ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဆီ လစဥ်ပို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးမည်

ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဆီ လစဥ်ပို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးမည်

ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဆီ လစဥ်ပို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးမည်..

ပြည်ပမှာ အလုပ်လုပ်တဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုဆီ လစဥ် ပို့ရမယ့် ငွေပမာဏ သတ်မှတ်ဖို့ စီစဥ်နေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

အဲဒီလို ပြည်ပရောက်မြန်မာလုပ်သားတွေ လစာလွှဲပြောင်းပေးပို့ရမယ့်နှုန်းထား သတ်မှတ်ဖို့ ဒီလထဲမှာ ပြည်ပအလုပ် အကိုင်အေဂျင်စီတွေနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာ အသိပေးခဲ့ပြီး မကြာခင် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ပြည်ပမှာ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုချိန်၊ အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုချိန်မှာ တစ်လကို မိသားစုဆီ ငွေဘယ်လောက် လွှဲပို့ပါမယ်ဆိုတဲ့အချက် ထည့်သွင်းမယ်လို့ သိရပါတယ်။ သဘောကတော့ ပြည်ပသို့သွားရောက် လုပ်ကိုင်မည်ဆိုပါက စကစ သတ်မှတ်ထားသည့် လစဉ်ငွေ ပမာဏနဲ့ ဘဏ်မှသာ ငွေလွှဲပို့မည်ဆိုသည့် ခံဝန်လက်မှတ်ထိုးခိုင်းခြင်းမျိုး ပြုလုပ်ခိုင်းမည် ဖြစ်သည်။

“စာချုပ်ပါ ပမာဏအတိုင်း ပို့ဖို့ကိုလည်း အေဂျင်စီက တာဝန်ယူဆောင်ရွက်ပေးရမယ့်အပိုင်းတွေ ရှိတယ်” လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်း အမြစ်က ပြောပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ တရားဝင်လွှဲပို့ငွေဟာ တိုင်းပြည် နိုင်ငံခြားငွေ ရရှိမှုအတွက် အရေးပါတာကြောင့် အခုလို လစဥ် လွှဲငွေပမာဏသတ်မှတ်ဖို့ ဆောင်ရွက်တာလို့ သိရပါတယ်။ အဲဒီလို လစဥ် လွှဲငွေပမာဏသတ်မှတ်တာမှာ ကာယကံရှင် အလုပ်သမားတွေ ဆန္ဒရှိဖို့ အရေးကြီးပြီးအလုပ်ဖြစ်၊ မဖြစ် ယတိပြတ် မပြောနိုင်ဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့တရားဝင်လွှဲပို့ငွေဟာ ၂၀၁၄ ခုနှစ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လအထိ အမေရိကန်ဒေါ် လာသန်း ၆,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ (M.T)

Crd

Crd

arkarta