ထိုင်းရဲမင်းကြီးရဲ့အမှုမှာ နေ့ချင်းညချင်း နာမည်ကြီးဆယ်လီဖြစ်သွားတဲ့ ရဲအုပ်မမ

ထိုင်းရဲချုပ်ဘေးမှာ မနေ့ညက အဖမ်းခံခဲ့တဲ့ရဲမှူးကြီးနဲ့ သတင်းထောက်တွေအပြန်အလှန် ဖုန်းနဲ့အင်တာဗျူးသတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ရဲ့ ဘေးမှာ ဖုန်းကိုဘေးကနေကိုင်ပြီး မိုက်ကရိုဖုန်းမှာ တေ့ထားပေးတဲ့ Mask တပ်ထားရင်း လှပကျော့ရှင်းနေတဲ့ အမျိုးရဲအရာရှိ ရဲအုပ် Miss Patarasara Rerkrut ( Viking ) ရဲ့သနင်းဟာ ဆိုရှယ်မီဒီယာမှာ တစ်ချိန်တည်းပျံ့နှံ့သွားပါတယ် ။

သူမဟာ အကယ်ဒမီရဲအရာရှိသင်တန်းအမှတ်စဉ် (၇၂ ) ကျောင်းဆင်းဖြစ်ပြီး Eng , တရုတ် ဘာသာစကားကိုကျွမ်းကျင်စွာပြောနိုင်သူဖြစ်၍ ရဲချုပ်ကြီးနားမှာအနီးကပ်ဘာသာပြန်အဖြစ်နေရသူဟုသိရပါတယ် ။

ဒါ့အပြင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနဲ့သုံးစွဲသူ စုံတွဲတစ်တွဲကို ရဲကဖမ်းဆီးပြီးတရားခံနှစ်ဦးလွတ်မြောက်ရေးအတွက် ဘတ် ၂ သန်းညှစ်ရာ မရသဖြင့် ကျွတ်ကျွတ်အိပ်ဖြင့် ခေါင်းစွတ်ကာ ထုထောင်း ညှင်း ပန်း နှိပ် စက် သတ် ဖြတ်လိုက်တဲ့ လူ သတ် တရားခံ ရဲမှူးကြီးရဲ့နေထိုင်သော ဘန်ကောက်မြို့ “ ခလောင်းစမ်ဝါ “ စီရင်စု “ ပန်ယာအင်ထလာ “ အိမ်ယာတွင် မြေဧက ၃ ဧကနီးပါးကျယ်ဝန်းသည့် ခြံကြီးထဲတွင် ဘတ် သန်း ၁၀၀ တန် အိမ်ကြီး ၂ အိမ်ကို ယနေ့မနက်က ရဲမှူးချုပ်အဆင့်ရှိ သူဦးစီးကာ သွားရောက်စစ်ဆေးရေးပြုလုပ်ခဲ့ရာမှာ ဘတ် ၁၈၇ သန်းကျော်တန်ဘိုးရှိတဲ့ တ်ဘိုးမြင့် မော်တော်ယာဉ် ၂၉ စီးကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ် ။

အသက် ၃၉ နှစ်နဲ့ရဲမှူးကြီးရာထူးရရှိခဲ့ရဲအင်စပက်တာသည် အရာရှိငယ်ဘဝက ဆင်းရဲချို့တဲ့သူ တစ်ဦးဖြစ်တယ် လို့သိရပါတယ် ၊ ရဲမှူးကြီးတစ်ဦးရဲ့လစဟာ ထိုင်းဘတ်ငွေ ၄ သောင်းကျော် ( ကျပ်သိန်း ၂၀ နီးပါး ) သာရရှ်ိပြီး ဘာ့ကြောင့်ဤမျှချမ်းသာသည်ကိုတော့အထူးပြောစရာလိုမည်မထင်ဘူးလို့ သတင်းဆောင်းပါးများကရေးသားထားပါတယ် ။

အမှတ် ၆ ရဲတိုင်းမှူးရဲ့သမီးနဲ့ ရည်ငံနေတဲ့သူတစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးနဲ့လည်းငြိစွန်းခဲ့ဖူးပါတယ် ၊ သို့သော် ၄င်းရဲ့အကျင့်ဗီဇကိုမကြိုက်နှစ်သက်၍လမ်းခွဲခဲ့တယ်လို့ဆိုပါတယ် ။

