ဆိုးရွားတဲ့အာဖဂန်ဆုတ်ခွာမှုကြောင့် ပင်တဂွန်အကြီး အကဲကို ရာထူးကနုတ်ထွက်ဖို့ အငြိမ်းစားစစ်ဗိုလ်ချုပ်များတောင်းဆို

ဒါဇင်ပေါင်းများစွာရှိတဲ့ အငြိမ်းစားဗိုလ်ချုပ်နဲ့ ဗိုလ်ချု ပ်ကြီးတွေဟာ အာဖဂန်အခြေအနေတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ Mark Milley တို့ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ စုစုပေါင်း ၉၀ ဦးနီးပါးအထိ လက်မှတ်ရေးထိုးကာ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေဆုတ်ခွာစဉ်မှာ ဆိုး ရွားတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့မှုတွေအပေါ် အခြေခံပြီး ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ Flag Officers 4 America အဖွဲ့က ထုတ်ပြန်ခဲ့တဲ့စာမှာ “အလျင်အမြန်ဆုတ်ခွာခဲ့ခြင်းဟာ ရန်သူထိန်းချုပ်ထားတဲ့ အန္တ ရာယ်ရှိတဲ့ဒေသတွေမှာ အမေရိကန်တွေကို သောင်တင်စေခဲ့တယ်” လို့ ပါဝင်ခဲ့ပါတယ်။

သူတို့ရဲ့နောက်ထပ်ရေးသားပြောဆိုမှုထဲမှာတော့ “တကယ်လို့သာ Milley နဲ့ လွိုက်အော်စတင်တို့က အာဖဂန်ကနေ ကန်တပ်တွေမထွက်ခွာဖို့အကြံ ပေးခဲ့တယ်ဆိုရင်၊ သူတို့နှစ်ယောက်ရဲ့ ဦးဆောင်မှုကိုလည်း ဘိုင်ဒင်က လက်မခံခဲ့ဘူးဆိုရင် နှစ်ဦးစလုံးနုတ်ထွက်သင့်တယ်” ဆိုတဲ့ ပြောဆိုမှုလည်း ပါ ဝင်နေခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ပတ်က လွိက်အော်စတင်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာဖဂန်ကနေ တတ် နိုင်သမျှကယ်ထုတ်ဖို့ကြိုးစားမှုမှာ သတ်မှတ်အချိန်မကုန်ဆုံးသရွေ့၊ လုပ်နိုင်စွမ်းကုန်ဆုံးတဲ့အထိ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ဒီပြောဆိုမှုဟာ ခက်ခဲတဲ့ကတိကစားမဟုတ်ပေမယ့်လည်း အာဖဂန်ကထွက်ခွာရမယ့် နောက်ဆုံးအချိန်မတိုင်ခင်မှာပဲ သူ့ရဲ့ပြောဆိုချက်ကို ချိုး ဖောက် မှုတွေ ရှိနေခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ အာဖဂန်မှာဖြစ်ပျက်နေတဲ့အရာတွေကို နားလည်ဖို့ပျက်ကွက်ခဲ့တာမျိုး ဒါမှမဟုတ် ဂျိုးဘိုင်ဒင်သိရှိနားလည်အောင် ရှင်းလင်းပြောဆိုမှုမလုပ်နိုင်ခဲ့တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ပြစ်တင်ခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဖဂန်ကနေ အမေရိကန်တွေရုတ်သိမ်းထွက်ခွာမှုမှာ မအောင်မြင်ခဲ့ကြတာကြောင့် လက် ရှိအုပ်ချုပ်ရေးမှာ ဆက်လက်ရပ်တည်သွားဖို့ ဘာအ ကြောင်းရင်းမှ မရှိဘူးလို့လည်း ယူဆခံနေရကာ နုတ်ထွက်ပေးဖို့အထိ တောင်းဆိုခံနေရပြီလည်းဖြစ်ပါတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်