ပုဂၢလိကဘဏ္အခ်ိဳ႕ အတိုးႏႈန္း တိုးျမႇင့္သတ္မွတ္ၿပီး ေငြအပ္ႏွံသူေတြကို အၿပိဳင္ အဆိုင္ဆြဲေဆာင္ေန…..

ပုဂၢလိကဘဏ္အခ်ိဳ႕ အတိုးႏႈန္း တိုးျမႇင့္သတ္မွတ္ၿပီး ေငြအပ္ႏွံသူေတြကို အၿပိဳင္ အဆိုင္ဆြဲေဆာင္ေန…..



Post Views:
7

ႏိုင္ငံသားပိုင္ ထိပ္တန္းပုဂၢလိကဘဏ္အခ်ိဳ႕က အတိုးႏႈန္းကို တိုးျမႇင့္သတ္မွတ္ၿပီး လက္ဝယ္ကိုင္ေဆာင္ထားတဲ့ ေငြသားေတြကို လာေရာက္အပ္ႏွံႏိုင္ေၾကာင္း အၿပိဳင္ဆြဲေဆာင္ စည္း႐ုံးမႈေတြ ျပဳလုပ္လာျကပါတယ္။

AGD ဘဏ္ရဲ႕ေၾကညာခ်က္အတြင္း တိုေတာင္းတဲ့ သက္တမ္းအတြင္း ေငြစုၿပီး ပိုမ်ားတဲ့ အတိုးကို ႀကိဳယူဖို႔ ႀကိဳယူအေကာင့္နဲ႔ လာေရာက္ေငြစုၾကဖို႔ ဖိတ္ေခၚထားၿပီး က်ပ္သိန္း (၅၀) ေအာက္ ေငြစုသက္တမ္း

(၁) လမွ (၃) လအထိ အျမင္ဆုံး အတိုး (၉.၂၅) ရာခိုင္ႏႈန္းနဲ႔ က်ပ္သိန္း (၅၀) အထက္ ေငြစုသက္တမ္း (၃) လအထိ အျမင့္ဆုံး အတိုး (၉.၃၅) ရာခိုင္ႏႈန္း ရရွိမယ္လို႔ ဆိုထားပါတယ္။

CB ဘဏ္က ရက္ (၁၀၀) စာရင္းေသအပ္ေငြ ဝန္ေဆာင္မႈအတြက္ အတိုးႏႈန္း (၉.၁) ရာခိုင္ႏႈန္း (9.1% p.a) ေပးမယ္လို႔ ေၾကညာထားၿပီး ပ႐ိုမိုးရွင္းကာလကို ႏိုဝင္ဘာလကုန္အထိ သတ္မွတ္ထားတာေၾကာင့္

ထိုကာလအတြင္း 100 Days Fixed Deposit တစ္ေစာင္ကို အနိမ့္ဆုံးအပ္ႏွံေငြ က်ပ္သိန္း (၁၀၀) နဲ႔ အပ္ႏွံႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

KBZ ဘဏ္ကလည္း ဘဏ္ရဲ႕ စာရင္းေသအပ္ေငြ စာရင္းေတြျဖစ္တဲ့ ရက္ (၉၀) ပုံမွန္စာရင္းေသအပ္ေငြ စာရင္းအတြက္ တစ္ႏွစ္အတိုးႏႈန္း (၉) ရာခိုင္ႏႈန္းနဲ႔ ရက္ (၁၈၀) ပုံမွန္စာရင္းေသအပ္ေငြ

စာရင္းအတြက္ တစ္ႏွစ္အတိုးႏႈန္း (၉.၂၅) ရာခိုင္ႏႈန္း စသျဖင့္ ယခင္ထက္ ျမင့္မားတဲ့ အတိုးႏႈန္းကို ရယူခံစားႏိုင္ၿပီလို႔လည္း ေျပာဆိုထားပါတယ္။

အခုလို ဘဏ္ေတြရဲ႕ အၿပိဳင္အတိုးႏႈန္းျမႇင့္တင္ ဆြဲေဆာင္မႈက ေ႐ႊ၊ ေဒၚလာ၊ အိမ္ၿခံေျမ စတာေတြမွာ ရင္းႏွီးျမႇဳပ္ႏွံျခင္းကေန ဘဏ္ေတြမွာ အပ္ေငြေတြ ျပန္လည္စုေဆာင္းလာဖို႔ စည္း႐ုံးတဲ့ သေဘာမ်ိဳး ျဖစ္ႏိုင္တယ္လို႔လည္း အကဲခတ္အခ်ိဳ႕က သုံးသပ္ၾကပါတယ္။

