သမိုင်းဝင်ဓာတ်ပုံတစ်ပုံ ချန်ထားရစ်ခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ နီကိုးလ်ဂျီး

သမိုင်းဝင်ဓာတ်ပုံတစ်ပုံ ချန်ထားရစ်ခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ နီကိုးလ်ဂျီး

ဒီဓာတ်ပုံက သြဂုတ်လ ၂၀ ရက်နေ့မှာ အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ဆာဂျင်နီကိုးလ်ဂျီးက အာဖဂန်ကလေးငယ်တစ်ဦးကို ပွေ့ချီပြီးစောင့်ရှောက်နေပေးနေတဲ့ပုံဖြစ်ပါတယ်။ဟာမစ်ကာဇိုင်းလေဆိပ်အတွင်း ကယ်ထုတ်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးနေတဲ့အချိန်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

နောက် ၆ ရက်အကြာဖြစ်တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာတော့ အိုင်စက် အဖွဲ့ရဲ့ ဗုံး ခွဲမှုအတွင်း ကျဆုံးခဲ့ သူတွေထဲမှာ နီကိုးလ်ဂျီးလည်း ပါဝင်သွားခဲ့ပါတယ်။ အရပ်သားစုစုပေါင်း ၁၆၀ ကျော်သေ ဆုံးခဲ့ပြီး အမေရိကန်စစ်သား ၁၃ ဦး ကျဆုံးခဲ့ ရာမှာ သူမလည်းပါဝင်ခဲ့ပြီး သူမနဲ့အတူ ကျဆုံးခဲ့ သူ တပ်ဖွဲ့ဝင်တွေထဲမှာ အသ က် ၂၀ အရွယ် တပ်ဖွဲ့ဝင်က ၅ ဦးအထိ ပါဝင်ခဲ့ပါတယ်။

အာဖဂန်ကို အမေရိကန်တို့စတင်ခြေချခဲ့ချိန်မှာ က လေးအရွယ်တွေသာရှိနေမယ့် မရိန်းတပ်ဖွဲ့ဝင်တချို့ဟာ အာဖဂန်မြေပေါ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ကျဆုံးခဲ့ရပါတယ်။ နီကိုးလ်ဂျီးက တော့ အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး ကလေးငယ်ကို ပွေ့ပိုက်ထားတဲ့ သူမရဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီး “ငါ့ရဲ့အလုပ်ကို ချစ်မြတ်နိုးတယ်” လို့ သူမက ရေးသားခဲ့ပါတယ်။

“ငါ့ရဲ့အလုပ်ကို ချစ်မြတ်နိုးတယ်”

ကယ်လီဖိုးနီးယားကဖြစ်တဲ့ ဂျီးဟာ မြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ Camp Lejeune က 24th Marine Expedeitionary မှာ ပြုပြင်ထိန်းသိမ်းရေးပညာရှင်တစ်ဦးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ အခုအခါ ကမ္ဘာကျော်ဓာတ်ပုံဖြစ်လာတဲ့ ဒီပုံကို မတင်ခင် တစ်ပတ်အလိုမှာလည်း သယ်ပို့လေယာဉ်ပေါ်တက်ဖို့စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးနောက်မှာ ရိုင်ဖယ်တစ်လက်နဲ့အတူ ရှိနေတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး “လေယာဉ်ပေါ်တက်နေသူတွေကို စောင့်ကြပ်ပေးနေတယ်” လို့ ရေးသားခဲ့ပါတယ်။

“လေယာဉ်ပေါ်တက်နေသူတွေကို စောင့်ကြပ်ပေးနေတယ်”

အာဖဂန်ကိုမထွက်ခွာခင် ၃ ပတ်လောက်ကမှ သူမဟာ ဆာဂျင်ရာထူးကို တိုးမြှင့်ခံခဲ့ရသူလည်းဖြစ်တယ်လို့ သိရပြီး ကူဝိတ်ကို တာဝန်နဲ့ရောက်နေစဉ်မှာ ရာထူးတိုးခဲ့တာဖြစ်ပါတယ်။ သူမ ကျဆုံးခဲ့ပြီးနောက်မှာတော့ သူမကို Roseville မြို့ရဲ့ သူရဲကောင်းတစ်ဦးလို့ အသိ အမှ တ်ပြုချီးကျူးခဲ့ကြပါတယ်။သူမရဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေက ချီးကျူးပြော ဆိုမှုတွေပြုလုပ်ခဲ့ကြပြီး သူမနဲ့ အမှတ်တရတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပါတယ်။ သူမဟာ အိမ်ထော င်သည်တစ်ဦးဖြစ်ပြီး ခင်ပွန်းသည်နာမည်က Jarod Gee ဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
သမိုင္းဝင္ဓာတ္ပုံတစ္ပုံ ခ်န္ထားရစ္ခဲ့ၿပီး ႏႈတ္ဆက္ထြက္ခြာသြားခဲ့တဲ့ နီကိုးလ္ဂ်ီး

