ပါကစ္စတန်တို့သာကောကိုအနုနည်းနဲ့ပြန်အာခံတိုက်ခိုက်လိုက်ပီ (ပါကစ္စတန်ရှိ တရုတ်ဓာတ်အားပေး လုပ်ငန်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ထား)

ပါကစ္စတန်ရှိ တရုတ်ဓာတ်အားပေး လုပ်ငန်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ထား

ပါကစ္စတန်နိုင်ငံ၊ ဂျဟီလမ် မြစ်ပေါ်တွင် တရုတ်ဓာတ်အားပေး ကုမ္ပဏီနှင့် တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်းသည့် (BOOT) စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် Karot Power Company Ltd (KPCL) က ဆိုးရွားသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်းနှင့် အရေးကြီးသည့်အဆင့်တွင် ဖက်ဒရယ်ပြည်တွင်းအခွန်ဌာန (FBR) ၏ အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ရေး အမိန့်ရရှိရန်လည်း လွန်ခဲ့သည့် လပိုင်းမှစ၍ ကြန့်ကြာနေကြောင်း ပြောကြားသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) အာဏာပိုင်အဖွဲ့ ဥက္ကဌအာဆင်ဆလမ်ဘတ်ဂျ်ဝါသို့ ပေးပို့သည့် ကန့်ကွက်စာတွင် KPCL ကုမ္ပဏီက ကာရာချိဆိပ်ကမ်းရှိ FBR အာဏာပိုင်များသည် ၎င်းတို့ကုမ္ပဏီက တင်သွင်းမည့် သင်္ဘော ၃ စီးစာ ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားမှုကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ပယ်ချခဲ့ကြောင်း တိုင်ကြားချက်ကို Dawn သတင်းဌာနက ဖော်ပြသည်။

ကင်းလွတ်ခွင့် လျှောက်ထားလွှာကို ဇူလိုင် ၂၈ ရက်တွင် ကန့်ကွက်ခဲ့သောကြောင့် ကုမ္ပဏီအနေဖြင့် ကင်းလွတ်ခွင့်အမိန့်မရဘဲ ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရေးကို မလုပ်ဆောင်နိုင်သေးသလို စရိတ်များ မြင့်တက်ကာ စီမံကိန်း ပြီးစီးရေးတွင်းလည်း ကြန့်ကြာနေကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီသည် ၂၀၀၂ ခုနှစ် စွမ်းအင်မူဝါဒအရ စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သောကြောင့် ဝင်ငွေခွန်အမိန့်ကြေညာချက် ၂၀၀၁ ၏ အပိုင်း ၁ ၏ အပိုဒ် ၁၃၂ အရ အခွန်ကင်းလွတ်ခွင့်ကို တောင်းခံခြင်း ဖြစ်ကြောင်း ကုမ္ပဏီက တောင်းဆိုခဲ့သည်။

ဓာတ်အား ၇၂၀ မဂ္ဂါဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းသည် တည်ဆောက်ရေးကာလ ၅ နှစ်အပါအဝင် နှစ်ပေါင်း ၃၅ နှစ်အတက် အခွန်လျော့ပေါ့့ခွင့် ရရှိထားသည်။ ယင်းစီမံကိန်းကို တရုတ်နိုင်ငံပိုင် တောင်အာရှ၏ China Three Gorges လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု လက်ခွဲတစ်ခုဖြစ်သည့် China Three Gorges South Asia Investment Ltd က တည်ဆောက်ခြင်းဖြစ်သည်။
Ref: Mizima

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ပါကစၥတန္ရွိ တ႐ုတ္ဓာတ္အားေပး လုပ္ငန္း ျပႆနာမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး အခြန္ကင္းလြတ္ခြင့္ ဆိုင္းငံ့ထား

