ပူတင်ရဲ့ စားဖိုမှူး (သို့မဟုတ်) ကိုယ်ပိုင်ကြေးစားစစ်တပ်ရှိသူ

ပူတင်ရဲ့ စားဖိုမှူး (သို့မဟုတ်) ကိုယ်ပိုင်ကြေးစားစစ်တပ်ရှိသူ
ရုရှားသမ္မတ ပူတင်ဟာ ဆိုဗီယက်ခေတ်က KGB ခေါ် ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့ အေးဂျင့်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ထောက်လှမ်းရေးသမားဖြစ်ခဲ့ဖူးသူမို့လည်း သမ္မတဖြစ်လာတဲ့အခါ အရာရာကို အကွက်ကျကျ စီမံခန့်ခွဲလေ့ရှိပါတယ်။
ဒါပေမယ့် အခုတော့ သူကိုယ်တိုင် ကိုင်တွယ်တာထက် တစ်ခြားလူလက်ထဲကို လုပ်ပိုင်ခွင့်ပေးပြီး သူက စောင့်ကြည့်ညွှန်ကြားရတာကို ပိုနှစ်သက်ပုံရပါတယ်။
သူနဲ့ သူ့ရဲ့စားဖိုမှူး ယက်ဗနီ ပရီဂိုရှင် (Yevgeny Prigozhin)တို့ရဲ့ ပါတ်သက်မှုကိုကြည့်ရင် သိသာပါလိမ့်မယ်။
ပရီဂိုရှင်ဆိုတာ စိန့်ပီတာစဘတ်က လုပ်ငန်းရှင်တစ်ဦးလို့ လူသိများပါတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေ လုပ်ကိုင်သူပေါ့။
ရုရှား လူကုံထံအသိုင်းအဝိုင်းဟာ သူ့ရဲ့အစားအသောက်တွေကို နှစ်ခြိုက်ကြပါတယ်။ ပရီဂိုရှင်ရဲ့ နောက်ထပ် နာမည်ပြောင်ကတော့ “ပူတင့် ထမင်းချက်”ဖြစ်ပါတယ်။ ဒါပေမယ့် အဖြစ်အမှန်ကတော့ ဒီ့ထက်ပိုပါတယ်။ သူ့အကြောင်းလေး လေ့လာကြည့်ရအောင်။
ပရီဂိုရှင်ဟာ ငယ်စဉ်က မိန်းကလေးတစ်ယောက်ရဲ့ နားကပ်ကို လုယက်ရင်း လည်ပင်းညှစ်ခဲ့လို့ သူမဟာ သေလုမျောပါး ဖြစ်ခဲ့ပါတယ်။
ဒီလိုလူမျိုးဟာ အခုတော့ ပူတင်ရဲ့ အယုံကြည်ရဆုံးလူ ဖြစ်နေပါပြီ။ သူ့ရဲ့အစားအသောက်လုပ်ငန်းအပြင် သူ့မှာ ကိုယ်ပိုင်ကြေးစားတပ်ဖွဲ့နဲ့ ကိုယ်ပိုင် စက်မှုလုပ်ငန်းတွေပါ လည်ပတ်နေပါပြီ။
၁၉၈၀ ခုနှစ်မှာ ပရီဂိုရှင်ဟာ လီနင်ဂရက်မြို့ကို ရောက်လာပါတယ်။ ဒီမြို့ကို ၁၉၉၁ ခုနှစ်မှာ လီနင်ဂရက်မြို့ကို စိန့်ပီတာစဘတ်လို့ အမည်ပြန်ပြောင်းခဲ့ပါတယ်။
ပရီဂိုရှင်ဟာ သူ့ရဲ့ကြံရာပါတွေနဲ့အတူ လူနေတိုက်ခန်းတွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးပါတယ်။
ရေဒီယိုတွေ၊ တိပ်ရီကော်ဒါတွေ၊ အဝတ်အထည်တွေနဲ့ အလှကုန်ပစ္စည်းတွေပါမချန် ခိုးယူကြပါတယ်။ မကြာခင်မှာဘဲ သူဟာ လူဆိုးဂိုဏ်းမှာ ဆရာကြီးတစ်ဆူ ဖြစ်လာပါတော့တယ်။ သူတို့ဂိုဏ်းလည်း နာမည်ကြီးလာပါတယ်။
Yevgeny Prigozhin
ရုရှားမှာကလည်း လူသုံးကုန်ပစ္စည်းတွေဟာ ရှားပါးဈေးကြီးနေတဲ့အချိန် ဖြစ်ပါတယ်။ ပရီဂိုရှင်တို့ဟာ ခိုးရာပါပစ္စည်းတွေ ရောင်းချပြီး ချမ်းသာလာကြပါတော့တယ်။
ပရီဂိုရှင်ဟာ ၁၉၈၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ သူ့အဖွဲ့တွေနဲ့ အောင်ပွဲခံပါတီတစ်ခု လုပ်ပါတယ်။