ဒီဓာတ္ပုံက ၾသဂုတ္လ ၂၀ ရက္ေန႔မွာ အေမရိကန္မရိန္းတပ္ဖြဲ႕ဝင္ ဆာဂ်င္နီကိုးလ္ဂ်ီးက အာဖဂန္ကေလးငယ္တစ္ဦးကို ေပြ႕ခ်ီၿပီးေစာင့္ေရွာက္ေနေပးေနတဲ့ပုံျဖစ္ပါတယ္။ဟာမစ္ကာဇိုင္းေလဆိပ္အတြင္း ကယ္ထုတ္ေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ကူညီေပးေနတဲ့အခ်ိန္မွာ ရိုက္ကူးထားခဲ့တာျဖစ္ပါတယ္။

ေနာက္ ၆ ရက္အၾကာျဖစ္တဲ့ ၾသဂုတ္လ ၂၆ ရက္ေန႔မွာေတာ့ အိုင္စက္ အဖြဲ႕ရဲ့ ဗုံး ခြဲမႈအတြင္း က်ဆုံးခဲ့ သူေတြထဲမွာ နီကိုးလ္ဂ်ီးလည္း ပါဝင္သြားခဲ့ပါတယ္။ အရပ္သားစုစုေပါင္း ၁၆၀ ေက်ာ္ေသ ဆုံးခဲ့ၿပီး အေမရိကန္စစ္သား ၁၃ ဦး က်ဆုံးခဲ့ ရာမွာ သူမလည္းပါဝင္ခဲ့ၿပီး သူမနဲ႔အတူ က်ဆုံးခဲ့ သူ တပ္ဖြဲ႕ဝင္ေတြထဲမွာ အသ က္ ၂၀ အရြယ္ တပ္ဖြဲ႕ဝင္က ၅ ဦးအထိ ပါဝင္ခဲ့ပါတယ္။

အာဖဂန္ကို အေမရိကန္တို႔စတင္ေျခခ်ခဲ့ခ်ိန္မွာ က ေလးအရြယ္ေတြသာရွိေနမယ့္ မရိန္းတပ္ဖြဲ႕ဝင္တခ်ိဳ႕ဟာ အာဖဂန္ေျမေပၚမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ၿပီး က်ဆုံးခဲ့ရပါတယ္။ နီကိုးလ္ဂ်ီးက ေတာ့ အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးၿပီး ကေလးငယ္ကို ေပြ႕ပိုက္ထားတဲ့ သူမရဲ့ ဓာတ္ပုံကို အင္စတာဂရမ္မွာ ေဖာ္ျပခဲ့ၿပီး “ငါ့ရဲ့အလုပ္ကို ခ်စ္ျမတ္နိုးတယ္” လို႔ သူမက ေရးသားခဲ့ပါတယ္။

ကယ္လီဖိုးနီးယားကျဖစ္တဲ့ ဂ်ီးဟာ ေျမာက္ကယ္ရိုလိုင္းနားမွာရွိတဲ့ Camp Lejeune က 24th Marine Expedeitionary မွာ ျပဳျပင္ထိန္းသိမ္းေရးပညာရွင္တစ္ဦးအျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ အခုအခါ ကမၻာေက်ာ္ဓာတ္ပုံျဖစ္လာတဲ့ ဒီပုံကို မတင္ခင္ တစ္ပတ္အလိုမွာလည္း သယ္ပို႔ေလယာဥ္ေပၚတက္ဖို႔ေစာင့္ဆိုင္းေနတဲ့ လူအုပ္ႀကီးေနာက္မွာ ရိုင္ဖယ္တစ္လက္နဲ႔အတူ ရွိေနတဲ့ ဓာတ္ပုံကို တင္ခဲ့ၿပီး “ေလယာဥ္ေပၚတက္ေနသူေတြကို ေစာင့္ၾကပ္ေပးေနတယ္” လို႔ ေရးသားခဲ့ပါတယ္။

အာဖဂန္ကိုမထြက္ခြာခင္ ၃ ပတ္ေလာက္ကမွ သူမဟာ ဆာဂ်င္ရာထူးကို တိုးျမႇင့္ခံခဲ့ရသူလည္းျဖစ္တယ္လို႔ သိရၿပီး ကူဝိတ္ကို တာဝန္နဲ႔ေရာက္ေနစဥ္မွာ ရာထူးတိုးခဲ့တာျဖစ္ပါတယ္။ သူမ က်ဆုံးခဲ့ၿပီးေနာက္မွာေတာ့ သူမကို Roseville ၿမိဳ႕ရဲ့ သူရဲေကာင္းတစ္ဦးလို႔ အသိ အမွ တ္ျပဳခ်ီးက်ဴးခဲ့ၾကပါတယ္။သူမရဲ့ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြ၊ ရဲေဘာ္ရဲဘက္ေတြက ခ်ီးက်ဴးေျပာ ဆိုမႈေတြျပဳလုပ္ခဲ့ၾကၿပီး သူမနဲ႔ အမွတ္တရေတြကို လူမႈကြန္ရက္ေပၚမွာ မၽွေဝခဲ့ၾကပါတယ္။ သူမဟာ အိမ္ေထာ င္သည္တစ္ဦးျဖစ္ၿပီး ခင္ပြန္းသည္နာမည္က Jarod Gee ျဖစ္ပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။