ထူးထူးဆန်းဆန်းနယ်စည်းခြားထားပုံများ

အားလုံးပဲ မဂ်လာပါရှင်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား နယ်စပ်ကို ပရိတ်သတ်ကြီးဘယ်လို ပုံဖော်ကြည့်ဖူးလဲ။ သံဆူးကာ ခြံစည်းရိုးတွေ လုံခြုံရေးတွေနဲ့ အစောင့်ခွေးတွေနဲ့တော့ ကာကွယ်ထားကြမှာပါ။ နိုင်ငံ အချင်းချင်း ကူးသန်းသွားလာမယ်ဆိုရင်တော့ passport ရှိရမှာဖြစ်ပြီး မဟုတ်ရင်တော့ နိုင်ငံထဲ ဝင်လို့မရပါဘူး။ ဒါပေမယ့် နယ်စပ်တိုင်းမှာ ဒီလိုပုံစံနဲ့ပဲ ကာကွယ်ထားတာ မဟုတ်ပါဘူး။ ထူးဆန်းတဲ့ နည်းလမ်းတွေ နဲ့ စည်းခြားကာကွယ်ထားတဲ့နိုင်ငံတွေလည်းရှိပါတယ်။ ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းနယ်စည်းခြားထားပုံတွေကို ပြောပြပေးသွားမှာမို့ ကျွန်မတို့ကြည့်လိုက်ကြရအောင်နော်။ 

ဘယ်ဂျီယံနဲ့ နယ်သာလန်

ဘယ်ဂျီယံနိုင်ငံရဲ့ပိုင်နက် ဘာလာဟားတော့ခ် မြို့ငယ်လေးဟာ ကမ္ဘာ အံဖွယ်ထဲမှာ  ပါဝင်တယ်လို့ဆိုရမှာပါ။ ဂီဇာပိရမစ်တွေလောက် မထူးဆန်းပေမယ့်လည်း သူ့မှာလည်း သူ့ဆွဲဆောင်မှုနဲ့သူရှိပါတယိ။ အကြောင်းရင်းကတော့ ဘယ်ဂျီယံနဲ့ နယ်သာလန်ရဲ့ နယ်စပ်ဟာ တော်တော်လေး ရှည်လျားလို့ပါ။ ဘယ်ဂျီယံ မြို့ရဲ့တစ်ချို့အပိုင်းတွေက ဘယ်ဂျီယံ နယ်စပ်ကနေ ၅ ကီလိုမီတာအကွာမှာရှိတဲ့ နယ်သာလန်ပိုင်နက်နယ်မြေထဲ ရောက်နေတာမျိုးတွေ ရှိပါတယ်။ နယ်မြေတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းက အခြားနယ်မြေပိုင်နက်ထဲကို လုံးဝရောက်နေပြီး ကာရံထားတာမျိုးကို နယ်နိမိတ်ခြားပိုင်နက်လို့ ခေါ်တာပါ။ နည်းနည်းတော့ရှုပ်ထွေးတာပေါ့။ အဲ့ထက်ပိုဆိုးတာက တခြားနယ်မြေထဲရောက်နေတဲ့ ဘယ်ဂျီယံ အပိုင်းထဲမှာ ဒတ်ချ် ရဲ့ပိုင်နက်လည်းရှိနေတာမျိုးကို အဆင့်ဆင့်နယ်နိမိတ်ခြားပိုင်နက်လို့ ခေါ်ကြပါတယ်။ ပရိတ်သတ်ကြီး တွေ့တဲ့အတိုင်းပဲ ဘာလာဟားတော့ခ် ကတော့တော်တော်လေးရှုပ်ထွေးတဲ့နေရာလို့ပြောရမှာပါ။ ၁၈၄၃ခုနှစ် မှာ ဘယ်ဂျီယံနဲ့နယ်သာလန်နှစ်နိုင်ငံကြား နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက် ခုလို ရှုပ်ထွေးတဲ့ နယ်နိမိတ်အပိုင်းအခြား ဖြစ်လာတာပါ။ အဲ့ခေတ်အလယ်ပိုင်း လောက်က သဘောတူညီချက်အရ နယ်မြေတစ်ခုအတွင်းမှာပဲ သူအပိုင်းနဲ့သူ ခွဲထားတာမျိုးတွေ ရှိလာပါတယ်။ အကုန်လုံး က သူအပိုင်း ကိုယ့်အပိုင်းဆိုပြီး အားလုံးခွဲခြားထားပြီး အဲ့ဒေသက အိမ်တွေကိုတောင် ပိုင်းခြားထားတာမျိုးတွေရှိလာတာပေါ့။ Dutch မှာ စာသောက်ဆိုင်တွေ စောစောပိတ်ရမယ်ဆိုတဲ့ ဥပဒေထွက်လာတဲ့ အခါ နယ်စပ်နားမှာရှိနေတဲ့ဆိုငိတွေမှာတော့ customer တွေကဘယ်ဂျီယံအပိုင်းက စားပွဲကို အေးအေးလူလူ ရွှေ့သွားရုံပါပဲ ဒါအပြင် နယ်သာလန်မှာ မီးရှုးမီးပန်းတွေ ရောင်းချတာကို အပြင်းအထန်တားမြစ်ထားပေမယ့် ဘယ်ဂျီယံနိုင်ငံမှာတော့ ခွင့်ပြုထားပါတယ်။ ဒါကြောင့်လည်း နယ်သာလန်လူမျိုးတွေတော်တော်များများ ဘာလာဟားတော့ခ်ကို သွားလည်ပြီး နှစ်သစ်ကူးပွဲတော်အတွက်သူတို့လိုချင်တဲ့ မီးရှူးမီးပန်းတွေ သွားဝယ်ကြတာပေါ့။ 

