောင်ရေ ၄၅၀ (366 kW) တာဘိုအင်ဂျင်ကို အသုံးပြုထားတာကြောင့် ဝေဟင်မှာ ၂၅ နာရီကြာ ပျံသန်းသွားနိုင်မှာ ဖြစ်ပါတယ်။

Mojave မောင်းသူမဲ့လေယာဉ်မှာ အလေးချိန် ၁၆၃၀ ကီလိုဂရမ် (၃၆၀၀ ပေါင်)ရှိတဲ့ ဝန်ကို သယ်ဆောင်နိုင်ပြီး Lockheed Martin ကုမ္ပဏီထုတ် AGM-114 Hellfire ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် ၁၆ တောင့်ကို တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီအပြင် EO/IR ကင်မရာ တစ်လုံး၊ Synthetic Aperture ရေဒါ၊Ground Moving Target Indicator နဲ့ Signal Intelligence Payload တစ်ခုကိုလဲ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

General Atomic ကုမ္ပဏီရဲ့ ပြောကြားချက်အရ Mojave မောင်းသူမဲ့လေယာဉ်ကို Special Operations Command (SOCOM)ရဲ့ Armed Overwatch စီမံကိန်းအတွက် ထည့်သွင်းစဉ်းစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

SOCOM စီမံကိန်းအနေနဲ့ မြေပြင်တပ်ဖွဲ့တွေ အတွက် ကင်းထောက်ခြင်းအနီးကပ်‌ လေကြောင်း ပစ်ကူပေးခြင်းတို့လုပ်ဆောင်ရန်အတွက် အပေါ့စား တိုက်လေယာဉ် ၇၅ စင်းကို စပ်ယူဖို့လုပ်ဆောင်နေ ကြပါတယ်။

အဆိုပါဌာနဟာ Armed Overwatch စီမံကိန်းအတွက် မောင်းသူမဲ့လေယာဉ်တွေကို ချန်လှပ်ထားပြီး လူလိုက်ပါမောင်းနှင်တဲ့ Fixed Wing လေယာဉ်တွေအပေါ် ပိုမိုစိတ်ဝင်စားလျက်ရှိ တယ်လို့လဲ Garret Relm သတင်းစာမျက်နှာက ဖော်ပြထားပါတယ်။

Author:ဝန်းရံ

crd