တရားခံအသတ်ခံရမှုနှင့်ပါတ်သက်သည့် VDO Clip တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်တက်လာမှဘဲ ရဲချုပ်ရုံးမှတရားရုံးတွင်ဖမ်းဝရမ်းအမိန့်ထုတ်ကာ နခွန်စဝမ်မြို့နယ်ရဲတပ်ဖွဲ့စခန်းကို အင်အားအများအပြားဝိုင်းရံခဲ့ကြပါတယ် ။

ဩဂုတ်လ ၂၅ ရက်နေ့ညနေအထိ လူသတ်မှုတွင်ပါဝင်ကျူးလွန်သည့် ရဲမှူး ( ၁ ) ဦး ၊ ဒုရဲမှူး ( ၁ ) ဦး ၊ ရဲအရာခံဗိုလ် ( ၂ ) ဦး ၊ ရဲတပ်ကြပ်ကြီး ( ၁ ) ဦး နှင့်အမှုစစ်အရာရှိ ( ၁ ) ပေါင်း ၅ ဦးကိုသာဖမ်းဆီးရရှိပြီး ဖမ်းဆီးရမိချိန် မျက်နှာဖုံးခေါင်းစွပ်များဖုံးအုပ်ထားပြီး သတင်းထောက်များနှင့်တွေ့ခွင့်မရအောင် လုံခြုံရေးအဖွဲ့များဝန်းရံထားပါတယ် ၊ ရဲများရဲ့ပြောပြချက်အရ စိတ်မြန်လက်မြန်တဲ့ ရဲမင်းကြီးကိုကြောက်ရသလို ခိုင်းရင် မလုပ်ချင်လည်းလုပ်ရတယ်လို့ အသံဖိုင်ဖြင့်ပြောပြသည် ။

အဓိက လူသတ်တရားခံ ရဲမင်းကြီးကိုဖမ်းဆီးရမိပြီဆိုတဲ့သတင်းများမှားယွင်းခဲ့တဲ့အတွက် ရဲမင်းကြီးနဲ့တပည့်ဖြစ်သူ ရဲအုပ် ၁ ဦးတို့က စခန်းကိုမဝိုင်းခင်ကတည်းကလွတ်မြောက်နေတယ်လို့ဆိုပါတယ် ၊ သူ့ရဲ့ ကားနဲ့ မြန်မာနယ်စပ် မဲ့ဆောက် ဘက်ကိုဦးတည်ပြီးမှ ချင်းရိုင်း – မယ်ဆိုင်ဘက်ကိုဦးတည်မောင်းနှင်တဲ့ လမ်းကြောင်းများကြောင့် သဘာဝတောလမ်းများမှတဆင့်အိမ်နီးချင်းနိုင်ငံထဲကိုပြေးဘို့ကြိုးစားအားထုတ်နိုင်တယ်လို့ဆိုပါတယ် ၊

ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင်ရုပ်သံသတင်းလိုင်းမှန်သမျှ အဆိုပါရဲမှူးကြီးရဲ့သတင်းများကို ထိပ်တန်းသတင်းများအဖြစ်ဖော်ပြလျှက်ရှိနေပါတယ် ။

၂ ရက်အတွင်းမှာ ဖမ်းမိတဲ့ ရဲမှူးကြီးကတော့ ယခုလိုဖြောင့်ချက်ပေးပါတယ်။

အခင်းဖြစ်တဲ့နေ့က သူ၏တပည့်ဖြစ်သူလာရောက်သတင်းပို့သည်မှာ မူးယစ်မှုဖြင့်တရားခံ ၂ ဦးဖမ်းမိလာတယ်လို့ ဆိုပါတယ်။တရားခံကိုသတ်ဘို့အထိ မရည်ရွယ်ပါဘူး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကွင်းဆက်ဖော်ထုတ်နိုင်ဘို့အချက်အလက်ရယူယုံသက်သက်အတွက် ညှစ်ရတာဟုဆို ပါတယ်။

ရဲမှူးကြီးဟောင်း ထိတိဆန်း အုထနာ ဖွန်း ( သို့ ) ကျို့ ( သို့ ) နခွန်စဝမ်ခရိုင်မြို့ ရဲတပ်ဖွဲ့မှူး ရဲမင်ကြီးဟောင်းသည် ဖုန်းမှတဆင့် သတင်းစာရှင်းလင်းပွဲသို့ ဖြောင့်ချက်ပေးဖြေကြားချက်အရ သိရတာပါ။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။