

ပူတင်ရဲ့ တဇွတ်ထိုး ဆုံးဖြတ်ချက်ချနိုင်မှုအပေါ်မူတည်နေတဲ့ တတိယကမ္ဘာစစ် (သို့) ခေတ်သစ် နျူကလီးယားစစ်ပွဲ

“ဖြစ်နိုင်ခြေတွေဟာပူတင်အပေါ်တည်နေတယ်”
နျူကလီးယားလက်နက်တွေကို ကိုင်ထားတယ်ဆိုတဲ့ပူတင်က သူ့နိုင်ငံကိုလာတိုက်တာနဲ့ နျူလက်နက်တုန့်ပြန်မှုကို ဖိတ်ခေါ်တာပဲလို့အကြိမ်ကြိမ်
ကြိမ်းဝါးခဲ့တာကမ္ဘာသိဖြစ်ပါတယ်

သူနျူကလီးယားလက်နက်ကို သုံးမှာလား ?
သူနျူလက်နက်ဘယ်နှစ်ခုလောက်ကို ကွပ်ကဲထားသလဲ ? ဆိုတာရယ်
အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်အဖွဲ့ကြီးက ဘယ်လိုပြန်တုန့်ပြန်လာနိုင်မလဲ ?
ဆိုတာကို ကျွန်တော်တို့ လေ့လာထားသလို
ပူတင်ကလည်းသိထားပြီးသား ဖြစ်ပါလိမ့်မယ်

xxxxxxxxxx
နျူစစ်ပွဲအထိ ပူတင်သွားမှာလား
ဆိုတာကတော့ ရုရှကို ဘယ်လောက်အထိခြိမ်းခြောက်လာပြီလဲ ပြီးတော့သူ့ဖင်ထိုင်ခုံကိုဘယ်လောက်ခြိမ်းခြောက်လာပြီလဲ ဆိုတာတွေအပေါ်ကို ပူတင်ရဲ့ခံယူတွေးဆချက်တွေကတည်မှီလာပါလိမ့်မယ်
ပူတင်က ယူကရိန်းစစ်ကို ရုရှနဲ့အနောက်အုပ်စုကြားက တကယ့်ဖြစ်ရပ်မှန်တိုက်ပွဲကြီးလို့ပုံသွင်းထားပါတယ်
သူက အနောက်အုပ်စုဟာ ရုရှကိုဖျက်ပစ်ချင်နေပြီး ရုရှရဲ့သဘာဝအရင်းအမြစ်တွေကို အပိုင်ကိုင်ချင်နေတယ်လို့ အခြေအနေဖွင့် ချပြပြီးမှ
ယူကရိန်းစစ်ကိုပုံဖော်ထားတာပါ

သူလေကျယ်နေတာမဟုတ်ဘူး ရုရှကိုကာကွယ်ဖို့ဆိုရင် နျူကလီးယားလက်နက်သုံးဖို့လည်း ရယ်ဒီပဲလို့ အနောက်အုပ်စုကိုသတိပေးထားပါတယ်
တချို့သော စစ်ရေးသုတေသီတွေက
ပူတင်လေကျယ်နေတာပါ လို့ရေးကြပြောကြပေမဲ့
ဝါရှင်တန်ကတော့ သည်လိုခြိမ်းခြောက်တာကို
ပေါ့ပေါ့လေးတွက်မထားပါဘူး

ယူကရိန်းနိုင်ငံရဲ့ပိုင်နက်နယ်မြေ ၁၈% ကိုရုရှနိုင်ငံအဖြစ် သွတ်သွင်းကြေညာပြီးတဲ့နောက်မှာ
အဲ့သည့်ဒေသတွေကိုတိုက်ခိုက်လာရင် ရုရှနိုင်ငံကိုတိုက်တာပဲ ဖြစ်တယ်ဆိုတဲ့
ကြွေးကြော်ခံယူချက်ကြောင့်
ရုရှကိုထိလာရင်နျူကလီးယားလက်နက်သုံးမယ်ဆိုတဲ့
ခြိမ်းခြောက်မှုအတွက်ခေါင်းစဉ်တပ်ဖို့ နေရာတွေကပိုကျယ်ပြန့်လာပါတယ်

