နိုင်ငံသားတွေကိုထိန်းချုပ်ဖို့ တင်းကျပ်သည့် အွန်လိုင်းဥပဒေသစ်ကို ပြဌာန်းလိုက်သည့်တရုတ်နိုင်ငံ

တင်းကျပ်သည့် အွန်လိုင်းဥပဒေသစ်ကို ပြဌာန်းလိုက်သည့်တရုတ်နိုင်ငံ

ပေကျင်း- တရုတ်နိုင်ငံသည် ဩဂုတ်လ ၂၀ရက်နေ့ သောကြာနေ့တွင် နိုင်ငံမှာ အင်တာနက်လိမ်လည်မှုတွေကြုံတွေ့နေရတာကြောင့် အရေးကြီးသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ စုဆောင်းရောင်းချခြင်းမှကာကွယ်ရန် ဥပဒေသစ်တခုကိုပြဌာန်းခဲ့ပါတယ်၊ဘေဂျင်းဟာ အခုဆိုရင် ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ရှင်းလစ်ပစ်မည့်နည်းပညာကို ဦးတည်နေရပါတယ်၊

တရုတ်ထိပ်တန်းဥပဒေ ပြုအဖွဲ့ရဲ့ ဥပဒေသစ်အောက်တွင်ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို လက်ကိုင်ပြုထားတဲ့ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်အဖွဲ့အစည်းဟာ အချက်အလက်စုဆောင်းမှုကိုလျှော့ချပြီး အသုံးပြုသူရဲ့ သဘောတူညီချက်ကို ရယူဖို့လိုအက်ပါတယ်၊

သို့သော် တရုတ်ပြည်နယ်လုံခြုံရေး ယန္တရား အရ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဆက်လက်အသုံးပြုဖို့ထိန်းသိမ်းထားပါလိမ့်မယ်၊ ပေကျင်း သည် အနောက်မြောက်ပိုင်းXinjiangပြည်နယ် နှင့် အခြားပြည်နယ်များတွင် ဖိနှိပ်မှုများကို အရှိန်မြှင့်တင်ရန် နည်းပညာများ ကို အသုံးပြုနေသည်ဟု စွပ်စွဲခံခဲ့ရပါတယ်၊

စည်းမျည်းသစ်များသည် လွန်ခဲ့သောလအနည်းငယ်အတွင်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအလွဲသုံးစားလုပ်မှုတွေ ရှိတာကြောင့် Didiနဲ့ Tencent ကဲ့သို့ ဂိမ်းကုမ္ပဏီ များနှင့်အတူ တရုတ်နည်းပညာနယ်ပယ်အတွက် တုန်လှုပ်သွားစေပါတယ်၊

သောကြာ‌နေ့နံနက် ကြေညာပြီးတဲ့နောက်မှာတော့ Alibabaနဲ့ Tencentအပါအဝင် တရုတ်နည်းပညာ စတော့ရှယ်ယာများ ကျဆင်းခဲ့ပါတယ်၊

ဥပဒေအသစ်သည် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အသုံးချမှုကို ခံစားနေရသူတွေနဲ့ တရားမဝင်အချက်အလက် ရောင်းချခံရသူတွေကို ကာကွယ်ရန်ရည်ရွယ်ပါတယ် လို့ အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ က Xinhua နိုင်ငံပိုင်သတင်းဌာနအားပြောပြခဲ့ပါတယ်၊

ဒါဟာ ကုမ္ပဏီတွေမှ ဝယ်သူတွေရဲ့ ဈေးဝယ်မှတ်တမ်းကိုကြည့်ပြီး ဝန်ဆောင်မှုတခုတည်းအတွက် ဈေးနှုန်းပြောင်းလဲသတ်မှတ်ခြင်းကို တားဆီးရာရောက်ပါလိမ့်မယ်၊

သောင်းချီသော စားသုံးသူတွေက အကယ်၍ သူတို့ဟာ စီးပွားရေးခရီးသွားတွေအဖြစ်မှတ်တမ်းတင်ခံရရင် တက္ကဆီငှားရမ်းတာ သို့မဟုတ် လက်မှတ်ဝယ်ရာတွင် Iphoneအသုံးပြုသူတွေက သာမာန် ဈေးသက်သာတဲ့ ဖုန်းအမျိုးအစားသုံးသူတွေထက် ပို၍ငွေပေးချေရမည်ဖြစ်ကြောင်း စောဒကတက်ကျပါတယ် လို့ တရုတ် စားသုံးသူကာကွယ်ရေးအဖွဲ့ကပြောကြားခဲ့ပါတယ်၊

