■ဒုံးပျံကာကွယ်ရေးစနစ် နမူနာပုံစံကို ထုတ်ဖော်ပြသခဲ့လိုက်တဲ့ တောင်ကိုရီးယား

■ဒုံးပျံကာကွယ်ရေးစနစ် နမူနာပုံစံကို ထုတ်ဖော်ပြသခဲ့လိုက်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံက တိကျပဲ့ထိန်းဒုံးထုတ်လုပ်သူ တစ်ဦး ဖြစ်တဲ့ LIG Nex1 ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က အနိမ့်ပျံ ဒုံးပျံကာကွယ်ရေး စနစ်တစ်မျိုးရဲ့ နမူနာပုံစံ တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အနိမ့်ပျံဒုံးပျံကာကွယ်ရေး (Low-Altitude Missile defense-LAMD) ရဲ့ နမူနာပုံစံကို ဆိုးလ်မြို့တောင်ပိုင်းမှာ ရှိတဲ့ Seongnam လေတပ်စခန်းမှာပြုလုပ်ခဲ့တဲ့ ဆိုးလ်နိုင်ငံတကာ လေကြောင်းဆိုင်ရာနှင့်ကာကွယ်ရေးဆိုင်ရာပြပွဲ ၂၀၂၁ မှာ ထုတ် ဖော်ပြသခဲ့တာပါ။

ဒီ LAMD စနစ်မှာ ဒုံးပစ်စင်တစ်ခု၊ ကွပ်ကဲမှု နေရာတစ်ခုနဲ့ ဘက်စုံသုံးရေဒါတစ်လုံးတို့ပါဝင်ပါတယ်။LIG Nexlကထုတ်ဖော်ပြသခဲ့တဲ့ ဒုံးတစ်မျိုးကတော့ ကာကွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီနဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ အတိုကောက်အခေါ် K-SAAM လို့အမည်ရတဲ့ ကုမ္ပဏီရဲ့ ကိုရီးယားမြေပြင်မှဝေဟင်ပစ်တန်ပြန်ဒုံး (Korean Surface-to Air Anti-Missile) ကနေ အဆင့်မြှင့်တင်ထားတာဖြစ်တယ်လို့ ထင်မြင်ယူဆကြပါတယ်။

LIG Nex1က ဝန်ထမ်းတစ်ဦးကတော့ ဒီဒုံးမှာ ပစ်မှတ်ကို မထိခင်နောက်ဆုံးအဆင့်မှာ ထိန်းကျောင်းတဲ့ Terminal Guidance အတွက် Active Radar Seeker တစ်ခုတပ်ဆင်နိုင်ပြီး အများဆုံး အမြင့် ၅ ကီလိုမီတာမှာ အကွာအဝေး ၇ ကီလိုမီတာမှာရှိတဲ့ ပစ်မှတ်ကို ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြောကြား ပါတယ်။

ဒုံးပစ်စင်ကတော့ ဒုံပြွန် ၁၆ လုံးပါရှိပြီး ၄ လုံးတန်း ၄ တန်းနဲ့ စီစဉ်ထားပါတယ်။ ဒီဒုံးပစ်စင်ကို အသေးစားနောက်တွဲ ယာဉ်တစ်ခုပေါ်မှာတပ်ဆင်သွားဖို့ မျှော်မှန်းထားပါတယ်။

LIG Nex1ဟာ လေကြောင်းရန်ကာကွယ်ရေး စောင့်ကြည့်ထောက်လှမ်းမှု၊ ကွပ်ကဲမှုနဲ့ကြီးကြပ်မှု၊ ဆက်သွယ်ရေးနဲ့ အီလက် ထရွန်းနစ်စစ်ဆင်ရေးကဏ္ဍတွေအတွက် ကာကွယ်ရေးပစ္စည်း ပေါင်းစုံကို ကျယ်ပြန့်စွာသုတေသနပြုထုတ်လုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

