ပူတင် မွေးနေ့မှာမှ အရှက်တကွဲဖြစ်ရတဲ့ စစ်ရေးအရအရေးပါတဲ့ တံတားတိုက်ခိုက်ခံရ

ပူတင် မွေးနေ့မှာမှ အရှက်တကွဲဖြစ်ရတဲ့ စစ်ရေးအရအရေးပါတဲ့ တံတားတိုက်ခိုက်ခံရ



Post Views:
10

ဒီနေ့ ပေါက်ကွဲမီးလောင်ပီး တစိတ်တပိုင်း ပျက်စီးသွားတဲ့ Kerch တံတားဆိုတာ ရုရှားအတွက် စစ်ရေးအရ သာမက နိုင်ငံရေးအရပါ အရေးကြီးတဲ့ တံတားဖြစ်ပါတယ်။

 

2014 တုန်းက ယူကရိန်းနယ်မြေ Crimea ကို ရုရှားက မတရားသိမ်းယူတယ်။ Crimea နဲ့ ရုရှားကြားမှာ ပင်လယ်ခံနေတယ်။ အဲ့တာကြောင့် ရုရှားကနေ သိမ်းယူထားတဲ့ Crimea ကိုသွားဖို့ ferry လုပ်ပေးတဲ့ သင်္ဘောတွေသုံးရတယ်။ 2016 မှာ သင်္ဘောတွေနဲ့ ကူးစရာမလိုတော့အောင် Crimea နဲ့ ရုရှားကို ဆက်တဲ့ Kerch တံတားကြီးဆောက်တယ်။ 12 မိုင်လောက်ရှည်တဲ့ Kerch တံတားက ဥရောပရဲ့ အရှည်ဆုံးတံတား ဖြစ်လာခဲ့တယ်။


February 24 ကစတဲ့ ရုရှားရဲ့ ကျူးကျော်စစ်မှာ Kerch တံတားက ရုရှားတွေအတွက် အင်မတန်အရေးကြီးတယ်။ တံတားက ကားလမ်းရော ရထားလမ်းရော တွဲပီးဆောက်ထားတာပါ။ Kerch တံတားပေါ်က ရထားလမ်းသုံးပီး စစ်လက်နက်တွေ မျိူးစုံကို ရုရှားနိုင်ငံထဲကနေ Crimea ကိုပို့တယ်။ Crimea ကနေတဆင့် ယူကရိန်းတောင်ပိုင်း (Kherson, Zaporizhzhia) တို့မှာ နေရာယူထားတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ပါတယ်။

ဒီနေ့မှာတော့ Kerch တံတားက အတီးခံလိုက်ရပီ။ ဘယ်လိုလုပ်သွားတယ်ဆိုတာ သီအိုရီ မျိုးစုံရှိပေမယ့် ဘယ်သူမှတော့ သေချာမပြောနိုင်သေးဘူး။ အဲ့တာကြောင့် သေချာသိရတဲ့အထိ စောင့်ဖို့လိုဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က ပူတင်မွေးနေ့ မှာ ချိန်ကိုက်ဖြစ်လာတော့ အင်မတန်ရှက်စရာတော့ကောင်းတယ်။


ယူကရိန်းမဟုတ်ပဲ ဘယ်သူ့လက်ချက်ကြောင့်ပဲဖြစ်စေ၊ ရုရှားအနေနဲ့ သူ့အတွက် အရေးကြီးတဲ့၊ တန်ဖိုးကြီးတဲ့ asset တွေကို သေချာမကာကွယ်နိုင်ဘူးဆိုတာ သက်သေပြရာရောက်တယ်။ မကြာသေးခင်ကရုရှားနဲ့ပေါင်းလိုက်ပီ အတင်းကြေငြာလိုက်တဲ့ယူကရိန်း နယ်မြေ 4 ခုကိုရော သေချာမကာကွယ်နိုင်လောက်ဘူးဆိုပီး စိုးရိမ်စရာတွေ ဖြစ်လာပါပီ။ Saki airbase အချခံရတုန်းကတောင် Crimea က ရုရှားတွေထွက်ပြေးကြတာဆိုတော့ ဒီလို တံတားပါ အတီးခံရရင် ပြန်ပြေးကြတာ ပိုဆိုးလာဖို့ ရှိပါတယ်။

