န်ဴလက္နက္ထုတ္သုံးပါက ကင္ဂ်ဳံအန္းအစိုးရ နိဂုံးခ်ဳပ္သြားေစရမည္ဟု ကန္-ေတာင္ကိုရီးယား ၿခိမ္းေျခာက္


န်ဴလက္နက္ထုတ္သုံးပါက ကင္ဂ်ဳံအန္းအစိုးရ နိဂုံးခ်ဳပ္သြားေစရမည္ဟု ကန္-ေတာင္ကိုရီးယား ၿခိမ္းေျခာက္
အေမရိကန္ႏွင့္ ေတာင္ကိုရီးယား ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔က ေျမာက္ကိုရီးယားအေနျဖင့္ န်ဴကလီးယားလက္ နက္ အသုံးျပဳ၍ တိုက္ခိုက္မႈတစုံတရာျပဳလုပ္လာပါက ကင္ဂ်ဳံအန္းအစိုးရ နိဂုံးခ်ဳပ္သြားေစရမည္ဟု ၾကာသ ပေတးေန႔က သတိေပးေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားစစ္တပ္သည္ ယခုႏွစ္အတြင္း စံခ်ိန္တင္ လက္နက္စမ္းသပ္ ပစ္ခတ္မႈမ်ားျပဳလုပ္ေနျခင္းေၾကာင့္ ေဒသတြင္း စိုးရိမ္မႈ ႀကီးထြားလွ်က္ရွိသည္။ေျမာက္ကိုရီးယား၏ မည္သည့္ ရန္စမႈမ်ိဳးကိုမဆို အေမရိကန္အစိုးရ၏ န်ဴကလီးယားလက္နက္ စြမ္းေဆာင္ရည္ရွိေသာ ဗ်ဴဟာေျမာက္လက္နက္မ်ားကို အသုံးျပဳ၍ တုံ႔ျပန္သြားမည္ဟု အေမရိကန္ ကာကြယ္ေရးဝန္ႀကီးလြိဳက္ေအာ္စတင္ (Lloyd Austin) က ကတိေပးထားေၾကာင္း ေတာင္ကိုးရီးယား ကာကြယ္ေရးဝန္ႀကီး လီေဂ်ာင္ဆပ္ ( Lee Jong-sup) က ေအာ္စတင္ႏွင့္ ပူးတြဲသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္မႈဟု ယူဆရေသာ ပစ္ ခတ္မႈတစ္ခုအပါအဝင္ ေျမာက္ကိုရီးယား၏ ၾကာသ ပေတးေန႔ ဒုံးက်ည္ပစ္လႊတ္မႈအၿပီး က်င္းပခဲ့ျခင္းျဖစ္ သည္။ထို႔အျပင္ ကင္ဂ်ဳံအန္းအစိုးရသည္ ၂၀၁၇ ေနာက္ပိုင္း သတၱမအႀကိမ္ေျမာက္ န်ဴကလီးလက္နက္ စမ္းသပ္ပစ္ ခတ္သြားဖြယ္ရွိျခင္းေၾကာင့္ စိုးရိမ္မႈမ်ားရွိေနသည္။
ေျမာက္ကိုရီးယား၏ လက္နက္စမ္းသပ္မႈမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ “ဒါဟာ ေျမာက္ကိုရီးယားအတြက္ ျပင္း ထန္တဲ့ သတိေပးခ်က္ပါ” ဟု ေတာင္ကိုရီးယား ကာကြယ္ ေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။
ကာကြယ္ေရးဝန္ႀကီး လီႏွင့္ ေအာ္စတင္တို႔သည္ ေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္မႈမ်ားကို ဟန႔္တားရန္ႏွင့္ တုံ႔ ျပန္ရန္ မဟာမိတ္ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးစြမ္းေဆာင္ရည္ ျမႇင့္တင္ျခင္း၊ သတင္းအခ်က္အလက္မွ်ေဝျခင္းႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈ တိုးျမႇင့္လုပ္ေဆာင္ရန္ သေဘာ တူခဲ့ေၾကာင္း သိရသည္။
crdBurma Associated PressSource – Fox News/The Bangkok Postပုံစာ – ေျမာက္ကိုရီးယားေခါင္ေဆာင္ ကင္ဂ်ဳံအန္း
Unicodeနျူလက်နက်ထုတ်သုံးပါက ကင်ဂျုံအန်းအစိုးရ နိဂုံးချုပ်သွားစေရမည်ဟု ကန်-တောင်ကိုရီးယား ခြိမ်းခြောက်
အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ်တို့က မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက် နက် အသုံးပြု၍ တိုက်ခိုက်မှုတစုံတရာပြုလုပ်လာပါက ကင်ဂျုံအန်းအစိုးရ နိဂုံးချုပ်သွားစေရမည်ဟု ကြာသ ပတေးနေ့က သတိပေးပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် ယခုနှစ်အတွင်း စံချိန်တင် လက်နက်စမ်းသပ် ပစ်ခတ်မှုများပြုလုပ်နေခြင်းကြောင့် ဒေသတွင်း စိုးရိမ်မှု ကြီးထွားလျှက်ရှိသည်။မြောက်ကိုရီးယား၏ မည်သည့် ရန်စမှုမျိုးကိုမဆို အမေရိကန်အစိုးရ၏ နျူကလီးယားလက်နက် စွမ်းဆောင်ရည်ရှိသော ဗျူဟာမြောက်လက်နက်များကို အသုံးပြု၍ တုံ့ပြန်သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင် (Lloyd Austin) က ကတိပေးထားကြောင်း တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး လီဂျောင်ဆပ် ( Lee Jong-sup) က အော်စတင်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုဟု ယူဆရသော ပစ် ခတ်မှုတစ်ခုအပါအဝင် မြောက်ကိုရီးယား၏ ကြာသ ပတေးနေ့ ဒုံးကျည်ပစ်လွှတ်မှုအပြီး ကျင်းပခဲ့ခြင်းဖြစ် သည်။ထို့အပြင် ကင်ဂျုံအန်းအစိုးရသည် ၂၀၁၇ နောက်ပိုင်း သတ္တမအကြိမ်မြောက် နျူကလီးလက်နက် စမ်းသပ်ပစ် ခတ်သွားဖွယ်ရှိခြင်းကြောင့် စိုးရိမ်မှုများရှိနေသည်။
မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် “ဒါဟာ မြောက်ကိုရီးယားအတွက် ပြင်း ထန်တဲ့ သတိပေးချက်ပါ” ဟု တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး လီနှင့် အော်စတင်တို့သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ဟန့်တားရန်နှင့် တုံ့ ပြန်ရန် မဟာမိတ်နှစ်နိုင်ငံကြား ကာကွယ်ရေးစွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တိုးမြှင့်လုပ်ဆောင်ရန် သဘော တူခဲ့ကြောင်း သိရသည်။
crdBurma Associated PressSource – Fox News/The Bangkok Postပုံစာ – မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်း
Crd
12
Crd