ရုရှတို့ရဲ့ နျူကလီးယားဆိုင်ရာ အယူဝါဒခံယူချက်
ပြဌာန်းမှုအရ
ရုရှနိုင်ငံဖြစ်တည်မှုအပေါ် ခြိမ်းခြောက်လာနိုင်စေသော သမရိုးကျလက်နက်များနဲ့ ရုရှပြည်ထောင်ကိုရန်လိုဆန့်ကျင်ပြီးရန်ပြုတိုက်ခိုက်လာခဲ့ရင် နျူကလီးယား ထိုးစစ်ကိုဆင်နွှဲနိုင်တယ် ဆိုတာရှိပါတယ်
ပူတင်ရုရှထဲကိုသွတ်သွင်းလိုက်တဲ့ ဒေသလေးခုမှာနေထိုင်နေကြတဲ့ရုရှလူမျိုးတွေရယ်
ဒုတိယကမ္ဘာစစ်အပြီးကတည်းက မလုပ်အပ်သောအရာအဖြစ်ထိန်းချုပ်ထားခဲ့ကြတဲ့ နျူကလီးယားလက်နက်ကို သုံးလိုက်လို့ရယ်တွေကြောင့်

အဲ့သည့်နေရာတွေက မြေပြင်အနေအထား စစ်ရေးဗျူဟာတွေကိုလိုသလိုပြောင်းလဲသွားစေမှာတော့မဟုတ်ပါဘူး
” သူက လေလုံးထွားပြီး ဖြီးဖြန်းနေတာပါ “လို့
Yuri Fyodorov ဆိုသူ ပရာဟာမြို့အခြေစိုက်စစ်ရေးသုတေသီကပြောခဲ့ပြီး
” အခုကစလို့ နောက်လနောက်အပတ်ထဲတွေမှာ ဘာတွေဖြစ်လာမယ်လို့တော့ ပြောဖို့ရာခက်တယ်

စစ်ပွဲမှာသူရှုံးနေပြီဆိုတာကိုသူနားလည်လာရင် ပိုခက်လိမ့်မယ်” လို့ပြောပါတယ်
ပူတင်နျူကလီးယားစစ်ပွဲအထိသွားနိုင်သလား သွားခဲ့ရင်ဘာဖြစ်မလဲ ဆိုတဲ့မေးခွန်းအပေါ် ကို
စီအိုင်အေ ဒါရိုက်တာ William Burns က
CBS သတင်းဌာနကို သည်လိုဖြေပါတယ်

” သူခြိမ်းခြောက်သမျှအားလုံးအပေါ်ကို
ကျွန်တော်တို့က အရှုံးအနိုင်ပေါ်နိုင်စေတဲ့
ချိန်ခွင်ညှာပေါ်ကအနေအထားတွေအဖြစ်နဲ့ အလေးအနက်ထားစဉ်းစားကိုင်တွယ်ပါတယ် ဒါပေမဲ့ အမေရိကန်ထောက်လှမ်းရေးအနေနဲ့ ပူတင်ဟာ ဗျူဟာမြောက်နျူကလီးယားလက်နက်ကို ထုတ်သုံးဖို့ခြေလှမ်းပြင်နေတဲ့ အထောက်အထားမျိုးခုထိမတွေ့ရသေးပါဘူး ” တဲ့

xxxxxxxxxxxxx
ဘယ်လိုနျူလက်နက်မျိုးတွေသုံးနိုင်သလဲ?
အမေရိကန်က ရုရှက ဥရောပက အာရှက စတဲ့
မြို့ကြီးပြကြီးတွေကိုဖျက်ဆီးနိုင်တဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေ နဲ့တိုက်ခိုက်ဖို့
ဘယ်ရုရှအရာရှိကြီးတွေကမှတောင်းဆိုတိုက်တွန်းထားတာမရှိသေးပါဘူး

Ramzan Kadyrov ဆိုတဲ့ချေချင်းညာ ဒေသခေါင်းဆောင်ဆိုတဲ့သူကသာ မော်စကိုအနေနဲ့ ယူကရိန်းမှာ နည်းဗျူဟာမြောက်နျူလက်နက်သေးသေးလေးတစ်လုံးလောက်တော့ သုံးပြီးတိုက်လိုက်ဖို့စဉ်းစားသင့်တယ်လို့
မြှောက်ပြောပြောထားတာမျိုးတော့ရှိပါတယ်
သူပြောတဲ့ နည်းဗျူဟာမြောက်နျူကလီးယားဗုံးဆိုတာဟာ စစ်နည်းဗျူဟာအရတိုက်ပွဲစစ်မြေပြင်မှာသုံးဖို့ထုတ်လုပ်တဲ့ ဗုံးမျိုးဖြစ်ပြီး