လက်တလော ဗီဒီယိုတွေ ဓါတ်ပုံတွေ မှာ မြင်ရတဲ့အခြေအနေတွေအရ Kerch တံတားရဲ့ ကားသွားလမ်းအခြမ်းမှာ span (တံတား ထောက်တိုင် support နှစ်ခုကြားက နေရာ အပိုင်းအခြားတစ်ခု ကို one span လို့ခေါ်ပါတယ်) တွေပြိုကျထားတာ 2-3 နေရာလောက်ရှိတယ်။ ရထားလမ်းကတော့ ပြိုကျထားတာမတွေ့ရသေးဘူး။ ဒါပေမယ့် ဆီသယ်တဲ့ ရထားတွဲ အများအပြား မီးလောင်သွားတာကြောင့် တော်တော်လေး ပုံပျက်သွားတယ်။ အဲ့တာကြောင့် Kerch တံတားပေါ်က ရထားလမ်းရော၊ ကားလမ်းရော လတ်တလော သုံးနိုင်မှာမဟုတ်သေးဘူး။ ရုရှားဘက်က ဘယ်လောက်မြန်မြန် ပြန်ပြင်နိုင်မလဲဆိုတာတော့ မှန်းရခက်ပါတယ်။

လက်ရှိမှာ တံတားကသုံးမရပေမယ့် သင်္ဘောတွေနဲ့ အသွားအပြန် ferry လုပ်ပီး Crimea နဲ့ ရုရှားကို ဆက်သွယ်ထားလို့ရပါသေးတယ်။ ဒါပေမယ့် အရပ်ဘက်သုံးဖို့ လောက်ပဲအဆင်ပြေမယ်။ အရင်လို ရထားတွဲရှည်ကြီးတွေနဲ့ စစ်လက်နက်တွေ ပို့တာကိုတော့ ferry နဲ့ အစားထိုးဖို့ လုံးဝ အဆင်မပြေနိုင်ဘူး။


ဒီစစ်ပွဲမှာ ရထားလမ်းဆိုတာ ရုရှားအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ရုရှားရဲ့ ထောက်ပို့စနစ်က 19 ရာစုလောက်က အခြေအနေပဲရှိသေးတာကြောင့် ရထားလမ်းကို အင်မတန် အားကိုးရတယ်။ ရထားလမ်းမရှိရင် အဆင်ပြေအောင်လုပ်နိုင်ဖို့ ခေတ်မီ logistics နည်းလမ်းတွေ၊ equipment တွေ ရုရှားမှာ ရှိမနေဘူး။ Kyiv ကိုသိမ်းမယ့်ထိုးစစ် မအောင်မြင်ရခြင်းမှာ ရုရှားထိုးစစ်လမ်းကြောင်း တစ်လျှောက် အားထားစရာ ရထားလမ်းတွေ ရှိမနေခြင်းက အရေးကြီးတစ်ချက်ဖြစ်ပါတယ်။ Kyiv ကနေ ပြန်ဆုတ်ပီး Donbas ပြန်ရောက်ချိန်မှာတော့ ရထားလမ်းတွေကို တဖန် အားကိုးလာနိုင်တာကြောင့် ယူကရိန်းတွေ HIMARS မရခင်အထိ အထိုက်အလျောက် အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။

ရှေ့မှာပြောသလိုပဲ ရထားလမ်း အားကိုးတဲ့ ရုရှားတွေအတွက် ယူကရိန်းတောင်ပိုင်းမှာ ဆက်လက်တိုက်ခိုက်နိုင်ဖို့အတွက်လဲ Kerch တံတားကပေါ်က ရထားလမ်းက အင်မတန် အရေးကြီးပါတယ်။ ဘယ်လိုကြောင့် အရေးကြီးတာလဲဆိုတာ အောက်က မြေပုံတွေမှာ ရှင်းပြပေးထားပါတယ်။

Tactical Raptor
RaptorOne

Crd

arkarta