သြစတြေးလျနဲ့ ဂျာမနီ 

ယူဟော့ဇ်က သြစတြေးလျမှာရှိတဲ့ တိုင်ရောရဲ့သီးခြားပြည်နယ်အာဏာရ ရွာလေးတစ်ရွာပါ။ ဒါပေမယ်လည်း အဲ့ရွာလေးက သြစတြေးလျအပိုင်လို့သာ ဆိုရုံရှိပြီး ဂျာမနီပိုင်နက်ထဲရောက်နေတဲ့နယ်မြေတစ်ခုပါ။  သြစတြေးလျရဲ့ ဘယ်နေရာကိုမှ သွားလို့ရတဲ့လမ်းမရှိဘဲ ဂျာမနီနယ်မြေအတွင်းကိုသာ သွားလာလို့ရတာမို့၁၉၉၅ EU မှာ သြစတြေးလျမပါဝင်ခင်အထိ ယူဟော့ဇ်ရွာလေးက ဂျာမန်ဧရိယာထဲကိုရောက်သွားခဲ့တာပါ။ ငွေကြေးအနေနဲ့လည်း ၂၀၀၂ခုနှစ် ယူရိုငွေ စတင်မသုံးရခင်အထိ သြစတြေးလျငွေကြေးအစား ဂျာမန်ငွေကြေးစနစ်ကိုသာအသုံးပြုခဲ့ကြတာပါ။ ခုခေတ်မှာတော့ ယူးဟော့ဇ်က ကျန်တဲ့ သြစတြေးလျ နယ်ပယ်တွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုတော့ရှိလာပါပြီ။ ဒါပေမယ် ဂျာမနီပိုင်နက်ကိုလုံးဝဖြတ်စရာမလိုပဲ တန်းရောက်သွားတာမျိုးတော့မဟုတ်ပါဘူး။ ဒါကိုတေါ့ ဖန်ဆင်းရှင် လာဖြေရှင်းပေးမှပဲရမယ်လို့ ပြောရမလိုပါပဲ။  ဘာလို့လဲဆိုတော့ ယူးဟော့ဇ်ကို တန်းရောက်သွားဖို့ဆိုတာက တော်တော်လေးခက်တဲ့ အနေအထားပါ။ ဒါကဘယ်လိုစခဲ့တာလဲဆိုတော့ ၁၃၄၂ ခုနှစ်တုန်းက တိုင်ရောမှာ နေထိုင်သူတစ်ယောက်က ဒီမြေကို ၁၃၄၂ ခုနှစ်မှာဝယ်ခဲ့တာပါ။ ဝယ်ယူသွားတဲ့သူက တဖြည်းဖြည်းသူရဲ့တခြားပိုင်ဆိုင်မှုလေးတွေထပ်ဖြည့်ပြီး ဧရိယာတော်တော်များများကို ဝယ်ခဲ့ပါတယ်။ ၁၈၄၄ခုနှစ်ကချုပ်ဆိုခဲ့တဲ့ ဘာဗေရီယန်- သြစတြေးလျံ (Bavarian Austrian ) သဘောတူစာချုပ်အရ ယူးဟော့ဇ်ကို သြစတြေးလျ ပိုင်နက်မြေအဖြစ် တရားဝင်သတ်မှတ်ခဲ့ကတည်းက ခုလိုဖြစ်လာတာပါ။ သူရဲ့တည်နေရာက နည်းနည်းထူးဆန်းနေပေမယ့်လည်း ၂၀၁၉ နှစ်စပိုင်းကအချက်အလက်တွေ အရ အဲ့ရွာလေးမှာ လူပေါင်း ၂၉၄ ယောက်လောက်သာနေထိုင်ပြီး ဒီထူးခြားတဲ့မြို့လေးက ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နေရာလေးတစ်ခုဖြစ်လာပါတော့တယ်၊ 

