ပြည်ပနိုင်ငံများနှင့်ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကတိပြု

ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးများကို အသစ်ပြန်လည်စတင်နိုင်မည့်နည်းလမ်းများကို ရှာဖွေခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အာဏာရပါတီညီလာခံတွင် ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမှုမပြုမီ သီတင်းနှစ်ပတ်အလိုတွင် ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ အဋ္ဌမအကြိမ်မြောက် ပါတီညီလာခံသည်၎င်းင်း၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများဖျက်သိမ်းရေးနှင့် ပိတ်ဆို့မှုများဖြေလျှော့ရေးတို့အတွက် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ တန့်နေချိန်တွင် ဖြစ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ယခုညီလာခံသည် ၂၀၁၆ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့သည့် ညီလာခံပြီးနောက်ပါတီ၏ လုပ်ငန်းဆောင်တာများကို ပြန်လည်စိစစ်အကဲဖြတ်ပြီး စီမံချက်အသစ်များ ချမှတ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
ညီလာခံကျင်းပသည့် တတိယမြောက်နေ့ဖြစ်သည့် ဇန်နဝါရီ ၇ ရက်တွင်မူ ကင်သည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် အချိန်အခါပြောင်းလဲမှုများကြောင့် တောင်ကိုရီးယားနှင့် ဆက်ဆံရေးများကို ပြန်လည်ပုံဖော်ရန်နှင့် နိုင်ငံခြားရေးမူဝါဒကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် KNCA သတင်းအေဂျင်စီက အသေးစိတ်ရှင်းလင်းချက်မပါဘဲ ဖော်ပြခဲ့သည်။
ကင်သည် ပြည်ပဆက်ဆံရေးများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ရန် ပါတီ၏ မူဝါဒကို ကြေညာခဲ့သည်ဟု KNCA တွင် ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတအဖြစ် စတင်ရုံးထိုင်ရတော့မည့် ဘိုင်ဒင်အနေဖြင့် သမ္မတဒေါ်နယ်ထရန့်နှင့် ကင်တို့ကြား သဘောတူညီမှုမရရှိခဲ့သည့် သမိုင်းဝင်ဆွေးနွေးပွဲများပြီးနောက် မတိုးသာ မဆုတ်သာအခြေအနေသို့ ရောက်ရှိနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
ထရန့်နှင့် ကင်တို့ကြား ဆွေးနွေးပွဲများ ရှိခဲ့ချိန်က ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးများသည် တိုးတက်မှုရှိခဲ့သော်လည်း ယင်းနျူကလီးယား ဆွေးနွေးပွဲများသည် သဘောတူညီမှုမရခဲ့သဖြင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း ပြန်လည်တင်းမာခဲ့သည်။

ပြုံယမ်းသည် ဖောက်ပြန်ရေးဝါဒီ အတွေးအမြင်များကို လှုံ့ဆော်ပေးစေနိုင်သည့် ပြည်ပမှ ရုပ်ဝတ္ထုများကို ပိတ်ပင်သည့် ဥပဒေသစ်တစ်ရပ်ကို ပြီးခဲ့သည့်လက ပြဋ္ဌာန်းခဲ့ပြီး ပြည်ပမှ သတင်းအချက်အလက်များအပေါ် ဖိနှိပ်မှုများတိုးမြှင့်လုပ်ဆောင်နေချိန်တွင် ကင်သည် ဆိုရှယ်လစ်ယဉ်ကျေးမှုအတွက် ၎င်း၏ လှုပ်ရှားမှုတွင် “သစ်လွင်သည့် ရွှေခေတ်” ကို ဖွင့်လှစ်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်။

ကင်သည် အကျင့်သိက္ခာရှိပြီး တော်လှန်သော လူမှုဘဝနေထိုင်မှုကို တည်ဆောက်ပြီး ဆိုရှယ်လစ်မဟုတ်သည့် အရိပ်အယောင်များကို လုံးလုံးလျားလျား ချေမှုန်းရန် တောင်းဆိုခဲ့သည်ဟု KNCA တွင် ဖော်ပြခဲ့သည်။
ကင်သည် ဇန်နဝါရီလ ၅ ရက်က စတင်ခဲ့သည့် အလုပ်သမားပါတီ ညီလာခံအဖွင့်မိန့်ခွန်းတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်သည် ကဏ္ဍအားလုံးနီးပါးတွင် သတ်မှတ်ချက်ကို ပြည့်မီခဲ့ခြင်းမရှိဘဲ အမှားအယွင်းများလုပ်ဆောင်ခဲ့မိကြောင်း ဝန်ခံခဲ့သည်။ ဇန်နဝါရီ ၆ ရက်က ညီလာခံ ဒုတိယမြောက်နေ့တွင်မူ နိုင်ငံ့ကာကွယ်ရေး စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်သွားမည်ဟုလည်း ကင်ကပြောကြားခဲ့သည်။

News-Eleven

zawgyi