အခ်ိဳ႕ကလည္း ဘဏ္ေတြအေပၚ ယုံၾကည္မႈ နည္းလာၾကၿပီး က်ပ္ေငြတန္ဖိုး က်ဆင္းေနခ်ိန္ မိမိလက္ဝယ္ရွိ ေငြသားကို ေဈးကြက္ခိုင္မာမႈရွိတဲ့ ပစၥည္းေတြအေပၚမွာသာ ရင္းႏွီးျမႇဳပ္ႏွံေနၾကဆဲလို႔ ေျပာဆိုၾကပါတယ္။

Credit..BETVBusiness

Unicode

ပုဂ္ဂလိကဘဏ်အချို့ အတိုးနှုန်း တိုးမြှင့်သတ်မှတ်ပြီး ငွေအပ်နှံသူတွေကို အပြိုင် အဆိုင်ဆွဲဆောင်နေ…..

နိုင်ငံသားပိုင် ထိပ်တန်းပုဂ္ဂလိကဘဏ်အချို့က အတိုးနှုန်းကို တိုးမြှင့်သတ်မှတ်ပြီး လက်ဝယ်ကိုင်ဆောင်ထားတဲ့ ငွေသားတွေကို လာရောက်အပ်နှံနိုင်ကြောင်း အပြိုင်ဆွဲဆောင် စည်းရုံးမှုတွေ ပြုလုပ်လာကြပါတယ်။

AGD ဘဏ်ရဲ့ကြေညာချက်အတွင်း တိုတောင်းတဲ့ သက်တမ်းအတွင်း ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ ကြိုယူအကောင့်နဲ့ လာရောက်ငွေစုကြဖို့ ဖိတ်ခေါ်ထားပြီး ကျပ်သိန်း (၅၀) အောက် ငွေစုသက်တမ်း

(၁) လမှ (၃) လအထိ အမြင်ဆုံး အတိုး (၉.၂၅) ရာခိုင်နှုန်းနဲ့ ကျပ်သိန်း (၅၀) အထက် ငွေစုသက်တမ်း (၃) လအထိ အမြင့်ဆုံး အတိုး (၉.၃၅) ရာခိုင်နှုန်း ရရှိမယ်လို့ ဆိုထားပါတယ်။

CB ဘဏ်က ရက် (၁၀၀) စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် အတိုးနှုန်း (၉.၁) ရာခိုင်နှုန်း (9.1% p.a) ပေးမယ်လို့ ကြေညာထားပြီး ပရိုမိုးရှင်းကာလကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားတာကြောင့်

ထိုကာလအတွင်း 100 Days Fixed Deposit တစ်စောင်ကို အနိမ့်ဆုံးအပ်နှံငွေ ကျပ်သိန်း (၁၀၀) နဲ့ အပ်နှံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

KBZ ဘဏ်ကလည်း ဘဏ်ရဲ့ စာရင်းသေအပ်ငွေ စာရင်းတွေဖြစ်တဲ့ ရက် (၉၀) ပုံမှန်စာရင်းသေအပ်ငွေ စာရင်းအတွက် တစ်နှစ်အတိုးနှုန်း (၉) ရာခိုင်နှုန်းနဲ့ ရက် (၁၈၀) ပုံမှန်စာရင်းသေအပ်ငွေ

စာရင်းအတွက် တစ်နှစ်အတိုးနှုန်း (၉.၂၅) ရာခိုင်နှုန်း စသဖြင့် ယခင်ထက် မြင့်မားတဲ့ အတိုးနှုန်းကို ရယူခံစားနိုင်ပြီလို့လည်း ပြောဆိုထားပါတယ်။

အခုလို ဘဏ်တွေရဲ့ အပြိုင်အတိုးနှုန်းမြှင့်တင် ဆွဲဆောင်မှုက ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ စတာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကနေ ဘဏ်တွေမှာ အပ်ငွေတွေ ပြန်လည်စုဆောင်းလာဖို့ စည်းရုံးတဲ့ သဘောမျိုး ဖြစ်နိုင်တယ်လို့လည်း အကဲခတ်အချို့က သုံးသပ်ကြပါတယ်။

အချို့ကလည်း ဘဏ်တွေအပေါ် ယုံကြည်မှု နည်းလာကြပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန် မိမိလက်ဝယ်ရှိ ငွေသားကို ဈေးကွက်ခိုင်မာမှုရှိတဲ့ ပစ္စည်းတွေအပေါ်မှာသာ ရင်းနှီးမြှုပ်နှံနေကြဆဲလို့ ပြောဆိုကြပါတယ်။

Credit..BETVBusiness

Crd

Crd

arkarta