ရုရှားနဲ့ USA

ဒိုင်အိုမီဒီကျွန်း(Diomedes)ဟာ ဘဲယင်း(Bering) ရေလက်ကြား အလယ်လောက်မှာ ကျွန်းနှစ်ခုရယ် ကျောက်ဆောင်တွေရယ်နဲ့ ဖွဲ့စည်းထားတာပါ။ ရုရှားနဲ့ USA ကြားမှာရှိပြီး ကျွန်းတစ်ခုစီကို ဒီနိုင်ငံတစ်ခုစီကပိုင်တာပါ။ ရက်ပ်မွန်(Rapmon) ကျွန်းလို့ခေါ်တဲ့ ဒိုင်အိုးမီးဒီကျွန်းကြီးက ရုရှားအပိုင်ဖြစ်ပြီး (Christen Stan) ခရစ်စတန် စတန်း လို့ခေါ်တဲ့ ဒိုင်အိုးမီးဒီး ကျွန်းငယ်ကတော့ USA အပိုင်ဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ အပြည်ပြညိဆိုင်ရာနယ်စပ်ကတော့ ကျွန်းတစ်ကျွန်းစီရဲ့ နှစ်ကီလိုမီတာ အကွာမှာရှိတာပါ။ ဒါပေမယ့်ကျွန်းနှစ်ကျွန်းအကြားအနီးစပ်ဆုံးအကွာအဝေးကတော့ ၃.၈ ကီလိုမီတာလောက်ပဲရှိတာပါ။ ရုရှားနဲ့USA ဒီလောက်နီးမယ်လို့ ဘယ်သူကထင်မှာလဲ ပရိတ်သတ်ကြီးရေ။ ဆောင်းတွင်းရောက်ရင် ကျွန်းနှစ်ကျွန်းကြားမှာ ရေခဲတံတားလိုမျိုးလေးဖြစ်လာတဲ့ အတွက် ရုရှားနဲ့ USA ကို လမ်းလျှောက်ပြီးတော့တောင်ကူလို့ရပါတယ်။ ဒါပေမယ့် ပရိတ်သတ်ကြီးတို့ သိကြတဲ့အတိုင်းပဲ  နယ်စပ် ပိုင်နက်နယ်မြေတွေကို အထူးဂရုပြုတတ်ကြတာမို့ ကျွန်းတစ်ကျွန်းနဲ့ တစ်ကျွန်း ခရီးသွားလာတာမျိုး တားမြစ်ထားတာပါ။ ဒါပေမယ့် ၁၉၈၉ခုနှစ်မှာ ရုရှားနဲ့ အမေရိကန်ကြားမှာ ဒေသခံတွေအနေနဲ့တော့ Visa လွတ်လပ်ခွင်နဲ့ သွားလာနိုင်တယ်ဆိုတဲ့ သဘောတူညီမှုတစ်ခုရှိခဲ့ပါတယ် ။ ဒါပေမယ့် ရက်မွန်ကျွန်းရဲ့လူဦးရေအများစုဟာ ရုရှားပြည်မပိုင်းကိုပြောင်းရွှေ့သွားကြတာများပါတယ်။ အဲ့တာကြောင့် ခုဆိုရင် အရှေ့ပိုင်းအကျဆုံးရုရှားလူမျိုးတွေနဲ့ ရှေ့တန်းတပ်ဖွဲ့တွေ ရုရှားစစ်တပ်တွေပဲ ရှိတော့တဲ့အတွက် လွာ်လွယ်ကူကူသွားလို့ရတဲ့နေရာတော့မဟုတ်တော့ပါဘူး ပရိတ်သတ်ကြီးရေ။ တစ်ဖက်မှာလည်း ခရစ်စတန်စတန်းကျွန်းမှာ လူဦးရေတစ်ရာလောက်ဖွဲ့စီးထားပြီး့ ကျောင်းလေးတစ်ကျောင်း၊ ဆိုင်လေးတစ်ဆိုင်နဲ့ ရွာလေးတစ်ရွာလည်းရှိပါတယ်။ ရာသီဥတုကောင်းတဲ့ အချိန်မှပဲ ဟယ်လီကော်ပတာနဲ့ စာပို့တာမျိုးလုပ်ကြပါတယ်။ 

