■အိမ်သာစနစ်ချို့ယွင်းလို့ ကမ္ဘာမြေပေါ်ပြန်လာလမ်းမှာ ဒိုက်ပါဝတ်လာရမယ့် အာကာသယာဉ်မှူးများ

■အိမ်သာစနစ်ချို့ယွင်းလို့ ကမ္ဘာမြေပေါ်ပြန်လာလမ်းမှာ ဒိုက်ပါဝတ်လာရမယ့် အာကာသယာဉ်မှူးများ

တနင်္ဂနွေနေ့မှာ နိုင်ငံတကာအာသာစခန်းကနေ ထွက်ခွာလာမယ့် Dragon အာသာကယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ရာလမ်းမှာ အိမ်သာအသုံးပြုနိုင်မှာမဟုတ်ဘူးလို့ NASA ရဲ့ အာကာယာဉ်မှူး Megan McArthur က သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီအတွက်ကြောင့် အာကာသယာဉ်မှူးတွေဟာ ဒိုက်ပါတွေကို အသုံးပြုရမယ်လို့လည်း သိရပါတယ်။Space X က ထုတ်လုပ်ထားတဲ့ ဒီ အာသာသယာဉ်ဟာ အိမ် သာ ပြသနာဖြစ်ပွားနေတာဖြစ်ပြီး မစ်ရှင်မန်နေဂျာဖြစ်သူက McArthur နဲ့ သူမရဲ့အဖွဲ့သားတွေနေရာမှာ နောက်ထပ်အစားထိုးမယ့်သူတွေကို မကြေညာခင်မှာပဲ ကမ္ဘာမြေပေါ်ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာတော့ Dragon အမှုထမ်းတွေက အာသာသယာဉ်ပေါ်မှာရှိတဲ့ အိမ်သာစနစ်ချို့ယွင်းနေတာကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါပြသနာကို Inspiration 4 မစ်ရှင်ရဲ့ စက်တင်ဘာလအတွင်း ပျံ သန်းမှုမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ဧပြီလတုန်းက နိုင်ငံတ ကာအာသာသစခန်းကို ပျံသန်းခဲ့တဲ့ Dargon မှာလည်း အလားတူပြသနာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Space X ကတော့ အိမ်သာမှာပါဝင်တဲ့ ရေပိုက်ချိတ် ဆက်မှုပြတ်တောက်သွားပြီး အရည်တွေက လေဝင်လေထွက်နေရာတွေဆီ ရောက်ရှိကာ သံချေးတက်မှာကို စိုးရိမ်တာကြောင့် အိမ်သာစနစ်ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သေချာလေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ Space X က Dragon ရဲ့ အိမ်သာကို

အဆင့်မြှင့်တင်ပေးခဲ့ပြီး ပြွန်ချိတ်ဆက်မှုတွေမှာ ဂဟေ ဆော်တဲ့ စနစ်နဲ့ အစားထိုးခဲ့ပေမယ့် ထပ်မံချို့ယွင်းခဲ့တာဖြစ်ပါတယ်။ Megan McArthur ကတော့ “Spaceflight မှာ စိန်ခေါ်မှုလေးတွေအများကြီးနဲ့ ပြည့်နေပါတယ်၊ ဒါက ကျွန်မတို့ရဲ့ မစ်ရှင်မှာ ကြုံတွေ့ရမယ့် အရာတစ်ခုပါပဲ၊ ဒါကြောင့် သိပ်စိတ်မပူပါဘူး” လို့ ပြောဆိုခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

crd

zawgyi

■အိမ္သာစနစ္ခ်ိဳ႕ယြင္းလို႔ ကမၻာေျမေပၚျပန္လာလမ္းမွာ ဒိုက္ပါဝတ္လာရမယ့္ အာကာသယာဥ္မႉးမ်ား

တနဂၤေႏြေန႔မွာ နိုင္ငံတကာအာသာစခန္းကေန ထြက္ခြာလာမယ့္ Dragon အာသာကယာဥ္မႉးေတြဟာ ကမၻာေျမကို ျပန္လည္ဆင္းသက္ရာလမ္းမွာ အိမ္သာအသုံးျပဳနိုင္မွာမဟုတ္ဘူးလို႔ NASA ရဲ့ အာကာယာဥ္မႉး Megan McArthur က ေသာၾကာေန႔ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္ အာကာသယာဥ္မႉးေတြဟာ ဒိုက္ပါေတြကို အသုံးျပဳရမယ္လို႔လည္း သိရပါတယ္။Space X က ထုတ္လုပ္ထားတဲ့ ဒီ အာသာသယာဥ္ဟာ အိမ္ သာ ျပသနာျဖစ္ပြားေနတာျဖစ္ၿပီး မစ္ရွင္မန္ေနဂ်ာျဖစ္သူက McArthur နဲ႔ သူမရဲ့အဖြဲ႕သားေတြေနရာမွာ ေနာက္ထပ္အစားထိုးမယ့္သူေတြကို မေၾကညာခင္မွာပဲ ကမၻာေျမေပၚျပန္ေခၚဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းမွာေတာ့ Dragon အမႈထမ္းေတြက အာသာသယာဥ္ေပၚမွာရွိတဲ့ အိမ္သာစနစ္ခ်ိဳ႕ယြင္းေနတာကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဆိုပါျပသနာကို Inspiration 4 မစ္ရွင္ရဲ့ စက္တင္ဘာလအတြင္း ပ်ံ သန္းမႈမွာ ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး ဧၿပီလတုန္းက နိုင္ငံတ ကာအာသာသစခန္းကို ပ်ံသန္းခဲ့တဲ့ Dargon မွာလည္း အလားတူျပသနာေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

Space X ကေတာ့ အိမ္သာမွာပါဝင္တဲ့ ေရပိုက္ခ်ိတ္ ဆက္မႈျပတ္ေတာက္သြားၿပီး အရည္ေတြက ေလဝင္ေလထြက္ေနရာေတြဆီ ေရာက္ရွိကာ သံေခ်းတက္မွာကို စိုးရိမ္တာေၾကာင့္ အိမ္သာစနစ္ကို ပိတ္ပစ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ေသခ်ာေလ့လာဆန္းစစ္မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္မွာ Space X က Dragon ရဲ့ အိမ္သာကို

အဆင့္ျမႇင့္တင္ေပးခဲ့ၿပီး ႁပြန္ခ်ိတ္ဆက္မႈေတြမွာ ဂေဟ ေဆာ္တဲ့ စနစ္နဲ႔ အစားထိုးခဲ့ေပမယ့္ ထပ္မံခ်ိဳ႕ယြင္းခဲ့တာျဖစ္ပါတယ္။ Megan McArthur ကေတာ့ “Spaceflight မွာ စိန္ေခၚမႈေလးေတြအမ်ားႀကီးနဲ႔ ျပည့္ေနပါတယ္၊ ဒါက ကၽြန္မတို႔ရဲ့ မစ္ရွင္မွာ ၾကဳံေတြ႕ရမယ့္ အရာတစ္ခုပါပဲ၊ ဒါေၾကာင့္ သိပ္စိတ္မပူပါဘူး” လို႔ ေျပာဆိုခဲ့ေၾကာင္း Sputnik သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

crd