ဒေါ်လာစျေး ကျဆင်းရခြင်း လှည့်ကွက်များနှင့် ခုချိန်မှာ ဝယ်စုထားသင့်တဲ့ အကြောင်းအရင်း

ဒေါ်လာစျေး ကျဆင်းရခြင်း လှည့်ကွက်များနှင့် ခုချိန်မှာ ဝယ်စုထားသင့်တဲ့ အကြောင်းအရင်း

ဒေါ်လာစျေး ကျဆင်းရခြင်း နောက်ကွယ်က လှည့်ကွက်များနှင့် ခုချိန်မှာ ဒေါ်လာ ဝယ်စုထားသင့်တဲ့ အကြောင်းအရင်း..

အခုအတော အတွင်းမှာ ဒေါ်လာစျေး အနည်းငယ် ပြန်ကျတော့၊ လူတိုင်းလူတိုင်း က ဘာလို့လဲ၊ ဘာလို့လဲ ဆိုပြီး သို့လော သို့လော ဖြစ်ကြတယ်။ အဲ့တော့ ကျနော် ညဏ်မှိ သလောက် ရှင်းပြပေးမယ်။

၁။ US dollar စျေး၊ ရွှေစျေး၊ ထိုင်း baht စျေး၊ အိမ်ခြံမြေ၊ ကားစျေး က အစ 2020 နဲ့ ယှဥ်ရင် 100% မက တက်သွားတယ် လို့ ပြောလို့ရတယ်။ ဟုတ်ပြီ ဘာလို့တက်တာလည်း? တကယ်က အဲ့ဒီကောင်တွေ က မတက်ဘူး မြန်မာငွေ တန်ဖိုးထိုး ကျသွားတာ။ အဲ့တော့ အာဏာ သိမ်းသိမ်းချင်း တစ်လမှာ အဲ့လောက် တန်ဖိုးကျလား။ မကျဘူး။ ဘာလို့ မကျလည်း ဆိုရင် သူ့မှာ စစချင်းမှာ အဲ့လောက် ပြင်းထန်တဲ့ ရိုက်ခတ်မှု မရှိသေးဘူး။ လူတွေက အလုပ်လုပ်လို့ ရနေသေးတယ်။ ကုန်မနီတွေ သူ့ဟာသူ လည်ပတ်နေသေးတယ်။ NLD လက်ထက်က ရှာခဲ့တဲ့ budget နဲ့ လက်ကျန်ငွေ ရှိနေသေးတယ်။

နိုင်ငံခြား ကုန်မနီ တွေ Telenor တို့၊ Ooredoo တို့လို နဲ့ တစ်ခြား နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှု ကန်ပဏီ တွေ အများကြီး ရှိနေခဲ့သေးတယ်။ နောက်တော့ စကစ က policy တွေ ပြောင်းတယ်။ Dollar အကောင့်တွေ ကို အပိုင်သိမ်းပြီး မြန်မာငွေ ပြန်ပေးတယ်။ ဘဏ်တွေ ပိုက်ဆံ ထုတ်မပေးနိုင်ဘူး။ တစ်ဖြည်းဖြည်းချင်း ကုန်မနီတွေ ထွက်ကုန်တယ်။ အလုပ်အကိုင်တွေ တစ်နှစ်ကျော် အတွင်းသိသိသာသာကြီး ကျဆင်းတယ်။ ကုန်မနီတွေ ပြည်တွင်းကနေထွက်ခွာတယ်။ အလုပ်အကိုင်ရော၊ ကုန်သွယ်မှုရော အလွန်အမင်းကျဆင်းတယ်။ NLD လက်ထက်က ရှာထားသမျှ budget လည်း ကုန်ရော၊ လွန်ခဲ့တဲ့လက တစ်ရက်ထဲ မှာပဲ မြန်မာငွေ အဆမတန် ကျဆင်းပြီး US Dollar စျေး 4000 ကျော်၊ စလုံး Dollar 3000 ကျော် အထိ ထိုးတက်သွားတယ်။