မော်စကိုလို ဝါရှင်တန်လို လန်ဒန်လို မြို့ကြီးတွေကိုဖျက်ဆီးနိုင်စွမ်းအားရှိတဲ့ ဧရာမဗုံးကြီးတွေမဟုတ်ပါဘူး
အဲ့သည့်ဗုံးမျိုးတွေဟာ လေယာဉ်ပေါ်ကနေကြဲချလို့ရတယ် မြေပြင်ကနေ မစ်ဆိုင်းနဲ့ပစ်လို့လည်းရတယ်
ရေငုပ်သင်္ဘော စစ်သင်္ဘောတွေကလည်း ပစ်လို့ရသလို မြေကြီးပေါ်ချထားပြီး မိုင်းထောင်သလိုခွဲလို့လည်းရပါတယ်
ရုရှမှာ အထူးလေ့ကျင့်ပြီးဖွဲ့စည်းထားတဲ့ နျူကလီးယားအထူးတပ်ဖွဲ့တွေရှိပါတယ် သူတို့ဟာ ကမ္ဘာဖျက်လက်နက်တွေကိုကိုင်တွယ်နိုင်ဖို့အထူးလေ့ကျင့်ထားသူတွေဖြစ်ပါတယ် ဒါကကမ္ဘာဖျက်ဖို့တပ်ဖွဲ့သာဖြစ်တယ်

ကမ္ဘာမဖျက်ပဲ စစ်မြေပြင်မှာတိုက်ကြခိုက်ကြဖို့ဆိုရင်ရော?
အဲ့သည့်မှာ မသေချာတာတစ်ခုကတော့ ရုရှရဲ့အမြဲတမ်းစစ်သားတွေ ကြေးစားငှားထားတဲ့စစ်သားတွေ မဝင်မနေရဆိုပြီးအတင်းဝင်ခိုင်းထားခံရတဲ့ အရန်စစ်သားတွေ နဲ့ ဒေသခံပြည်သူ့စစ်တွေက နျူလက်နက်ကို
နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါ့မလား
လာကြဟေ့သင်ပေးမယ်လုပ်လို့ရပါ့မလား ဆိုတာပါပဲ

xxxxxxxxxxxx
အမေရိကန်ဘာလုပ်ပေးနိုင်သလဲ ?
ရုရှရဲ့ နျူတိုက်ခိုက်မှုဖြစ်လာရင် အကျိုးဆက်အနေနဲ့ အမေရိကန်တို့ဟာတုန့်ပြန်ဖို့ပါဝင်လာကြမှာကတော့သေချာပါတယ်
ရုရှနဲ့ အမေရိကန်ဟာ ကမ္ဘာ့ရဲ့ နျူကလီးယားထိပ်ဖူး၉၀% ကိုပိုင်ထားကြပါတယ်

ဒါတွေကိုသူတို့ဟာစစ်အေးကာလအတွင်းမှာတည်ဆောက်ထားခဲ့ကြတာပါ အဲ့သည့်အချိန်က ဆိုဗီယက်ယူနီယန်ဟာ အခုမျက်မှောက်ရုရှကိုအမွေပေးခဲ့ပါတယ်
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရွေးချယ်ထားတာက US အနေနဲ့စစ်ရေးမှာမပါရေးပါပဲ သူပါလိုက်ရင်
နောက်ထပ်နျူစစ်ပွဲတစ်ခုအဖြစ် ပိုမိုမြင့်တက်လာမယ့်အနေအထားကို ရှောင်ထားတယ်လို့မြင်ရပါတယ်
သမရိုးကျစစ်ပွဲကို အမေရိကန်အနေနဲ့ပါလိုက်တာနဲ့ မော်စကိုနဲ့ အမေရိကန် တိုက်ရိုက်စစ်ပွဲ ဖြစ်သွားမယ့်အရေးကို ရှောင်ထားတာပါ

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကဝါရှင်တန်အနေနဲ့ သတိပေးထားပြီးဖြစ်တယ် မော်စကိုကနျူကလီးယားလက်နက်သုံးမယ်ဆိုရင် ရုရှနိုင်ငံဟာ သေချာပေါက်ဒုက္ခလှလှကြီးတွေ့ပြီးကံဆိုးမိုးမှောင်ကျသွားလိမ့်မယ် လို့စကားကုန်ပြောထားပြီးသားလို့ကြေညာထားပါတယ်
စီအိုင်အေဟောင်းအငြိမ်းစားဗိုလ်ချုပ် David Patraeus က
ရုရှအဲ့သည့်လိုလုပ်ရင် ယူကရိန်းထဲကရုရှတပ်တွေ ပင်လယ်နက်ထဲကစစ်သင်္ဘောတွေကို
နေတိုးကတိုက်လို့ပျောက်သွားလိမ့်မယ် လို့ပြောပါတယ်