USA နဲ့ ကနေဒါ

ကနေဒါနဲ့အမေရိကန်ရဲ့ နယ်စပ်မြေဟာဆိုရင် ကီလိုမီတာကိုးထောင်နီးပါးလောက်တောင်ရှိတာပါ။ အမှန်တော့ စာကြည့်တိုက်နဲ့ ကဇာတ်ရုံသာ မရှိရင် နယ်နိမိတ်မြေဟာလည်း ခုလောက် ရှည်လျားကျယ်ပြန့်နေမှာ မဟုတ်ပါဘူး။ ဟက်စခက်အဲဖရီး စာကြည့်တိုက် (Haskell Free Library) နဲ့ ကဇာတ်ရုံတစ်ခုဟာ ကနေဒါနဲ့ အမေရိကန်ရဲ့ နယ်နိမိတ်နေရာမှာ ဆောက်ထားတာပါ။ ဒါဟာ မှားပြီးဆောက်ထားတာ မဟုတ်သလို အပျော်သဘော ဆောက်ခဲ့တာလည်းမဟုတ်ပါဘူး။ ယဉ်ကျေးမှုနဲ့ ပညာရေး တိုးတက်စေရေးဋ္ဌာနအဖြစ်  နှစ်နိုင်ငံနယ်နမိတ်ဆက်ဆံရေးကို အထောက်အကူဖြစ်စေဖို့ရည်ရွယ်ထားခဲ့ခြင်းပါ။ ရည်ရွယ်ထားသလိုလည်း တကယ်ပဲထိရောက်ခဲ့တာ ပရိသတ်ကြီးသိပါသလား။ ဒီအဆောက်အဦ ကို ၁၉၀၁ ခုနှစ်  မှာစဆောက်ခဲ့ပြီး ၁၉၀၄ ခုနှစ်မှာ ဆောက်လုပ်ရေးအားလုံးပြီးသွားပါတယ်။ စကားမစပ် အဲ့တာဆောက်တုန်းက ဒေါ်လာ ငါးသောင်းပဲကုန်ကျခဲ့ပြီး အဲ့ခေတ်အနေနဲ့ဆို ဈေးသင့်တယ်လို့ဆိုရမှာပါ။ တော်တော်များများကတော့ ဆောက်လုပ်ခဲ့တဲ့ကဇာတ်ရုံက Boston ကဇာတ်ရုံနဲ့ တထေရာတည်း ပုံစံတူဆောက်ထားတာလို့ပြောကြပေမယ့် အမှန်တော့ အဲ့လိုမဟုတ်ပါဘူး။ ဘာပဲပြောပြော ဒီဆောက်အဦဟာ တမူထူးခြားတာတော့အမှန်ပါပဲ။ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ ခုလိုမျိုး နှစ်နိုင်ငံနယ်နိမိတ်ကြားပေါ်မှာ ဆောက်ထားတဲ့ ကဇာတ်ရုံမျိုးပေါ်မှာ ထိုင်ကြည့်နေနိုင်တာမျိုး မရှိဘူးလေ။ ပရိတ်သတ်တွေထိုင်နေတဲ့နေရာအများစုက အမေရိကဘက်မှာဖြစ်ပြီး ဖျော်ဖြေရေးစင်နေရာကတော့ ကနေဒါဘက်ကိုရောက်နေတာမျိုးပါ။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ ဒီလို စာကြည့်တိုက်မျိုးကို ပရိတ်သတ်ကြီး တွေ့နိုင်မှာ မဟုတ်ပါဘူး။ စာကြည့်တိုက်အရှေ့တံခါးက အမေရိကန်ပိုင်နက်အခြမ်းမှာဖြစ်ပြီး စာအုပ်တွေထားတဲ့နေရာက ကနေဒါပိုင်နက်နေရာမှာဖြစ်ပြီး စာဖတ်ခန်းကတော့ နှစ်နိုင်ငံမြေပိုင်နက်နေရာမှာပါ ပရိတ်သတ်ကြီးရေ။ 