၂။ ဓာတ်ဆီရှာ မရတော့ဘူး။ ဆီတွေ import လုပ်ဖို့ အတွက် ခက်ခဲတယ် US Dollar ပြန်မရတော့၊ ပြန်မသွင်း နိုင်တာကနေ စတယ်။ အဲ့လို ဖြစ်တဲ့ အချိန်မှာ သူတို့ စကစ အနွယ်ဝင်တွေနဲ့ ကုန်သည်တွေက Dollar ရှိရက်နဲ့ ထပ်ပြီး အသည်းအသန် လိုက်ဝယ်၊ လိုက်ဝယ်ပြကြတယ်။ ကျန်လူ အများစုကလည်း emotion အရ လိုက်ဝယ်တော့၊ Dollar စျေးက တကယ်ရှိသင့် နှုန်းထက် အမြန် ထတက်သွားတယ်။ အဲ့ဒါကို စကစ လည်း သိတယ်။ ကြောက်တယ်။ ဆီကုန်သည်တွေကို ခေါ် ညှိတယ်။ US Dollar ၃ လစာ ထုတ်ချေးပေးမယ် ဆီလည်း ပြန်သွင်းပေးဖို့ ဆိုပြီး ညှိနှိုင်းတယ်။ ဆီကုန်သည်တွေ ဆီမှာက နဂိုကတည်းက လက်ထဲ Dollar လည်း ရှိပြီးသား၊ Dollar လည်း ချေးပေးလိုက်တော့ လိုအပ်တာထက် လောလောဆယ်မှာ ပိုလျံတော့ Dollar စျေးနည်းနည်း ကျတယ်။

အခု ကျနေတဲ့ dollar စျေးကို အရမ်းကျပါတယ် ဆိုတဲ့ အနေပြပြီး၊ အရင် တက်စျေးနဲ့ ဝယ်မိတဲ့ လက်လီ လူတွေ ဆီကနေ သတင်းလွှင့်ပြီး ထပ်လိုက်ဝယ်တယ်။ သူတို့လို စီးပွားရေး သမားတွေကလည်း ရောင်းပြတယ်။ ရောင်းတာ မဟုတ်ဘူးနော်၊ ရောင်းပြတာ။ Dollar တွေ စျေးကွက်ထဲ ပေါတယ် ဆို​ပြီးတော့။ ပေါလို့ ဆိုပြီး၊ ကြောက်တဲ့ သူတွေက ချရောင်းတာကို မသိမသာနဲ့ ခု လိုက်စုပြီးဝယ်တယ်။ စဥ်းစားရမယ့် အချက် Dollar စျေးတက်မတက် ကို မကြည့်ပါနဲ့ မြန်မာပြည် အရင်လို ချက်ချင်း စီးပွားရေ ပြန်ကောင်းပြီး၊ မြန်မာငွေကြေး ပြန်မာကျော လာလို့လား ဆိုတာကို ကြည့်ပါ။ မဟုတ်ရင် ဒါက ခနတာ လက်ကြီးသမားတွေရဲ့ လှည့်ဖျားမှုဆိုတာ သိဖို့လိုတယ်။ ဥပမာ၊ မြင်အောင်ပြောရရင် ပဲ၊ ပြောင်း နှမ်း၊ ဆန် က အစ အထွက်များ နေတယ်၊ ပေါနေတယ် ဆိုပြီး၊ လက်ကြီး သမားတွေက စျေးအောက်ချပြီး၊ သူတို့ လက်ထဲ အလုံအလောက်ရှိမှ စိတ်ကြိုက်ထပ်ကစား တာမျိုး။ လုပ်ဖို့ကြိုးစားနေတာ။