ရုရှသမ္မတ ပူတင်က ဝါရှင်တန်ကိုဘယ်လိုသတိပေးသလဲဆိုတော့ ကမ္ဘာမှာ နျူကလီးယားလက်နက်ကိုစစ်မှာသုံးတာ မင်းတို့ပဲရှိခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်
ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦးလို့ပြောတာပါ

xxxxxxxxxxx
ရုရှမှာ နျူထိပ်ဖူး ၅၉၇၇ရှိပြီးကမ္ဘာမှာအများဆုံးအရေအတွက်ပါ
အမေရိကန်မှာ ၅၄၂၈ သာရှိပါတယ်လို့ အမေရိကန်သိပ္ပံပညာရှင်များအသင်းရဲ့ စာရင်းတွေအရသိရပါတယ်
အဲ့သည့်စာရင်းတွေထဲမှာ သိုလှောင်ထားတာတွေရော သုံးမရစာရင်းထဲကဟာတွေရောပါပါတယ်
ဒါပေမဲ့ ရုရှရောအမေရိကန်မှာပါ

ကမ္ဘာကြီးကိုအကြိမ်ပေါင်းများစွာဖျက်နိုင်တဲ့အထိအလုံအလောက်ရှိနေကြပါတယ်
ရုရှက မဟာဗျူဟာထိပ်ဖူးပေါင်း ၁၄၅၈ ကိုဖြန့်ချထားပြီး
ပစ်ခတ်ရန်အသင့်ရှိသလို
အမေရိကန်က မဟာဗျူဟာထိပ်ဖူး၁၃၈၉ ခုဖြန့်ထားပါတယ်လို့
မှတ်တမ်းတွေအရသိရပါတယ်

အဲ့သည့်ထိပ်ဖူးတွေဟာ တိုက်ချင်းပစ် ဒုံးပျံတွေ
ရေငုပ်သင်္ဘောတွေ
မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးတွေပေါ်မှာ
တပ်ထားကြတာပါ

စစ်မြေပြင်သုံး နည်းဗျူဟာမြောက်နျူကလီးယားလက်နက်စာရင်းမှာဆိုရင်တော့ရုရှမှာရှိတာက အမေရိကန်ထက်ဆယ်ဆများပါတယ်
အမေရိကန်မှာရှိသမျှ ၂၀၀ လောက်ထဲက
တစ်ဝက်ကို ဥရောပမှာဖြန့်ချထားပါတယ်

အမေရိကန်ရဲ့နည်းဗျူဟာမြောက်နျူလက်နက်တွေက ၀.၃ ကနေ ၁၇၀ ( ဒိုင်းနမိုက်)ကီလိုတန်ချိန်အထိရှိကြပါတယ်
ဟီရိုရှိးမားနဲ့နာဂါစကီမှာ ချခဲ့တဲ့အက်တမ်ဗုံးတွေဟာ
၁၅ ကီလိုတန် ဒိုင်းနမိုက်လောက်သာရှိခဲ့တာပါ

xxxxxxxxxxxxxx
“ပူ”သာလျင်ပဓါနပင်လို့ ဆိုရပါလိမ့်မည်
သူ့အောက်ကလူတွေလိုက်လုပ်ကြမယ်ဆိုရင်ပေါ့
ခုထိတော့မလုပ်သေးပါဘူး

crd
Pi Lon
Ref reuters
Reporting by Guy Faulconbridge, Editing by Timothy Heritage

Unicode

ကွိမျးဝါးခဲ့တာကမ်ဘာသိဖွစျပါတယျ

သူနြူကလီးယားလကျနကျကို သုံးမှာလား ?
သူနြူလကျနကျဘယျနှစျခုလောကျကို ကှပျကဲထားသလဲ ? ဆိုတာရယျ

xxxxxxxxxx







xxxxxxxxxxxxx




xxxxxxxxxxxx




xxxxxxxxxxx
ရုရှမှာ နြူထိပျဖူး ၅၉၇၇ရှိပွီးကမ်ဘာမှာအမြားဆုံးအရအေတှကျပါ


ရငေုပျသငျ်ဘောတှေ



xxxxxxxxxxxxxx

crd
Pi Lon
Ref reuters
Reporting by Guy Faulconbridge, Editing by Timothy Heritage

Crd

Crd

arkarta