■တရုတ်က စစ်ရေးဖိအား ပိုမိုပေးနေသော်လည်း အောင်ပွဲရရန်က မသေချာ

29-October-2021
တရုတ်၏ စစ်ရေးရည်မှန်းချက်များသည် ရှောင်လွှဲမရပုံပေါ်သော်လည်း၊ အခွင့်သာမှု အနေအထားမှာ ပြောင်းလဲသွားပြီဖြစ်သည်။
အိန္ဒိယနယ်စပ်တွင် အလျှော့မပေးခြင်းနှင့် ရုရှားနှင့် မကြာသေးမီက ရေတပ်စစ်ရေးလေ့ကျင့်မှုများနှင့် အဆင့်မြင့် နျူကလီးယားဒုံးကျည်စမ်းသပ်မှု၊ ထိုင်ဝမ်ကို အဆက်် မပြတ် ခြိမ်းခြောက်မှု၊ အမျိုးသားရေး ရုန်းကန်မှု လုပ်ရန် ဥက္ကဌ ရှီကျင့်ဖျင်၏ အဆက်မပြတ် တောင်းဆိုနေမှုများသည် တရုတ်က တခြားသူများကို ၎င်းတို့တွေးစေချင်သည့် အတိုင်းတွေးစေရန် ပြုလုပ်ခြင်းဖြစ်သော်လည်း တရုတ်၏ အောင်ပွဲသည် အလှမ်းဝေးလှသေးသည်။

တရုတ်၏ အဆိုးရွားဆုံးသော နယ်နိမိတ် တင်းမာမှုသည် အိန္ဒိယနှင့် ဖြစ်ပေါ်နေပြီး ၂၀၂၀ပြည့်နှစ်က တိုက်ပွဲ များ ဖြစ်ပွားပြီးနောက် နှစ်ဖက် သဘောတူညီမှုရရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။
ထို့ပြင် နျူကလီးယားလက်နက်ကို ပထမဆုံးအသုံးမပြုရေးမူဝါဒကို ပြန်လည်သုံးသပ်သင့်သည်ဟူသော ဆွေးနွေးမှုများလည်း တရုတ်ပြည်တွင် များပြားလာနေသည်။

“အမေရိကန်က စစ်ရေးမဟာမိတ်သစ်တွေ တိုးချဲ့တည်ဆောက်နေတာနဲ့ တရုတ်အိမ်နီးချင်း နိုင်ငံတွေမှာ အမေရိကန်စစ်တပ်စွဲမှုတွေ များပြားလာတာနဲ့အမျှ တရုတ်အပေါ် မဟာဗျူဟာမြောက် ဖိအားတွေက ပြင်းထန်လာနေပါတယ် ” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလက်နက် ဖျက်သိမ်းရေး ဆိုင်ရာ တရုတ်သံအမတ်ဟောင်း ရှားဇူခန်က ဆိုခဲ့သည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် ကီလိုမီတာ ၂၂၀ဝဝ ရှည်လျားသော နယ်နိမိတ်တွင် အမျိုးသားလုံခြုံရေးကို ပိုမိုကောင်း မွန်အောင် ထိန်းသိမ်းရန် ကုန်းမြေနယ်နိမိတ်ဆိုင်ရာ တရုတ်၏ ပထမဆုံး ဥပဒေအား အောက်တိုဘာ ၂၃ ရက်က အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက အတည်ပြုခဲ့သည်။
ယင်းဥပဒေတွင် တန်းတူညီမျှမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းကို အခြေခံ၍ အငြင်းပွားမှုစီမံခန့်ခွဲရေးဆိုင်ရာယန္တရားများကို ထုတ်ပြန်ထားသည်။

သို့သော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ယင်း၏ ရန်လိုသော ကျူးကျော် သိမ်း ပိုက်လိုမှုကို စွန့်လွှတ်ရန်ရည်ရွယ်ချက် မရှိသဖြင့် အိန္ဒိယနှင့် နောက်ဆုံး ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။

By ANI News 29 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။