နည်းပညာသိပ္ပံပညာရှင်ကို သစ္စာဖောက်မှုဖြင့် ၂ လ ဖမ်းဆီးထိန်းသိမ်းရန် ရုရှားအမိန့်ချ

ရုရှားတရားရုံးက အသံထက်မြန်တဲ့လေယာဉ် နည်းပညာသုတေသီသိပ္ပံ ပညာရှင်တစ်ယောက်ကို သစ္စာဖောက်မှုနဲ့ ၂ လ ဖမ်းဆီးထိန်းသိမ်းထားဖို့ သြဂုတ် ၂၂ ရက်မှာ အမိန့်ချလိုက်ပါတယ်။

 လုံခြုံရေးအရာရှိတွေက အသက် ၇၃ နှစ်အရွယ် ထိပ်တန်းပညာရှင် နဲ့ စိန့်ပီတာစဘက် မြို့ အခြေစိုက် အသံထက် မြန်တဲ့စနစ်သုတေသနရုံးရဲ့ ညွှန်ချုပ် အလက်ဇန်းဒါး ကူရာနော့ဗ်ကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရသတင်းဌာန တက်စ်က ရဲသတင်းရင်းမြစ်ကို ကိုးကားပြောဆိုပါတယ်။

 ကူရာနော့ဗ်ဟာ အသံထက်မြန်တဲ့ လေယာဉ်သစ်အတွက် သဘောတရားတွေကို ကြီးကြပ် လုပ်ဆောင်နေသူပါ။ 

သူဟာ ကာလကြာရှည် လုပ်ကိုင်ခဲ့တဲ့ အသံထက်မြန်တဲ့ နည်းပညာသုတေသနတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို နိုင်ငံခြားသား တယောက်စီ ပေးခဲ့တယ်လို့ သံသယရှိ ခံထားရတဲ့အကြောင်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။

 သစ္စာဖောက်မှုနဲ့ သူလျှိုမှုတွေဟာ ရုရှားမှာ များသောအားဖြင့် တံခါးပိတ် စီရင်လေ့ရှိပြီး သဘောသဘာဝအရ ဒီအမှုတွေရဲ့ အသေးစိတ် အချက်အလက်တွေဟာလည်း ဖော်ပြလေ့ မရှိပါဘူး။ 

ကူရာနော့ဗ်ရဲ့ ရှေ့နေနဲ့လည်း မှတ်ချက်အတွက် ဆက်သွယ်လို့ မရသေးပါဘူး။ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကို ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်ပါတယ်။

 ဧပြီလကလည်း လေကြောင်းပညာရပ်ဆိုင်ရာ ကထိက တစ်ယောက်ကို နည်းပညာဆိုင်ရာ သတင်းအချက်အလက်တွေ တရားမဝင် ပြည်ပတင်ပို့မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်အပြီး ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့ဖူးပါတယ်။

 ရုရှားသိပ္ပံပညာရှင်တွေ၊ စစ်သားတွေနဲ့ အရာရှိတွေဟာ လတ်တလော နှစ်တွေမှာ အထိအခိုက် မခံတဲ့ ကုန်ကြမ်းတွေကို နိုင်ငံခြားတိုင်းပြည်တွေဆီ လွှဲပေးမှုနဲ့ စွပ်စွဲခံရအပြီး သစ္စာဖောက်မှု စွဲချက်နဲ့ စီရင်ခံခဲ့ရပါတယ်။

 စွဲချက်တွေက မကြာခဏ ဆိုသလို အခြေအမြစ် မရှိပေမဲ့ အမှုအမျိုးအစားအရ မစိစစ်နိုင်ဘူးလို့ ရုရှ အစိုးရကို ဝေဖန်သူတွေက ပြောနေကြပါတယ်။

DVB

zawgyi

႐ုရွားတရား႐ုံးက အသံထက္ျမန္တဲ့ေလယာဥ္ နည္းပညာသုေတသီသိပၸံ ပညာရွင္တစ္ေယာက္ကို သစၥာေဖာက္မႈနဲ႔ ၂ လ ဖမ္းဆီးထိန္းသိမ္းထားဖို႔ ၾသဂုတ္ ၂၂ ရက္မွာ အမိန႔္ခ်လိုက္ပါတယ္။