ကုမ္ပဏီနဲ့ ရှိပြီး နည်းပညာတွေအပြင် စနစ်များပေါင်းစပ် တည်ဆောက်ခြင်း၊ ထိတွေ့ တိုက်ခိုက်မှုဆိုင်ရာ ထိန်းချုပ်ခြင်း၊ တိကျစွာ ခြေရာခံခြင်းနဲ့ တခြားသော အားသာချက်တွေကို အသုံးပြုပြီး မြောက်ကိုရီးယားရဲ့ အမြောက်ကဏ္ဍကနေ ကြီးထွားလာတဲ့ခြိမ်းခြောက်မှု တွေကိုရင်ဆိုင်နိုင်ဖို့ အဆန်းသစ်ဆုံး ကြားဖြတ်တိုက်ခိုက်ရေးသုံး တစ်မျိုးကို ထုတ်လုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

LAMDတွေဟာ တောင်ကိုးရီးယားက တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့ ခေတ်မီ အလွှာစုံ‌ လေကြောင်းရန်ကာကွယ်ရေးကွန်ရက် တစ်ခုရဲ့ အစိတ်အပိုင်းတစ်ရပ်လဲဖြစ်ပါ တယ်။

ဒီကွန်ရက်ထဲမှာ မြေပြင်အခြေစိုက် နဲ့သင်္ဘောအခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် တွေပါဝင်ပါတယ်။ တောင်ပိုင်းမှာရှိတဲ့ ဆိုးလ်မြို့တော်နယ်မြေ ဧရိယာကို မြောက်ပိုင်းကနေဝင်ရောက်လာမဲ့ အမြောက်ဒုံးကျည် တွေရဲ့ ရန်က ချေမှုန်းကာကွယ်နိုင်ဖို့ LAMDက အဓိကရည်ရွယ် ထားတာဖြစ်ပါတယ်။

မြောက်ကိုရီးယားစစ်ဘက်ကာ့ စစ်နယ် မြေပိုင်းခြားရေးမျဉ်းတစ်လျှောက် တာဝေးပစ်အမြောက်တွေကို ရာနဲ့ချီပြီး တပ်ဖြန့်ချထားဖို့လိုမယ်လို့ ယုံကြည်နေကြတာဖြစ် ပါတယ်။

တောင်ကိုရီးယားစစ်ဘက်က အစ္စရေးရဲ့ Iron Dome ကို ဝယ်ယူဖို့စဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အစ္စရေးထုတ်လေ ကြောင်းရန်ကာကွယ်ရေးစနစ်ဟာ စိန်ပြောင်းကျည်တွေကို တန်ပြန်ကာကွယ်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကပစ်ခတ်လာမဲ့ အမြောက်ဒုံးကျည်တွေနဲ့ တာလို ပစ် Ballistic ဒုံးပျံတွေကတော့ စိန်ပြောင်းကျည်တွေထက်ပိုပြီး စွမ်းအားကြီးနေမှာဖြစ်ပါတယ်။

LAMD စနစ်အတွက် တောင်းဆိုထားကတော့ နောက်နှစ် ထဲမှာ အဆိုပြုချက်ထုတ်ပေးနိုင်ဖို့ပါပဲ။ လေကြောင်းရန်ကာကွယ် ရေးစနစ်တွေမှာ တပ်ဖြန့်အသုံးပြုနိုင်ဖို့ကတော့ ၂၀၃၀ ပြည့်နှစ် အစောပိုင်းကာလလောက်ဖြစ်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။

LIG Nex1 အပြင် Hanwha Systems ကလည်း သူတို့ရဲ့တာဝေးပစ် မြေပြင်မှဝေဟင်ပစ်ရေဒါနဲ့ တခြားသောအာရုံခံစနစ်တွေကို ကမ်းလှမ်းပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန် စီမံကိန်း ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။ ။

crd