ပညာတတ်တစ်ယောက်မဟုတ်ပေမယ့် အရှုံးမပေးပဲ ကြိုးစားအားထုတ်မှုတို့ကြောင့် စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်လာခဲ့သော လူငယ်လေး

လူတစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင်တတ်ကျွမ်းသော အရည်အချင်းတွေဆိုတာရှိနေပြီး ဇွဲ၊လုံ့လမပြတ်ကြိုးစားအားထုတ်ခဲ့ပါက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်သည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၃၄နှစ်အရွယ် လူငယ်တစ်ဦးသည် မိဘနှစ်ပါး ကွာရှင်းပြီး မောင်နှမသုံးယောက်အား မိခင်တစ်ယောက်တည်းကပဲ ရှာဖွေကျွေးဖို့မတတ်နိုင်တော့သည့်အခါ အလိုက်သိစွာနဲ့ ကျောင်းထွက်ပေးခဲ့သည်။
လူငယ်လေးသည် သူ့မောင်နှမ သူ့မိသားစုအတွက် ရည်ရွယ်ပြီး ရရာအလုပ်ဝင်လုပ်ကာ ကံကောင်းစွာပဲ သူ့ရဲ့ဝါသနာနဲ့ကိုက်ညီသော အထည်ချောစက်ရုံတစ်ခုမှာ နှစ်လကြာရှည်စွာ လုပ်ကိုင်ပြီး မိသားစုကို ထောက်ပံ့ပေးခဲ့သည်။
လူငယ်လေးသည် အလုပ်တစ်ခုတည်းလုပ်ကိုင်ခြင်းမျိုးမဟုတ်ပဲ အပိုဝင်ငွေများစွာရရှိသည့်အလုပ်တွေမှာလည်း ဝင်လုပ်ခဲ့ပြီး အနည်းငယ်စုဆောင်းကာ သူကျွမ်းကျင်ရာ အလှဆင်လုပ်ငန်းကို သူငယ်ချင်းနဲ့အတူပေါင်းစပ်၍ တည်ထောင်ခဲ့ချိန်မှာတော့ ကြိုးစားအားထုတ်မှုရဲ့ရလဒ်ကောင်းအနေနဲ့ အောင်မြင်လာခဲ့ပြီး ပညာတတ်ဘွဲ့ရမဟုတ်ပေမယ့် လူအများလေးစားအတုယူဖွယ်ကောင်းသူတစ်ယောက် ဖြစ်လာခဲ့သည်။
Rain (For Ialinks)
Unicode
Rain (For Ialinks)
Crd
Crd