အီဂျစ်နဲ့ဆူဒန်

ကျွန်မတို့ ကမ္ဘာမြေပေါ်မှာ နိုင်ငံပေါင်းများစွာရှိတဲ့အပြင်နိုင်ငံတိုင်းကလည်း သူတို့ ပိုင်နက်နယ်မြေကိုယ်စီ လိုအပ်ကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ပိုင်နက်နယ်မြေမှမဟုတ်တဲ့ ပိုင်ရှင်မဲ့ နယ်နိမိတ်တွေလည်းရှိပါတယ်။ အဲ့ထဲမှာမှ Bir Twil (ဘစ်ထဝေး) လို့ခေါ်တဲ့ နယ်နိမိတ်ဧရိယာကတော့ အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆူဒန်နိုင်ငံရဲ့ အနောက်ဘက်တောင်ဘက်နဲ့ အရှေ့ဘက်တစ်လျောက်မှာရှိတဲ့ နယ်မြေအပိုင်းအခြားလေးပါ။ ထောင့်လေးဘက်ရှိနေပေမယ့်လည်း တစ်ခါတစ်လေ ဘစ်ထဝေး တြိဂံလို့ခေါ်ကြပါတယ်။ သူရဲ့ ပုံစံက အရေးမကြီးပါဘူး တကယ်စိတ်ဝင်စားစရာကောင်းတာက ဘယ်သူမှ ဒီမြေကို မလိုချင်ကြတာပါပဲ။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းလောက်က ဗြိတိန်နိုင်ငံက အီဂျစ်နဲ့ သဘောတူညီမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့နေရာကို နယ်နိမိတ်သတ်မှတ်နေတုန်းမှာ အပြောင်းအလဲနှစ်ကြိမ်လုပ်ခဲ့တဲ့ ပြသနာစပါတော့တယ်။ တစ်ကြိမ်မှာတော့ ဘစ်ထရေး က အီဂျစ်ပိုင်နက်မြေလို့ သတ်မှတ်ပြီး ပိုအဖိုးတန်တဲ့ ဟာလာအိဗ် တြိဂံက ဆူဒန်ရဲ့အပိုင်ဖြစ်တယ်ဆိုတဲ့ အကြောင်းပါလာပါတယ်။ သဘောတူထါးတဲ့နယ်မြေသတ်မှတ်ချက်အရဆိုရင် ဒါဟာ နှစ်နိုင်ငံရဲ့သဘောထားနဲ့ဆန့်ကျင်နေပါတယ်။ ရလဒ်ကတော့ ဟာလာအိဘ် (Hala’ib) တြိဂံကိုပဲ နှစ်နိုင်ငံလုံးက တောင်းဆိုပြီး ဘစ်ထရေးကိုတော့ ဘယ်သူမှ မတောင်းဆိုကြပါဘူး။ အဲ့လိုနဲ့ပဲ ဘစ်ထရေးက နှစိနိုင်ငံရဲ့ နယ်နိမိတ်ဖြစ်နေပေမယ့်လည်း ဘယ်နိုင်ငံကမှ သူတို့မြေလို့ မသတ်မှတ်ကြပါဘူး။ ကမ္ဘာပေါ်မှာ အဲ့လိုနေရာမျိုးများများစားစားမရှိပါဘူး။ အမှန်တော့ အီဂျစ်က ဘစ်ထရေးကို အုပ်ချုပ်နေတာပါ  ဒါပေမယ့် အဲ့နယ်နိမိတ်နေရာကို သူတို့အပိုင်မြေပုံမှာတော့ တစ်ခါမှ ထည့်သွင်းမဖော်ပြပါဘူး။ 