၃။ အတည်မပြုနိင်သေးတဲ့၊ ဖရဲသီး သတင်းရပ်ကွက်က ထွက်လာတာ။ ပြည်တွင်းက ဘာ export မှ ကောင်းကောင်း မရှိပဲ။ ဘယ်လို ဒေါ်လာစျေး ပြန်ကျမလဲပေါ့။ အဲ့တာ ဘာလဲ ဆိုတော့ အရင်တုန်း ကတည်းက အစိုးရကိုယ် တိုင်ဖမ်းမိထားတဲ့ ဘိန်းတွေ ထုတ်ရောင်းပေးတာရော၊ ဘိန်းကုန်သည် တစ်ချို့ကို နားလည်မှုယူ၊ လုပ်ပိုင်ခွင့်ပေး လွှတ်ပေးထားပြီး၊ သူတို့ဆီက Dollar ကို လှည့်ထားတယ်။ ဘိန်းရောင်းပြီး ပြည်တွင်း Dollar အောက်လမ်းက အနည်း ငယ်ရထားတာကို ရေရှည် ဖြေရှင်းနိုင်သလိုအချိုးနဲ့၊ လှည့်စားပြပြီး ကျစျေးနဲ့ dollar တွေ ကိုသိမ်းတယ်။

၄။ Dollar က စက်သုံးဆီ ကုန်သည်တွေနဲ့ သူတို့ ပြန်ဝယ်ချင်လို့ ခန လှည့်စားထားပေမယ့်၊ ကျန်တဲ့ စားသောက်ကုန်၊ ဆေးဝါး၊ အခြား လူသုံးကုန်သမား ကုန်သည်တွေကို ထုတ်ချေးနိုင်လောက်အောင် တကယ်မရှိတော့၊ အခြားသော စားသောက်ကုန်တွေက စျေးမကျဘူး။ ပြည်တွင်းက ပြည်သူတွေက ဆက်ပြီး ခံစားရတယ်။ Dollar စျေးကျပြီး၊ ကုန်စျေး နှုန်းဘာလို့ မဆင်းလဲဆိုရင် တကယ်မှ တခြားကုန်စည်ဝယ်ဖို့ အတွက်က Dollar မှ မရှိတာ။

၅။ နောက်ပြီးတော့ ထုတ်ပေးတာမဟုတ်ပဲ၊ ထုတ်ချေးတာ ၃ လပဲ ဖြစ်တဲ့အတွက် စက်သုံးဆီ သမားတွေ ကိုယ်တိုင်က၊ Dollar စျေးကျအောင် အရောင်ပြပြီး၊ ရသလောက်ပြန်ဝယ်နေတယ်။ နောက်တစ်ခါ ဟုန်းကနည်း ထတောက်အောင် လုပ်ကြအုံးမယ်။

၆။ မကြာသေးခင်က ထွက်လာတဲ့ သတင်းကို လူတိုင်းကြား မိကြမှာပဲ၊ အဲ့တာ ဘာလည်း ဆိုတော့ သ​ဘော်သားတွေရဲ့ Dollar ကို သိမ်းမယ်။ ပြည်တွင်းက သူတို့ပေါက်စျေးနဲ့ ပြန်ဖြတ်ပေးမယ်ဆိုတာ။ အဲ့တာ အပြင်နောက်ထပ်က ကိုရီးယား၊ ဂျပန် တို့ကို MoU နဲ့ သွားရတဲ့ အလုပ်သမားတွေဆီက Dollar ကိုပါ။ စာချုပ်ပါအတိုင်း မြန်မာငွေနဲ့ ပြန်ဖြတ်ပေးဖို့ လုပ်နေတယ်။ တကယ်သာ Dollar စျေးကျပြီး၊ အဆင်ပြေနေရင် အလိုတွေ လုပ်ပါ့မလား။ တကယ် စဥ်းစားကြည့်ကြပါ။

