နျူကလီးယား ရေငုပ်သင်္ဘောပေါ်က ဘဝ – The Geek Text

Post Views:
8
နျူကလီးယား ရေငုပ်သင်္ဘောပေါ်က ဘဝ
နျူရေငုပ်သင်္ဘောကြီးတွေဟာ ရေအောက်မြို့တော်တွေလို့ တင်စားကြပါတယ်။
သူတို့ဟာ ရေအောက်မှာ စားနပ်ရိက္ခာ မကုန်မခြင်း နေနိုင်ကြပါတယ်။တခြားသမားရိုးကျ ရေငုပ်သင်္ဘောတွေလို ဆီဖြည့်စရာလဲ မလိုပါဘူး။
နျူရေငုပ်သင်္ဘောကြီးတွေရဲ့ သက်တမ်းက ၂၅ နှစ်လောက် ရှိနေပါပြီ။ ဒီသက်တမ်းအများစုဟာ ရေထဲမှာဘဲ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
နျူဓါတ်ပေါင်းဖို လည်ပါတ်ခုတ်မောင်းပုံကလဲ လေမလိုအပ်တဲ့အတွက် ရေမျက်နှာပြင်ပေါ်တက်စရာမလိုပါဘူး။ ဒီစွမ်းအင်က သင်္ဘောကို ရေအောက်မှာ လျင်မြန်စွာ ခုတ်မောင်းနိုင်စေပါတယ်။
ဒါပေမဲ့ သင်္ဘောပေါ်က တာဝန်ထမ်းဆောင်နေကြတဲ့ သင်္ဘောသားတွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝပုံစံက ဘယ်လိုလဲဆိုတာ သိသူနဲပါးပါလိမ့်မယ်။ ခု ဒါကို ရှာဖွေတင်ပြလိုက်ပါတယ်။
ရေငုပ်သင်္ဘောထဲက စစ်သားတစ်ယောက်ရဲ့ ဘဝက တော်တော်ခက်ခဲပါတယ်။ ဒီနေရာမှာ တာဝန်ထမ်းဖို့ စစ်ဆေးမှုအများအပြားကို ကျော်ဖြတ်ခဲ့ရပါတယ်။
စစ်ဆေးမှုကို ကျော်နိုင်ပြီဆိုရင် သင်တန်း ၂ လ တက်ရပါမယ်။ ပြီးမှသာ ရေငုပ်သင်္ဘောမှာ စတင်တာဝန်ထမ်းရပါတယ်။
ပုံမှန်အားဖြင့် သင်္ဘောပေါ်မှာ ရက် ၆၀ ကနေ ၈၀ အထိ တာဝန်ထမ်းဆောင်ရလေ့ရှိပါတယ်။
ဒါက အပြင်လောကနဲ့ ၂ လလောက် အဆက်အသွယ် ပြတ်တောက်နေတဲ့ သဘောပါ။ တခါတလေ ဆို ၆ လအထိ ကြာတဲ့ စစ်ဆင်ရေးခရီးတွေတောင် ရှိတတ်ပါတယ်။
စည်းကမ်းသတ်မှတ်ထားတဲ့ e mail တော့ သုံးခွင့်ရှိပါတယ်။ အရင်ကဆိုရင်တော့ လုံးဝ အဆက်အသွယ် လုပ်လိုမရခဲ့တဲ့ အချိန်တွေ ရှိခဲ့ဘူးပါတယ်။
လူသစ်တစ်ယောက်အတွက် ပုံမှန် လေ့ကျင့်ရေးတွေနဲ့ အချိန်ကို ကုန်ဆုံးနေရပါလိမ့်မယ်။
သင်္ဘောပေါ်က လူတိုင်းဟာ သင်္ဘောတစ်စီးလုံးအကြောင်း နားလည်နေရပါမယ်။ ဘေးကင်းလုံခြုံရေး စည်မျဉ်းတွေကိုလဲ နားလည်ထားရပါမယ်။ မတော်တဆ ဖြစ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလဲ အားလုံးလေ့လာထားရပါတယ်။
သင်္ဘောပေါ်မှာ ၆ နာရီကို တဆိုင်းနဲ့ ၃ ဆိုင်းခွဲပြီး ထမ်းဆောင်ရပါတယ်။ အိပ်စင်တွေက အမြင့် ၃ ပေ စီခွာထားပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စရှိရင် လိုက်ကာလေးဆွဲဖုံပြီး လုပ်ရပါတယ်။
ဒါက အနဲငယ် ကျဉ်းပါတယ်။ပစ္စည်းထဲ့ဖို့ ကိုယ်ပိုင်ဘီဒိုလေးတွေ ရှိပါတယ်။
အဖွဲ့သားတွေဟာ လေဖိအားသွင်းထားတဲ့ အခန်းကြီးထဲမှာ နေနေကြတာပါ။ အစားအသောက်ကတော့ အရေးအကြီးဆုံးအရာပါ။