ပါကစၥတန္နိုင္ငံ၊ ဂ်ဟီလမ္ ျမစ္ေပၚတြင္ တ႐ုတ္ဓာတ္အားေပး ကုမၸဏီႏွင့္ တည္ေဆာက္-ပိုင္ဆိုင္-လုပ္ကိုင္-လႊဲေျပာင္းသည့္ (BOOT) စနစ္ျဖင့္ လုပ္ငန္းလုပ္ကိုင္ေနသည့္ Karot Power Company Ltd (KPCL) က ဆိုးရြားသည့္ ျပႆနာမ်ားႏွင့္ ၾကဳံေတြ႕ေနရေၾကာင္းႏွင့္ အေရးႀကီးသည့္အဆင့္တြင္ ဖက္ဒရယ္ျပည္တြင္းအခြန္ဌာန (FBR) ၏ အခြန္ကင္းလြတ္ခြင့္ ဆိုင္းငံ့ေရး အမိန႔္ရရွိရန္လည္း လြန္ခဲ့သည့္ လပိုင္းမွစ၍ ၾကန႔္ၾကာေနေၾကာင္း ေျပာၾကားသည္။

တ႐ုတ္-ပါကစၥတန္ စီးပြားေရးစၾကၤန္ (CPEC) အာဏာပိုင္အဖြဲ႕ ဥကၠဌအာဆင္ဆလမ္ဘတ္ဂ်္ဝါသို႔ ေပးပို႔သည့္ ကန႔္ကြက္စာတြင္ KPCL ကုမၸဏီက ကာရာခ်ိဆိပ္ကမ္းရွိ FBR အာဏာပိုင္မ်ားသည္ ၎တို႔ကုမၸဏီက တင္သြင္းမည့္ သေဘၤာ ၃ စီးစာ ပစၥည္းမ်ားအတြက္ အခြန္ကင္းလြတ္ခြင့္ ေလၽွာက္ထားမႈကို အေၾကာင္းျပခ်က္ တစ္စုံတစ္ရာမေပးဘဲ ပယ္ခ်ခဲ့ေၾကာင္း တိုင္ၾကားခ်က္ကို Dawn သတင္းဌာနက ေဖာ္ျပသည္။

ကင္းလြတ္ခြင့္ ေလၽွာက္ထားလႊာကို ဇူလိုင္ ၂၈ ရက္တြင္ ကန႔္ကြက္ခဲ့ေသာေၾကာင့္ ကုမၸဏီအေနျဖင့္ ကင္းလြတ္ခြင့္အမိန႔္မရဘဲ ဆိပ္ကမ္းမွ ပစၥည္းမ်ား ထုတ္ယူေရးကို မလုပ္ေဆာင္နိုင္ေသးသလို စရိတ္မ်ား ျမင့္တက္ကာ စီမံကိန္း ၿပီးစီးေရးတြင္းလည္း ၾကန႔္ၾကာေနေၾကာင္း ေဖာ္ျပထားသည္။

ကုမၸဏီသည္ ၂၀၀၂ ခုႏွစ္ စြမ္းအင္မူဝါဒအရ စီမံကိန္းကို အေကာင္အထည္ေဖာ္ျခင္း ျဖစ္ေသာေၾကာင့္ ဝင္ေငြခြန္အမိန႔္ေၾကညာခ်က္ ၂၀၀၁ ၏ အပိုင္း ၁ ၏ အပိုဒ္ ၁၃၂ အရ အခြန္ကင္းလြတ္ခြင့္ကို ေတာင္းခံျခင္း ျဖစ္ေၾကာင္း ကုမၸဏီက ေတာင္းဆိုခဲ့သည္။

ဓာတ္အား ၇၂၀ မဂၢါဝပ္ ထြက္ရွိမည့္ ေရအားလၽွပ္စစ္ စီမံကိန္းသည္ တည္ေဆာက္ေရးကာလ ၅ ႏွစ္အပါအဝင္ ႏွစ္ေပါင္း ၃၅ ႏွစ္အတက္ အခြန္ေလ်ာ့ေပါ့့ခြင့္ ရရွိထားသည္။ ယင္းစီမံကိန္းကို တ႐ုတ္နိုင္ငံပိုင္ ေတာင္အာရွ၏ China Three Gorges လုပ္ငန္း၏ ရင္းႏွီးျမႇုပ္ႏွံမႈ လက္ခြဲတစ္ခုျဖစ္သည့္ China Three Gorges South Asia Investment Ltd က တည္ေဆာက္ျခင္းျဖစ္သည္။
Ref: Mizima

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။