နေ့တိုင်း အခက်အခဲကိုကျော်ဖြတ်ပြီး ချစ်သူနဲ့ သွားတွေ့နေခဲ့တာကြောင့် လူအများ သဘောကျမဆုံးဖြစ်စေခဲ့တဲ့ ကြောင်လေး

မကြာသေးမီက Xiao Zhu လို့ခေါ်တဲ့ အင်တာနက်အသုံးပြုသူတစ်ဦးဟာ အဖြူရောင်အမွေးနဲ့ ကြောင်မလေးကို သွားတွေ့နိုင်ရန် ခြံစည်းရိုးကို တက်ပြီး အချွန်များက စူးရှလွန်းသော်လည်း ညင်သာစွာ ရွေ့လျားနေတဲ့ ကြောင်ရဲ့ အချစ်ဇာတ်လမ်းကို တင်ပြလာခဲ့ပါတယ် ။

၎င်းကို သခင်ကြီးက သူ့အိမ်မွေးကြောင်ရဲ့ နှေးကွေးတဲ့ခြေလှမ်းများလှမ်းနေတဲ့အချိန်ကို အလွန်သတိထားမိပြီး ဓာတ်ပုံရိုက်ခဲ့လိုင်ပါတယ် ။ ဦးတည်ရာကို ရောက်သည်နဲ့ တစ်စုံတစ်ဦးကို အချက်ပြလိုက်သကဲ့သို့ ရုတ်တရက် “မြောင်မြောင်” ဆိုပြီး အော်လိုက်ပါတယ် ။

ချက်ချင်းပင် အလွန်ထူးခြားသော မြင်ကွင်းတစ်ခုကတော့ ရွှင်လန်းဖြူစင်တဲ့ ကြောင်တစ်ကောင်က ထွက်လာခဲ့ပါတယ် ။ ဒါကိုကြည့်ခြင်းဖြင့် ဆင်းရဲဒုက္ခနဲ့ ခါးသီးမှုကို မကြောက်စေတဲ့ အရာက အချစ်ဖြစ်တယ်ဆိုတာ နားလည်မိပါတယ် ။

ကြောင်ကလေး နှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက် တောက်ပြောင်တဲ့ မျက်လုံးနဲ့ ရင်းနှီးတဲ့ အမူအရာတွေ အဆက်မပြတ် ဖလှယ်နေကြပြီး သူတို့ ဒီအတိုင်း နာရီဝက်နီးပါး နေခဲ့ပါတယ် ။ ထိုထူးခြားတဲ့ပုံများကို မီဒီယာပေါ်တွင် တင်တဲ့အခါ အပြန်အလှန်ဆက်သွယ်မှုများစွာရရှိခဲ့ပါတယ် ။

ခြေလေးချောင်း စုံတွဲတစ်တွဲရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို လူတွေက အံ့ဩနေကြပါတယ် ။ အချစ်ကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း အမှန်တကယ် မှော်ဆန်လွန်းပါတယ် ။ အချစ်ဟာ လူ့လောကမှာ သာမက တိရစ္ဆာန်များမှာလည်း တည်ရှိနေပါတယ် ။ အချစ်က ကျွန်ုပ်တို့ကို မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် တွန်းအားပေးနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်ပါတယ် ။

JRose (KB Chimmy One)