၇။ နောက်ဆုံး လုံးဝ၊ လုံးဝ မသက်ာစရာက wave တို့၊ kbz အပါအဝင် ၊ အခြား ဘဏ်တွေမှာ သူတို့ တရုတ်က နည်းပညာ အကြံပေးတွေကို ငှားပြီး၊ ပြည်သူတွေရဲ့ KYC data တွေ အတွက် Sever ထိုင်ထားတယ် ဆိုတာ မကြာသေးဘူး။ KBZ ဘဏ်ဆိုရင် အကုန် လုပ်ပြီးပြီပြောတယ်။ အဲနောက်မှာ အစမ်းကာလအနေနဲ့ သူတို့ထိန်းချုပ်နိုင်မှုကို စမ်းသပ်တယ်။ Kpay၊ Wave အကောင့်တွေ ကို transaction များရင် ပိတ်ချတယ်။ အကောင့်ပိုင်ရှင်တွေက နိုင်ငံခြား မှာလည်း မရှိဘူး၊ ပြည်တွင်းကနေ ပြီးဖြေရှင်းရင် ပြန်ဖွင့်ပေးတယ်။ မပေးရင် အကုန်သိမ်းတယ်။ အဲ့လိုလုပ်တာက သူတို့တွေရဲ့ survey နဲ့ pattern ပေါ်အောင် တရုတ်က နည်းပညာ အကြံပေးတွေ ခိုင်းတဲ့ အတိုင်းစမ်း လုပ်နေတာ။

၈။ ခုနောက်တစ်ဆင့် ထောင်ချောက်ကို ထပ်ဆင်တယ်။ သဘော်သားတွေ၊ MoU တွေရဲ့ ဝင်ငွေ ကို ထိမ်းချုပ်လို့ ရပေမယ့်၊ ကျန်တဲ့ နိုင်ငံခြားက သူတွေ ရဲ့ အကောင့် နဲ့ ဝင်ငွေကို ထိလို့မရသေးတော့။ ခုဆို စလုံး DBS ဘဏ်က ငွေလွှဲ နှုန်းကို အပြင်ပေါက်စျေးထက် ပိုမြင့်အောင် လုပ်ပေးထား တယ်။ အာဏာသိမ်း ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ တစ်ပတ်လောက်က မှ ဖြစ်လာတာ၊ ဒါပထမ ဆုံးပဲ။ အစွန်းထွက် နည်းနည်း ပိုရလည်း ၊ မနည်းဘူး ဆိုပြီး အားရပါးရ လွှဲကြတယ်။ လောလောဆယ် ကို စလုံး DBS က လွှဲနေတာ ကိုယ်က မအလ ဆီ dollar သွားပေးနေတာဖြစ်ပြီ ဆိုတာ သတိမထား မိကြဘူး။ သူတို့က အဲ့ဒီလူတွေ ရဲ့ KYC ကို ရသွားပြီ၊ ခုဆို။ ဘယ်အကောင့်က နိုင်ငံခြားငွေ ဝင်တယ်၊ အဲ့ဒီလူက ပြည်တွင်း ကလား နိုင်ငံခြား ကလား ဆိုတာ၊ စခွဲခြားနေပြီ။

နောက်မှာ ပြည်တွင်း က အကောင့်ကိုရော၊ (ဖရဲသီး တစ်ချို့ သတင်းပေးချက်အရ) ပြောလို့ မရသေးတဲ့ အကြောင်းအရာတွေနဲ့ အဲ့ဒီ လူတွေဆီက Dollar ထပ်ကျ လာအောင် လုပ်တော့မယ်။ သူတို့လိုချင်တဲ့ အချက်အလက် အကုန်ရရင် မကြာခင် တရားဝင် ထုတ်ပြန်လိမ့်မယ်။

တကယ့် အကောင်းဆုံး အကြံညဏ်ပေးရရင် ခုချိန်မှာ Dollar စုဆောင်းဖို့ အကောင်းဆုံး အခွင့်အရေး ဘုရားက နောက်တစ်ကြိမ်ပေးတယ်လို့ ယူဆထားပြီး၊ ကျစျေးနဲ့ နိုင်ငံခြားငွေ ဝယ်စုသင့်တယ်။ တန်ဖိုးကျဆင်းနေတဲ့ မြန်မာငွေကို လက်ထဲ မကိုင်ထားဖို့နဲ့ စကစရဲ့ သူတို့ အကျိုးအတွက် ကာလတို လှည့်စားမှုမှာ ကိုယ့်အကောင့်နဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတာကို သိမသွား ဖို့အရေးကြီးပါတယ်။ (Min Yan Shin)

Crd

Crd

arkarta