

“ပူတင်ဝါဒဖြန့်ရုပ်သံသတင်းသမားတွေကိုယ်တိုင် တိုင်းပြည်က စတင်ထွက်ပြေး”
၂/၁၀
ရုရှားသမ္မတဗလာဒီမာ ပူတင်ရဲ့ အစိုးရရုပ်သံဝါဒဖြန့်ဆွေးနွေးခန်းရဲ့ အဓိကလူတွေထဲက တစ်ဦး ဖြစ်တဲ့
ယာကော့ဗ် ကက်ဒ်မီဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၁ ရက်နေ့က
ထွက်ခွါ သွားပြီလို့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။
ယာကော့ဗ် ကက်ဒ်မီဟာ ပူတင်ရဲ့ သတင်းသမားသူရဲကောင်းဆုရ ဗလာဒီမာ ဆိုလောရောဗ်ရဲ့
ဝါဒဖြန့် အစီအစဉ်မှာပုံမှန်ပါဝင်ဆွေးနွေးနေသူဖြစ်ပြီး
စက်တင်ဘာ ၂၈ ရက်နေ့ တိုက်ရိုက် ဆွေးနွေး ခန်းမှာ ပါဝင်ဆွေးနွေးသူအချင်းချင်း
“ ရှေ့တန်းကို မင်းသွား ငါသွား” အချင်းများရာက စကားများ ရန်ဖြစ်ခဲ့ကြပါတယ်။
ဆိုလောရောဗ်က ရှေ့တန်းကို အပို့ခံရသူတွေအနေနဲ့ တိုင်းပြည်ကာကွယ်ရေး အတွက်
အငြင်းပွါးမနေပဲ သွားသင့်တယ်လို့ပြောချိန်မှာ ယာကော့ဗ် ကက်ဒ်မီက
“အသေခံနေရ တာကို ဘယ်သူသွားချင်မလဲ မင်းသွားပါလား” လို့ ပြန်ပြောရာက အငြင်းပွါးခဲ့ကြတာပါ။
အောက်တိုဘာ ၁ ရက်နေ့မှာ အစိုးရရုပ်သံတာဝန်ရှိသူတွေက ဆွေးနွေးခန်းအတွက်
ယာကော့ဗ် ကက်ဒ်မီနေအိမ်ကို အောက်တိုဘာ ၁ ရက်နေ့က သွားရောက်ဖိတ်ကြားရာမှာ
မိသားစုတွေနဲ့အတူ အိမ်မှာမရှိတော့တာသိရတာလို့ သတင်းတွေက ဖေါ်ပြပါတယ်။
ယာကော့ဗ် ကက်ဒ်မီနဲ့ မိသားစုတွေဟာ အစ္စရေးနိုင်ငံကိုရောက်ရှိနေကြောင်း
ဒေသခံသတင်းတွေကဖေါ်ပြချိန်ကျမှ အစ္စရေးကို
ရောက်ရှိနေတာသိခဲ့ရတာလို့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။
crd
Burma News Network
Unicode
ယာကော့ဗျ ကကျဒျမီဟာ အစ်စရေးနိုငျငံကို အောကျတိုဘာ ၁ ရကျနေ့က
crd
Burma News Network
Crd
Crd