စားသောက်ခန်းထဲမှာ စားကြပါတယ်။ အရာရှိတွေအတွက် မီနူးက အခြားသူတွေနဲ့ အမြဲတန်း အတူတူပါဘဲ။
ဒါပေမဲ့ ရေတပ်မှာတော့ ရေငုပ်သင်္ဘောသားတွေအတွက် အကောင်းဆုံး ရိက္ခါကို စီစဉ်ပေးပါတယ်။ စားသောက်ခန်းက စားပွဲတွေဟာ အများသုံး ဖြစ်ပါတယ်။
ဆိုလိုတာက စာသင်တာ လေ့ကျင့်တာတွေအတွက်လည်း သုံးပါတယ်။ ဂျူတီမရှိသူတွေက ဒီနေရာမှာဘဲ ရုပ်ရှင်ကြည့် ၊ဂိမ်းဆော့ လုပ်နိုင်ပါတယ်။
သင်္ဘောပေါ်မှာ ခရစ်ယာန် တရားဟောဆရာ ( ဘုန်းတော်ကြီး) မပါပါဘူး။ ( မှတ်ချက်။ ။ ရေပေါ်သင်္ဘောများတွင် တာဝန်ဖြင့် လိုက်ပါကြသူများရှိသည်။ )ဒါပေမဲ့ ဘာသာရေးကိစ္စတွေ လုပ်ခွင့်ပြုထားပါတယ်။ ဒီလိုအခမ်းအနားတွေလဲ စားသောက်ခန်းမမှာဘဲ လုပ်လို့ရပါတယ်။
အမှိုက်စွန့်ပစ်ရတာတော့ နဲနဲရှုပ်ထွေးပါတယ်။ ပထမ အမှိုက်တွေကို ကျစ်နေအောင်ထုပ်ပိုးပါတယ်။ ပြီးရင် ပိုက်လုံးပုံ စတီးပုံးတွေထဲ ထည့်ကြပါတယ်။ ဒါမှ စွန့်ပစ်တဲ့အခါ အလေးချိန်ကြောင့် ရေအောက်မှာ မြုပ်နေပါလိမ့်မယ်။
ပလတ်စတစ်ပစ္စည်းတွေကျတော့ ရွေးထုပ်ပြီး သိမ်ထားပါတယ်။ ရေပေါ်ရောက်မှ တခြားသင်္ဘောပေါ် လက်ဆင့်ကမ်း စွန့်ပစ်ရပါတယ်။
နေရတာ ကျဉ်းတဲ့အတွက် ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ ဒီအတွက် Gym အသေစားတစ်ခု သင်္ဘောမှာ ထည့်ပေထားပါတယ်။
ဒုံးကျည်ပြွန်တွေ ကြားက လျောက်လမ်းမှာ အပြေးလေ့ကျင့်ကြပါတယ်။ဒါကို “Sherwood Forest လို့ နာမည်ပေးထားပါတယ်။
တကယ်တော့ သင်္ဘောသားတွေအတွက် ကျန်းမာရေးက အလွန်ကို အရေးကြီးပါတယ်။ အိမ်သာတွေ အနံ့ထွက်မထွက် ယိုစိမ့်မှုရှိမရှိကိုလဲ ပုံမှန် စောင့်ကြည့်စစ်ဆေးရပါတယ်။
ခေါင်းကနေ အမြီးအထိ အိမ်သာပိုက်ထဲက အရာတွေဟာ သိုလှောင်ကန်ထဲကို သွားစုပါတယ်။ သိုလှောင်ကန်ကနေ ဖိသိပ်လိုက်ပြီး အပြင်ကိုမှုတ်ထုပ်ပစ်ပါတယ်။ အဝတ်လျော်စက် အခြောက်ခံစက်တွေလဲ တပ်ပေးထားရပါတယ်။
နောက်ပိုင်းမှာတော့ ကုန်ကျစရိတ်တွေကို လျော့ချဖို့ စဉ်းစားလာရပါတယ်။ ဒါကြောင့် နျူ ရေငုပ်သင်္ဘောဟာ ထပ်မံထုပ်လုပ်ဖို့ မလွယ်တော့ပါဘူး။
ကမ္ဘာမှာ ၉ စီးသော ရေငုပ်သင်္ဘောတွေ နစ်မြုပ်ခဲ့ပါတယ်။ ယူအက်စ်က ၂ စီးနဲ့ ဆိုဗီယက်ခေတ်က ၅ စီးနဲ့ ရုရှားခေတ်မှာ ၂ စီးပါ။တစ်ယောက်မှ အသက်မရှင်ကြပါဘူး။
ဒါကတော့ ရေငုပ်သင်္ဘောပေါ်က ဘဝတွေအကြောင်း ရှာဖွေတင်ပြခဲ့တာပါ။
သင်ဆိုရင်ရော လနဲ့ချီပြီး ရေငုပ်သင်္ဘောပေါ် နေနိုင်ပါ့မလား မန့်ခဲ့ပါအုံးလို့။
Knight News Team
Crd
Crd