အဲဒီပွဲမှာ သူဟာ အမျိုးသမီးတစ်ယောက်ကို သတိထားမိခဲ့ပါတယ်။ သူမက ချမ်းသာပါတယ်။ ပရီဂိုရှင်က သူမကို ဓားပြတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပရီဂိုရှင်ဟာ သူမကိုဖမ်းပြီး ဒေါသကြောင့် သူမဟာ သတိမေ့သွားခဲ့ပါတယ်။
သူက သူမရဲ့ဖိနပ်အပြင် ရွှေနားဆွဲကိုပါ ဖြုတ်ယူခဲ့ပါတယ်။ ဒီအမှုကို ရဲက ဖမ်းမိသွားပြီး ပရီဂိုရှင်လည်း ထောင် (၁၃) နှစ် အပစ်ပေးခံရပါတယ်။
၁၉၉၀ ခုနှစ်မှာ သူဟာ ထောင်ကလွတ်လာပါတယ်။ သူဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်လာပါတယ်။
ပထမဆုံး သူက Hot Dogs မုန့်ကို ရောင်းပါတယ်။ သူရဲ့ အနာဂါတ်ကို အစားအသောက်လုပ်ငန်းထဲမှာ မြှုပ်နှံဖို့ သူက စဉ်းစားထားပါတယ်။
၂၀၀၁ ခုနှစ်မှာ သူဟာ ရေပေါ်စားသောက်ဆိုင်ဖွင့်လှစ်ထားတုန်း ပူတင်က သူ့ကို တွေ့သွားပါတယ်။ News Island မှာ ဖြစ်ပါတယ်။
ပူတင်ဟာ ပရီဂိုရှင်ရဲ့ လက်ရာကို နှစ်ခြိုက်သွားလို့ သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ဆက်ဆံရေးကို ရရှိသွားခဲ့ပါတယ်။ ပရီဂိုရှင်ဟာလည်း ရုရှားလူကုံထံတွေကြားမှာ နာမည်ရလာပါတော့တယ်။
ဒီနောက်မှာတော့ ယုံကြည်ရတဲ့ လူနည်းစု အစိုးရအဖွဲ့ဝင်တွေကြားမှာ သူဟာ နေရာဝင်ယူလာပါတော့တယ်။ ပထမတော့ နောက်ကွယ်ကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ နာမည်ကျော်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေကို Troll Attack လုပ်တဲ့ ဘလော့ဂါ (Blogger) ကုမ္ပဏီတစ်ခုကို ဦးစီးပြီး လှုပ်ရှားလာပါတယ်။
သူဟာ ကျွမ်းကျင်ပညာရှင်တွေကို မျိုးချစ်စိတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ သူ့အဖွဲ့ဟာ အနောက်ကမ္ဘာရဲ့ မီဒီယာတွေကို နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ပါတယ်။
ကရင်မလင်အစိုးရဟာ သူတို့ကို အစ္စလာမ်မစ်အဖွဲ့အစည်းတွေကို လှုံ့ဆော်ဖို့ပါ တွန်းအားပေးကူညီပါတယ်။ ပရီဂိုရှင်ဟာ အရှိန်ရလာပြီး “မျိုးချစ်သတင်းအဖွဲ့”ကိုပါ တည်ထောက်ပါတယ်။
ဒီအဖွဲ့ဟာ ရုရှားဆန့်ကျင်ရေး အဖွဲ့အစည်းတွေရဲ့ သတင်းတွေကို တုံ့ပြန်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဘယ်လောက်အားကောင်းသလဲဆိုရင် သတင်း ချန်နယ် (Channel) ကြီး (၄)ခုအထိ ရှိလာပါတယ်။ ပရိပ်သတ်အင်အားကလည်း ကျန်တာတွေထက် များလာပါတယ်။