ထိုဥပဒေဟာ ဥရောပ အထွေထွေ အချက်အလက် ကာကွယ်ရေးစည်းမျဉ်းဖြစ်ပြီး အတင်းကျပ်ဆုံး ကာကွယ်ရေးစည်းမျည်းတွေထဲကတခုဖြစ်ပါတယ်၊

တရုတ်ရဲ့ လုံခြုံရေးစနစ်အသစ် ဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဖြစ်ပါတယ် လို့ ပေကျင်း အ‌ခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Triviumက အဖွဲ့ဝင်တယောက်ကပြောပါတယ်၊ “တရုတ်ဟာ ဒီဥပဒေနဲ့ပတ်သတ်ပြီး ရေတို စဉ်းစားတာမဖြစ်နိုင်ဘူး”လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်၊

အဲ့ဒီအစား သူမက “ နောက်အနှစ်၄၀မှ၅၀‌ အတွင်း ဒီဂျစ်တယ် စီးပွားရေး အခြေခံအား တည်ဆောက်ရန်ရည်ရွယ်ကြောင်း”ပြောပြခဲ့ပါတယ်

နိုဝင်ဘာ ၁ရက်နေ့တွင် အသက်ဝင်လာမည့် ထိုဥပဒေဟာ ပြည်ပစီးပွားရေးအတွက် အကျပ်အတည်းဖြစ်စေနိုင်တာကြောင့် တရုတ်နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို တရုတ်ထက် လုံခြုံရေးအဆင့်နိမ့်သည့် နိုင်ငံများလို့ လွှဲပြောင်းရန်မဖြစ်နိုင်ပါဘူး

အဆိုပါဥပဒေအား လိုက်နာရန်ပျက်ကွက်သော ကုမ္ပဏီတွေဟာ ၎င်းတို့ ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေ ၅% သို့မဟုတ် ယွမ် သန်း50 (ဒေါ်လာ 7.6သန်း )ကို ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပါတယ်၊

ဥပဒေက သတ်မှတ်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေထဲတွင် အကယ်၍ ပေါက်ကြားခဲ့ပါက လူမျိုးရေး၊ဘာသာရေးဆိုင်ရာ ခြိမ်းခြောက်မှု၊ ခွဲခြားဆက်ဆံခံရမှုကို ဖြစ်စေနိုင်တဲ့ အချက်အလက်တွေပါဝင်ပါတယ်၊

ဒါပေမယ့် နိုင်ငံအနှံ့ရှိတရုတ် လူမျိုးနေထိုင်ရာ မြို့ကြီးများတွင် စောင့်ကြည့် ကင်မရာများတပ်ဆင်ထားပြီး လက်ဗွေရာ အချက်အလက်တွေကို ုဆောင်းလျက်ရှိပါတယ်၊

Xinjiang ပြန်လည်ထူထောင်ရေးဒေသမှာနေထိုင်တဲ့ တရုတ် တိုင်းရင်းသားလူနည်းစု အဖွဲ့အစည်းက နေထိုင်သူတွေကို ရဲတွေက သူတို့နေထိုင်ရာ ဒေသ၊ဓာတ်ပုံနဲ့ အချက်အလက်တွေ ကြည့်ရှုနိုင်သည့် ဆော့ဖ်ဝဲ အား၎င်းတို့ဖုန်းထဲ ထည့်သွင်းရန် ဖိအားပေးခံနေရကြောင်းပြောပြခဲ့ပါတယ်
credit:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

zawgyi















ဒါပေမယ့် နိုင်ငံအနှံ့ရှိတရုတ် လူမျိုးနေထိုင်ရာ မြို့ကြီးများတွင် စောင့်ကြည့် ကင်မရာများတပ်ဆင်ထားပြီး လက်ဗွေရာ အချက်အလက်တွေကိုဆောင်းလျက်ရှိပါတယ်၊

credit:Evelyn
