
ပူတင်က ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့မှာ အနောက်အုပ်စုသို့ ကမ္ဘာပျက်နေ့ သတိပေးချက်မျိုး ပေးပို့ဖို့ရှိ
မေ ၉ ရက် အောင်ပွဲနေ့မှာ ရုရှားရဲ့ ကြီးမားတဲ့ စစ်ရေးစွမ်းရည်ကို ဂုဏ်ပြုတဲ့ စစ်ချီအခမ်းအနား ဦးဆောင်ပြုလုပ်စဉ်အတွင်း သမ္မတ ဗလာဒီမာပူတင်က အနောက်အုပ်စုသို့ တုန်လှုပ်ဖွယ် ကမ္ဘာပျက် သတိပေးချက်မျိုး ပေးသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
နာဇီဂျာမနီအပေါ် ဆိုဗီယက်ပြည်ထောင်စုက အောင်နိုင်ခဲ့တဲ့ ရ၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရုရှားရဲ့ ထင်တိုင်းမပေါက်ဖြစ်နေတဲ့ ကျူးကျော်မှုအပေါ် အားသစ်လောင်းနိုင်ရေး အသုံးချလာနိုင်ပါတယ်။
စစ်သည်တွေ၊ တင့်ကားတွေ၊ ရော့ကက်တွေနဲ့ ဒုံးကျည်တွေ အများအပြားပါဝင်ချီတက်မယ့် ရင်ပြင်နီ စစ်ရေးပြအခမ်းအနားအတွင်း ပူတင် မိန့်ခွန်းခြွေတာကို မြင်တွေ့ရမှာပါ။ ယင်းသို့ မိန့်ခွန်းပြောနေစဉ်အတွင်း ရုရှားရဲ့ 11-80 doomsday ကွပ်ကဲရေး လေယာဉ်ကြီးက ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပျံသန်းနေမှာဖြစ်ပါတယ်။
အဆိုပါ ကွက်ကဲရေးဌာနချုပ်ယာဉ်ပျံကြီးဟာ နျူကလီးယားစစ်ပွဲတွေလိုမျိုးမှာ ရုရှားခေါင်းဆောင်တွေအတွက် လျှို့ဝှက် ရွေ့လျားအခြေစိုက်စခန်းတစ်ခုအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်သလို ယင်း လေယာဉ်ကြီး တည်ရှိမှုဟာ အနောက်အုပ်စုရဲ့ စောင့်ကြည့်သူတွေကို ရည်ညွှန်းတဲ့ သတိပေးချက်တစ်ခုလို့လည်း ယူဆရပါတယ်။
အသက် ၆၉ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟာ ယူကရိန်းစစ်ပွဲကို ၁၉၄၁ ခုနှစ်က အဒေါ့ဖ်ဟစ်တလာရဲ့ နာဇီတွေ ကျူးကျော်လာချိန်မှာ ဆိုဗီယက်ယူနီယံ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုပုံစံမျိုးနဲ့ အကြိမ်ကြိမ် နှိုင်းယှဉ်ပြောဆိုထားခဲ့ပါတယ်။
crd—-အကုန်သိ သတင်းဌာန—
ယူနီကုတ်
ပူတငျက ဒုတိယကမ်ဘာစစျအောငျပှဲနေ့မှာ အနောကျအုပျစုသို့ ကမ်ဘာပကြျနေ့ သတိပေးခကြျမြိုး ပေးပို့ဖို့ရှိ