ပြည်တွင်းက စားသုံးဆီများကို ပြည်ပသို့ ပြန်တင်ပို့နိုင်အောင် လုပ်ဆောင်မည်

ပြည်တွင်းက စားသုံးဆီများကို ပြည်ပသို့ ပြန်တင်ပို့နိုင်အောင် လုပ်ဆောင်မည်






Post Views:
15

ပြည်တွင်းက စားသုံးဆီများကို ပြည်ပသို့ ပြန်တင်ပို့ ရောင်းချနိုင်အောင် လုပ်ဆောင်မည်..

စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်ကနေ ပြည်တွင်းမှာ ပိုလျှံပြီး ပြည်ပသို့ ပြန်လည်တင်သွင်းသူ အဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ နစက ဥက္ကဌကြီးက ပြောပါတယ်။

ဥက္ကဌကြီးက “စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက် များပြားနေခြင်းဖြစ်တယ်” လို့ ရန်ကုန်က (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာပါ။

ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ပြီး စိုက်ပျိုးရေးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ် ဆောင်ရွက် သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုပြီးတော့လည်း ယင်းက ထပ်မံ ပြောပါတယ်။

စီးပွားရေးသည် နိုင်ငံတစ်ခု၏ အသက်ပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး ပြိုကွဲပါက နိုင်ငံပြိုကွဲမည်ဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း နစက ဥက္ကဌကြီးက ရန်ကုန်တိုင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သေးသည်။

Crd




Crd

arkarta