ဒူဘိုင်းမှာ စမ်းသပ်ပျံသန်းမှု့ ပြုလုပ်ခဲ့တဲ့ တရုတ် မောင်းသူမဲ့ ပျံသန်းနိုင်သော လျှပ်စစ်ကား…

ဒူဘိုင်းမှာ စမ်းသပ်ပျံသန်းမှု့ ပြုလုပ်ခဲ့တဲ့ တရုတ် မောင်းသူမဲ့ ပျံသန်းနိုင်သော လျှပ်စစ်ကား…

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ Xpeng ရဲ့ လေကြောင်းကနေ တနင်္လာနေ့က ယူအေအီး မှာ ပျံသန်းနိုင်သောယာဉ်ကို စမ်းသပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ urban mobility market သို့ အဓိကခြေလှမ်း တစ်ခုအဖြစ် အမှတ်အသားပြုခဲ့ပါတယ်။

Xpeng Aeroht ရဲ့ ပ ဉ္စမမျိုးဆက် မော်ဒယ်ဖြစ်တဲ့ လျှပ်စစ် X2 ဟာ ဒူဘိုင်းမှာ ကျင်းပတဲ့ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး နည်းပညာပွဲများထဲမှ တစ်ခုဖြစ်သော GITEX Global 2022 မှာ စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မော်ဒယ်ကို 2021 ခုနှစ် ဇူလိုင်လက ရှန်ဟိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပွဲဦးထွက်ပြသခဲ့တာပါ။ ၎င်းဟာ တရုတ်နိုင်ငံလုပ် မော်ဒယ်ရဲ့ ပထမဆုံး public overseas flight ဖြစ်တဲ့အပြင်

“Xpeng ရဲ့အနာဂတ်ရွေ့လျားနိုင်မှုကိုရှာဖွေရာမှာ အဓိကခြေလှမ်း” လို့ခေါ်တဲ့ ကုမ္ပဏီအတွက် ထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်လည်းဖြစ်ပါတယ်။ နှစ်ယောက်စီး X2 ဟာ အလေးချိန် 560 ကီလိုဂရမ်ရှိပြီး low-altitude မြို့ပြမြင်ကွင်းများဖြင့် ဒီဇိုင်းထုတ်ထားပါတယ်။

၃၅ မိနစ်အထိ ပျံသန်းနိုင်ပြီး အမြင့်ဆုံးပျံသန်းမှု အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ ဖြစ်ပါတယ်။ အဆိုပါ flying car ကို ကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နိုင်သလို အလိုအလျောက်လည်းပျံသန်းနိုင်မှာဖြစ်တယ်။

အနာဂတ်မှာ low-altitude မြို့ပြပျံသန်းမှုများအတွက် သင့်လျော်မည်ဖြစ်ပြီး လည်ပတ်ကြည့်ရှုခြင်းနှင့် ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကဲ့သို့သော ခရီးတိုမြို့တွင်းခရီးများအတွက် သင့်လျော်လာနိုင်မှာဖြစ်တယ်။

လေယာဉ်များ,ရဟတ်ယာဉ်များနှင့် မတူဘဲ၊ ပျံသန်းနိုသော ကားများဟာ လျင်မြန်သော အချက်ပြ ကိုယ်ရေးကိုယ်တာ ခရီးသွားခြင်းကို ပေးစွမ်းနိုင်ပါတယ်။ ပျံသန်းနိုင်သောကားများကို eVTOL ယာဉ်များဟု အတိုကောက်ခေါ်ဝေါ်ကြပြီး

လျှပ်စစ်စွမ်းအင်နဲ့ ဒေါင်လိုက် အတက် အဆင်းအတွက် အတိုကောက်ဖော်ပြပါတယ်။ Xpeng ကနေ ယွမ် ၁ သန်း (ဒေါ်လာ ၁၃၉၂၀၀) အောက် စျေးနှုန်းဖြင့် မော်ဒယ်ကို ၂၀၂၄ ခုနှစ်တွင် အလုံးအရင်းဖြင့် ထုတ်လုပ်မည်ဟု ယမန်နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

ပေါ်ပေါက်လာသော eVTOL မော်တော်ယာဉ် ကဏ္ဍကို မြို့ပြယာဉ်ကြောပိတ်ဆို့မှုအတွက် အနာဂတ်ဖြေရှင်းချက်တစ်ခုအဖြစ် ရှုမြင်ပြီး မြို့ကြီးများတွင် တစ်ကိုယ်ရေ သွားလာလှုပ်ရှားမှုအတွက် ရွေးချယ်စရာအသစ်တစ်ခုဖြစ်ပါတယ်။

Credit…Ga Mone Pwint (GMP) Motors

Unicode











Credit…Ga Mone Pwint (GMP) Motors

Crd

Crd

arkarta