လုံျခဳံေရးအရာရွိေတြက အသက္ ၇၃ ႏွစ္အရြယ္ ထိပ္တန္းပညာရွင္ နဲ႔ စိန႔္ပီတာစဘက္ ၿမိဳ႕ အေျခစိုက္ အသံထက္ ျမန္တဲ့စနစ္သုေတသန႐ုံးရဲ့ ညႊန္ခ်ဳပ္ အလက္ဇန္းဒါး ကူရာေနာ့ဗ္ကို ဖမ္းဆီးခဲ့တယ္လို႔ အစိုးရသတင္းဌာန တက္စ္က ရဲသတင္းရင္းျမစ္ကို ကိုးကားေျပာဆိုပါတယ္။

ကူရာေနာ့ဗ္ဟာ အသံထက္ျမန္တဲ့ ေလယာဥ္သစ္အတြက္ သေဘာတရားေတြကို ႀကီးၾကပ္ လုပ္ေဆာင္ေနသူပါ။

သူဟာ ကာလၾကာရွည္ လုပ္ကိုင္ခဲ့တဲ့ အသံထက္ျမန္တဲ့ နည္းပညာသုေတသနေတြနဲ႔ ပတ္သက္တဲ့ လၽွို႔ဝွက္သတင္းအခ်က္အလက္ေတြကို နိုင္ငံျခားသား တေယာက္စီ ေပးခဲ့တယ္လို႔ သံသယရွိ ခံထားရတဲ့အေၾကာင္း အမည္မေဖာ္တဲ့ သတင္းရင္းျမစ္ကို ကိုးကားၿပီး အင္တာဖက္စ္ သတင္းဌာနက ေဖာ္ျပပါတယ္။

သစၥာေဖာက္မႈနဲ႔ သူလၽွိုမႈေတြဟာ ႐ုရွားမွာ မ်ားေသာအားျဖင့္ တံခါးပိတ္ စီရင္ေလ့ရွိၿပီး သေဘာသဘာဝအရ ဒီအမႈေတြရဲ့ အေသးစိတ္ အခ်က္အလက္ေတြဟာလည္း ေဖာ္ျပေလ့ မရွိပါဘူး။

ကူရာေနာ့ဗ္ရဲ့ ေရွ႕ေနနဲ႔လည္း မွတ္ခ်က္အတြက္ ဆက္သြယ္လို႔ မရေသးပါဘူး။ နိုင္ငံေတာ္အေပၚ သစၥာေဖာက္မႈကို ေထာင္ဒဏ္ ႏွစ္ ၂၀ အထိ အျပစ္ေပးနိုင္ပါတယ္။

ဧၿပီလကလည္း ေလေၾကာင္းပညာရပ္ဆိုင္ရာ ကထိက တစ္ေယာက္ကို နည္းပညာဆိုင္ရာ သတင္းအခ်က္အလက္ေတြ တရားမဝင္ ျပည္ပတင္ပို႔မႈနဲ႔ အျပစ္ရွိေၾကာင္း ဆုံးျဖတ္အၿပီး ေထာင္ဒဏ္ ႏွစ္၂၀ ခ်မွတ္ခဲ့ဖူးပါတယ္။

႐ုရွားသိပၸံပညာရွင္ေတြ၊ စစ္သားေတြနဲ႔ အရာရွိေတြဟာ လတ္တေလာ ႏွစ္ေတြမွာ အထိအခိုက္ မခံတဲ့ ကုန္ၾကမ္းေတြကို နိုင္ငံျခားတိုင္းျပည္ေတြဆီ လႊဲေပးမႈနဲ႔ စြပ္စြဲခံရအၿပီး သစၥာေဖာက္မႈ စြဲခ်က္နဲ႔ စီရင္ခံခဲ့ရပါတယ္။

စြဲခ်က္ေတြက မၾကာခဏ ဆိုသလို အေျခအျမစ္ မရွိေပမဲ့ အမႈအမ်ိဳးအစားအရ မစိစစ္နိုင္ဘူးလို႔ ႐ုရွ အစိုးရကို ေဝဖန္သူေတြက ေျပာေနၾကပါတယ္။

DVB