နာမည်ကို ၅ ခါ‌ေခါ်လိုက်တိုင်း သင့်နောက်ကို အမဲလိုက်မယ့် ဒဏ္ဍာရီတွေထဲက Candyman ဖြစ်ပေါ်လာပုံ
တစ်ခါက ဆင်းရဲပြီး အလုပ်ကြိုးစားတဲ့သူတစ်‌ေယာက်ရှိပါတယ်။ သူဟာဆင်းရဲပေမယ့်လည်း သူများတွေကို ကူညီတက်ကြပါတယ်။ သူ့နာမည်ကတော့ဒန်နီရယ်ပါ။လက်ရှိသူအလုပ်လုပ်နေတဲ့နေရာကတော့ပြည်တွင်းတစ်နေရာကသကြားလုံးစက်ရုံမှာအလုပ်လုပ်နေပါတယ်။
သူဟာ ပန်းချီဆွဲတဲ့နေရာမှာလည်း အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံပိုင်ရှင်က သမီးဖြစ်သူ Rose ရဲ့ပုံတူကို ဆွဲဖို့သူ့ကိုပြောခဲ့ပါတယ်။ဒါပေမယ့်လည်းပန်းချီပုံတူဆွဲနေရင်းသူတို့နှစ်ယောက်ဟာချစ်ကြိုက်မိခဲ့ကြပါတယ်။သူဌေးသမီးနဲ့ဆင်းရဲသားကြိုက်ခဲ့ကြတာကြောင့် ဖခင်ဖြစ်သူဟာအမျက်ဒေါသထွက်ခဲ့သလိုစက်ရုံလုပ်သားတွေဟာလည်းမနာလို့မုန်းတီခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ ဖခင်ရဲ့ စေခိုင်းမှုနဲ့အတူ စက်ရုံလုပ်သားတွေဟာ သူ့ကိုမသေမချင်း ထိုးကြိတ်ခဲ့ကြရင် နှိပ်စက်ခဲ့ကြပါတယ်။
မသေမချင်း နှိပ်စက်ခဲ့တာကြောင့် သူဟာနောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။ လူဟာသေဆုံးသွားခဲ့ပေမယ့် သူ့ရဲ့ဝိဉာဉ်ကတော့ ကမ္ဘာမြေကြီးပေါ်မှာရှိနေတုန်းပါပဲ။ ဒဏ္ဍာရီတွေအရတော့ “Candyman” ဆိုတဲ့နာမည်ကို ၅ ကြိမ်ခေါ်ပါက ဒန်နီရယ်ရဲ့ ဝိဉာဉ်ဟာသင့်ကို အမဲလိုက်သလိုလိုက်နေမှာဖြစ်ပါတယ်။ယနေ့တိုင်ဒီလိုခေါ်လို့ရနေတုန်းဖြစ်ပြီးမယုံကြည့်တဲ့သူတချို့ပြုလုပ်ခဲ့တာတွေရှိပါတယ်။တချို့ကတော့ဘာမှမဖြစ်ခဲ့ကြပေမယ့် တချို့ကတော့ ပျောက်ချင်းမလှပျောက်သွားတက်ပြီး ပြန်တွေ့ချိန်ကြရင်လည်းခုတ်ခံရတဲ့ဓားဒဏ်ရာများစွာကို တွေ့ရှိတက်ကြပါတယ်။
Zawgyi