ဂေါင်းကြီးတို့ဘာလုပ်မှာလဲမေးလိုက်တဲ့အီရန်နဲ့အပြစ်တင်တာဘဲလုပ်နိုင်တဲ့ အမေရိကန်၊ဗြိတိန်

ပင်လယ်ကွေ့ ဒေသ ရေနံတင် သဘောၤ တိုက်ခိုက်မှု အီရန်ကို ကန်၊ ဗြိတိန် ပြစ်တင်

ပြီးခဲ့တဲ့ သီတင်းပတ်က လူ ၂ ဦး သေဆုံးခဲ့ရတဲ့ အိုမန် ပင်လယ်ကွေ့ ရေနံတင် သဘောၤကို Drone နဲ့ တိုက်ခိုက်ခဲ့မှု အတွက် အီရန်နိုင်ငံကို အမေရိကန်နဲ့ ဗြိတိန်တို့က ပြစ်တင်လိုက်ကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ အခိုင်အမာ ပြောနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်လိုက်ပြီး အီရန်နိုင်ငံဟာ ဒေသတွင်းမှာ Drone လက်နက်တွေ တိုးမြှင့် ဖြန့်ချနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

အစ္စရေးလ် ဘီလျံနာ Eyal Ofer ရဲ့ လန်ဒန် အခြေစိုက် Zodiac Maritime ပိုင် ကုမ္ပဏီပိုင် Mercer Street ရေနံတင် သဘောၤကို အာရေဗျ ပင်လယ် မြောက်ပိုင်းမှာ ဒီလို တိုက်ခိုက်တာဟာ သင့်လျော်တဲ့ လုပ်ရပ် အဖြစ် ဘယ်လိုမှ အကြောင်းပြနိုင်စရာ မရှိဘူး၊ အရေးကြီးတဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို ခြိမ်းခြောက်ခြင်းသာ ဖြစ်တယ်လို့လည်း ဝန်ကြီး Blinken က ပြောဆိုထားပါတယ်။

ဒီကိစ္စ အတွက် သင့်လျော်တဲ့ တုံ့ပြန်မှု လုပ်ဖို့ အရှေ့အလယ်ပိုင်း မဟာမိတ်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Domanic Raab ကလည်း ဒီ တိုက်ခိုက်မှုဟာ တမင် ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အီရန်ရဲ့ ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
VOA
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZAWGYI