နဖူးပေါ်က ထင်ရှားတဲ့ အသည်းနှလုံးပုံမွေးရာပါအမှတ်အသားဖြင့် မြင်သူတိုင်းရဲ့နှလုံးသားကို အရည်ပျော်စေမဲ့ ကောင်လေး

အသက် 30 နှစ်အရွယ် Murat Engin အမည်ရှိအမျိုးသား နှင့် Ceyda အမည်ရှိအမျိုးသမီး တို့ ဇနီးမောင်နှံနှစ်ဦးတို့ဟာ 2015 ခုနှစ်မှာ ၎င်းတို့ရဲ့မိသားစုအသစ်ကို ကြိုဆိုကြတဲ့အခါ Çinar အမည်ရှိသားဦးလေးရဲ့နဖူးပေါ်မှာ ပုံမှန်မဟုတ်တဲ့ မွေးရာပါအမှတ်အသားဖြင့် မွေးဖွားလာမယ်လို့ မမျှော်လင့်ထားခဲ့ကြပါဘူး။ “ သူနာပြုဆရာမက မွေးကင်းစကလေးရဲ့ဦးခေါင်းပေါ်မှာ ပေနေတဲ့ သွေးတွေကို သန့်စင်ပေးပြီးတဲ့နောက်မှ Çinar ရဲ့နဖူးပေါ်က မွေးရာပါ အမှတ်အသားကို ပထမဆုံး မြင်ခဲ့ရတာပါ၊ ကျွန်တော် တကယ်ကို အံ့ဩသွားခဲ့တယ်၊ ကျွန်တော် သားလေးရဲ့နဖူးကို အနီးကပ်ကြည့်လိုက်တော့ အံ့ဩစရာကောင်းအောင် အဲ့မွေးရာပါအမှတ်က အသည်းနှလုံးပုံဆိုတာကို သိလိုက်ရတယ် ” လို့ ဖခင် Murat က Daily Mail သို့ ပြောကြားခဲ့ပါတယ်။

.

သားဖြစ်သူရဲ့နဖူးမှာ မွေးရာပါ အမှတ်အသားကို ရှင်းရှင်းလင်းလင်း မြင်နေရပေမယ့် Murat နဲ့ Ceyda တို့နှစ်ယောက်စလုံးက ဒါဟာ သားဖြစ်သူအတွက် ကြီးမြတ်တဲ့ ကောင်းချီးတစ်ခုလို့ ယုံကြည်ထားခဲ့ကြပါတယ်။ ၎င်းအသည်းနှလုံးပုံသဏ္ဍာန်မွေးရာပါအမှတ်အသားက ကလေးအတွက် ကံကောင်းစေရုံသာမက ကျော်ကြားမှုနှင့် ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ကြဉ်းပေးနေတာကလည်း ထင်ရှားနေခဲ့ပြီး Çinar ရဲ့ ၎င်းနှလုံးသားပုံသဏ္ဍာန်မွေးရာပါအမှတ်အသားကြောင့် မွေးဖွားပြီးပြီးချင်း သားဖွားခန်းရှိ သူနာပြုများက Çinar နှင့်အတူ ဆယ်လ်ဖီရိုက်ဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။ Çinar ကြီးပြင်းလာတာနှင့်အမျှ သူ့ရဲ့ပရိသတ်များစွာက သူ့နှင့်အတူ ဓာတ်ပုံရိုက်ချင်ကြတာကြောင့် Çinar လေးရဲ့ကျော်ကြားမှုကလည်း ဆက်လက်တည်ရှိနေခဲ့ပါတယ်။

.

” ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေအားလုံး နဲ့ အမျိုးတွေက သူ့ရဲ့နှလုံးသားပုံသဏ္ဍာန်မွေးရာပါအမှတ်အသားကြောင့် Çinar လေးကို အချစ်ကလေး လို့ ခေါ်ကြသလို ကျွန်တော်တို့ရပ်ချိန်းအတွက် ဆေးရုံကိုသွားတဲ့အခါ သူနာပြုတွေ နဲ့ ဆရာဝန်တွေက သူ့ကို ‘Hearted Boy’ လို့ ခေါ်ကြတယ်၊ သူ့မှာ ပရိသတ်တွေလည်း အများကြီးရှိနေပြီးသားပါ ” လို့ ဖခင်ဖြစ်သူ Murat က ထပ်မံ ပြောကြားခဲ့ပါတယ်။ ယခု အသက် 4 နှစ်အရွယ်ရှိပြီဖြစ်တဲ့ Çinar လေးဟာ ယခုအခါ လူအများရဲ့နှလုံးသားကို အရည်ပျော်စေတဲ့ ဆော့ကစားရတာကိုမက်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေပါပြီ။

.

.

သူ့ရဲ့ပရိသတ်များကလည်း Çinar လေးရဲ့ Instagram အကောင့်သို့ ဝင်ရောက်ကြည့်ရှုပြီး Çinar လေးရဲ့ငယ်စဉ်ကလေးဘဝက ဓာတ်ပုံများအပါအဝင် Çinar လေးရဲ့မိဘများ၊ သူငယ်ချင်းများနှင့် tag တွဲထားတဲ့ Çinar လေးရဲ့ဓာတ်ပုံများကို ရံဖန်ရံခါ အချင်းချင်း မျှဝေပေးကြရင်း Çinar လေးရဲ့ တဖြည်းဖြည်း ကြီးပြင်းလာတဲ့ပုံရိပ်များကို အမြဲမပြတ်စောင့်နေလျက်ရှိကြပါတယ်။ ” ကျွန်တော်တို့က Çinar လေးနဲ့ သူ့ရဲ့မွေးရာပါအမှတ်ကို ချစ်ပါတယ်၊ ဒါ့ကြောင့် ကြီးပြင်းလာတာနဲ့အမျှ Çinar လေးကလည်း သူ့ရဲ့အထူးမွေးရာပါအမှတ်ကို တန်ဖိုးထားမြတ်နိုးနေယ်လို့ မျှော်လင့်နေမိတယ် ” လို့လည်း ဖခင်ဖြစ်သူ Murat က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : goodtimes

Crd