ပရီဂိုရှင်ဟာ ကြေးစားစစ်သားတွေနဲ့ ချိပ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ အဖွဲ့တစ်ခု ထူထောင်ပါတယ်။ ဒီအဖွဲ့ကို Wagner လို့ ကမ္ဘာက သိကြပါတယ်။ ဒီအဖွဲ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ပထမကျူးကျော်တာက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်တာ ဖြစ်ပါတယ်။ Wagner တွေဟာ ဆီရီးယားနဲ့ လစ်ဗျားအရေးအခင်းတွေမှာလည်း အာဏာရှင်တွေဘက်ကနေ အခကြေးငွေယူပြီး ပါဝင်တိုက်ခိုက်ပေးခဲ့ကြပါတယ်။ အာဖရိကနိုင်ငံတွေမှာလည်း ပါဝင်ပါတ်သက်ခဲ့ကြပါတယ်။
Wagner တပ်ဖွဲ့တွေဟာ စစ်ပြန်တွေဖြစ်ပြီး နယ်ပါယ်အစုံ (ကြည်း၊ရေ၊လေ)က လူတွေကို လစာကောင်းကောင်းပေးပြီး ခန့်ထားတာဖြစ်ပါတယ်။
အဖွဲ့ခွဲတွေ အများအပြားရှိပြီး သူတို့မှာ သီးခြားခေါင်းဆောင်တွေ ရှိပါတယ်။ လစာက ငွေကြေးအပြင် ရွှေတို့၊ စိန်တို့နဲ့ ပေးချေတာတွေလည်း ရှိပါတယ်။ ကျွမ်းကျင်ပြီး သဝာ်ဖြဝာ်ရဲတဲ့ လက်မရွံ့လူသဝာ်ကောင်တွေပါပဲ။
၂၀၁၈ ခုနှစ်မှာ ဗဟိုအာဖရိက သမ္မတဟာ Wagner အဖွဲ့ကို ငှားရမ်းခဲ့ဖူးပါတယ်။ သူ့နာမည်က Faustin- Archange Touadera ဖြစ်ပါတယ်။ Wagner အဖွဲ့ဟာ သူ့ကို ကာကွယ်ပေးတဲ့အပြင် လက်နက်တွေကိုပါ ထောက်ပံ့ပေးခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ Wagner အဖွဲ့ဟာ အဲ့ဒီနိုင်ငံမှာ သတ္တုမိုင်းတွင်းတွေ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။
ထုံးစံအတိုင်းပါပဲ ပရီဂိုရှင်ရဲ့ Wagner အဖွဲ့ကတော့ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ သူတို့ဟာ အကြမ်းဖက်တာ၊ အရပ်သားတွေကို သဝာ်ဖြဝာ်တာမျိုး ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါဘူးလို့ ဆိုပါတယ်။
ဒီလောက်နဲ့ မပြီးသေးပါဘူး။ Wagner အဖွဲ့တွေဟာ ဝါဒဖြန့်ချီရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ပါသေးတယ်။ ဝါဒမှိုင်းမိသူတွေကိုလည်း အသင်းအဖွဲ့တွေ တည်ထောင်ပေးပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန် ရွေးကောက်ပွဲကိုတောင် ဝင်ရောက်နှောင့်ယှက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါ့ကြောင့်လည်း ယူအက်စ်က ပရီဂိုရှင်ရဲ့အဖွဲ့ကို အမည်ပျက်စာရင်းသွင်းပြီး စီးပွားရေး ပိတ်ဆို့ခဲ့ပါတယ်။ EU (ဥရောပ သမဂ္ဂ) ကလည်း အရေးယူခဲ့ပါတယ်။
EU ကတော့ ပရီဂိုရှင်ဟာ လစ်ဗျားသူပုန်တွေကို လက်နက်ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။ သူကတော့ ငြင်းဆိုထားပါတယ်။ သူပြောတဲ့ စကားလေးနဲ့ပဲ ဒီ ရုရှားသမ္မတကြီးရဲ့ ထမင်းချက်ကြီးအကြောင်းကို နိဂုံးချုပ်ပါရစေ။
သူက “အမေရိကန်လူမျိုးတွေက သိပ်စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ သူတို့ မြင်ချင်တာကိုပဲ မြင်တတ်ကြတယ်ဗျ။” လို့ ပြောကြားခဲ့ပါတယ်ခင်ဗျား။
Knight News Team
Knight News © 2022
Crd
Crd