ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသားတိုင်း သိထားသင့်တဲ့ ပတ်စ်ပို့ (၉) မျိုး

Post Views:
8
မြန်မာနိုင်ငံတွင် နေထိုင်သူများအနက် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ရမည်ဆိုပါက မဖြစ်မနေလုပ်ဆောင်ရမည့်အရာနှင့် မပါမဖြစ်အရာသည် နိုင်ငံကူးလက်မှတ် (Passport) စာအုပ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကူးလက်မှတ် (Passport) စာအုပ် အမျိုးအစား (၉) မျိုးအား မြန်မာနိုင်ငံသားများသိရှိနိုင်ရန် ရေးသားဖော်ပြပေးအပ်ပါသည်။
ပြည်ပသို့ စီးပွားရေးအရ သွားရောက်လုပ်ကိုင်မည့် နိုင်ငံသားများအား PB = Business Passport စာအုပ်အမျိုးအစားအား ထုတ်ပေးသည်။
ပြည်ပတွင်အလုပ်လုပ်နေသည့် ခင်ပွန်း/ဇနီးနှင့် လိုက်ပါနေထိုင်သည့် မှီခိုနိုင်ငံ သားများအတွက် PT = Department Passport စာအုပ်ပြုလုပ်ရမှာ ဖြစ်ပြီး၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအတွက် PJ = Job ပြုလုပ်ရမည်ဖြစ်ကာ ပြည်ပသို့ သာသနာအရေး ဘာသာသာဆိုင်ရာကိစ္စဖြင့် သွားရောက်မည်ဆိုပါက PR = Religious Passport စာအုပ်ပြုလုပ် ရမည်ဖြစ်သည်။
ထို့ပြင် ပြည်ပသို့ သဘောင်္သား၊ ပင်လယ်ခရီးနှင့်ပတ်သတ်သည့် နိုင်ငံသားများအား PS = Seaman Passport စာအုပ်၊ပြည်ပသို့ ကျောင်းသားပညာ တော်သင် နိုင်ငံသားများအား PE = Students Passport ပြုလုပ်ပေး ပြီး၊ပြည်ပသို့ အလည်အပတ်သွားမည်သူများအတွက် PV = Visit Pass Port စအုပ်ဟု ခွဲခြားသတ်မှတ်ထားသည်။
အလားတူ ပြည်ပသို့ သံတမန်ရေးရာကိစ္စများနှင့် ပတ်သတ်သည့် နိုင်ငံသားများအား PD = Diplomatic Passport စာအုပ်၊ ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့် ပတ်သတ်သည့် နိုင်ငံသားများအား PO = Offcial Passport စာအုပ်ပြုလုပ်ပေးသည်။
ထို့အတူ Passport စာအုပ်များအား အရောင်များဖြင့် သတ်မှတ်ခွဲခြားထားပြီး အနီရောင်သည် နိုင်ငံသူ၊နိုင်ငံသား သာမန်ပြည်သူလူထု၊ အပြာရောင်သည် နိုင်ငံရေး၊သံတမန်ကိစ္စနှင့်အပ်နှင်းခံရသူနိုင် ငံသားများ၊ အစိမ်းရောင်သည် အစိုးရရုံး၊ နိုင်ငံတော်အကြီးအကဲ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ နိုင်ငံသားများနှင့် ပန်းရောင်သည် ယာယီနိုင်ငံကူးလက်မှတ်ဖြစ်သည်။
Passport စာအုပ်ပြုလုပ်လိုသူများသည် အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ ၂ စောင်၊ မှတ်ပုံတင် မူရင်း/မိတ္တူ ၂ စောင်၊ ၁၀ နှစ်အောက်ကလေးများသည် မွေးစာရင်း မူရင်း/မိတ္တူ ၂ စောင်၊ သက်တမ်းတိုးသူများသည် Passport စာအုပ်အဟောင်းနှင့် Passport စာအုပ်တွင် မိမိ၏ ဓါတ်ပုံပါရှိသည့် စာမျက်နှာ မိတ္တူ ၂ စောင်၊ Job Passport စာအုပ်ကိုင်ဆောင် ထားသူဖြစ်ပါက Labour Card လိုအပ်မည်ဖြစ်သည်။
Crd
Crd