အာဂျင်တီးနားနဲ့ ဘရာဇီး 

နာမည်ကြီး အကွာဇူ(Iguazu) ရေတံခွန်ကို ကြည့်လိုက်ရရုံလေးနဲ့တင် အဲ့နေရာကို ဘယ်တော့မှ မေ့လို့ရတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့အဲ့နေရာလေးကတော်တော်လေး ခမ်းနားပြီး လှလွန်းတာကိုး။ ဘရာဇီးနဲ့ အာဂျင်တီးနားကြားနယ်နိမိတ် အကွာဇူမြစ်မှာရှိတဲ့ ရေတံခွန်ပေါင်း ၂၇၅ ခုစုဝေးရာနေရာလေးပါ။ လေပေါ်အမြင့်ကနေကြည့်မယ်ဆိုရင်အဲ့တာက အဂ်လိပ်အက္ခရာ J ပြောင်းပြန်ပုံစံလေးပါ။ ညာဘက်မှာက ဘရာဇီးနယ်နိမိတ်မြေဖြစ်ပြီး ၉၅ရာခိုင်နှုန်းသော အကွာဇူမြစ်ရေစီးဆင်း တဲ့နေရာလေးပါ။ ဒါပေမယ့် ဘရာဇီးဘက်မှာ ရေတံခွန် နှစ်ဆယ်ရာခိုင်နှုန်းကျော်ကျော်သာ ပါရှိပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အာဂျင်တီးနားဘက်ခြမ်းမှာပါ။ တော်တော်လေးကြီးတဲ့ကျွန်းတွေအပါအဝင် ကျွန်းတော်တော်များများကရေတံခွန်တွေကို တစ်ခုနဲ့တစ်ခုပိုင်းခြားထားပေးပါတယ်။ တံတားငယ်လေးတွေဆောက်ထားတဲ့အတွက်ကြောင့် ကျွန်းတစ်ကျွန်းနဲ့တစ်ကျွန်းကြား လမ်းလျှောက်သွားလာရင်း အကွာဇူ ရေတံခွန်တွေရဲ့ အလှကို ရှုထောင့်ပေါင်းစုံကနေ ခံစားလို့ရတာပေါ့။ ဒါ့ကြောင်မို့လည်း တောင်အမေရိကမှာ ရေတံခွန်တွေက လည်ပတ်သူအများဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တာ မဆန်းပါဘူးနော်။ ဒီကို နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း တစ်သန်းခွဲကနေ နှစ်သန်းထိရှိကြပါတယ်။ အကွာဇူရေတံခွန်နားမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့အပြင် ဟော်တယ်တွေ၊ စခန်းချနားခိုစရာနေရာတွေ၊ ကုန်းလမ်းမလည်းရှိတဲ့အပြင် တောင်တက်တောလမ်းတွေလည်းရှိကြတာမို့ ဒေသခံအများစုကလည်း ခရီးသွားလုပ်ငန်းပဲ လုပ်ကြတာပေါ့။ ဒါတွေကိုကြည့်ပြီး ကျွန်မတို့ နိုင်ငံနှစ်နိုင်ငံရဲ့ နယ်နမိတ်အကြောင်းကို ပြောနေတာဟုတ်ရဲ့လားလို့တောင် ယုံရခက်ခက်ဖြစ်သွားကြမှာပါ။ 

USA နဲ့ မက်ဆီကို

USA နဲ့ မက်ဆီကိုနိုင်ငံနယ်နိမိတ် ကတော်တော်လေး တင်းတင်းကြပ်ကြပ်ကာကွယ်ထားသင့်တယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် အခု ဆန်ဒီရေဂို နဲ့ တီအူရားနား(San Diego and Tijuana)  ကြားကနယ်နိမိတ်မှာ လုံးဝအံသြဖို့ကောင်းတဲ့ အချက်တွေကို ပရိတ်သတ်ကြီး တွေ့ရမှာပါ ပထမဆုံးပြောပြချင်တာကတော့ ဒီဒေသဟာ နိုင်ငံတကာ နယ်နိမိတ်ကူးသန်းသွားလားရေး အချက်အချာနေရာပါ။ မက်ဆီကိုနိုင်ငံရဲ့နယိမြေ တီအူရားနားနဲ့ အမေရိကန်ပိုင် နယ်မြေ ဆန်ဒီရေဂို  ကြား နယ်စပ်ကပ်ရပ်မှာရှိနေတာပါ။ အမေရိကန်နဲ့ မက်ဆီကိုကြားမှာ မြို့ရွာတွေ တစ်ဆက်တည်းဖြစ်သွားပြီး ၂၀၁၂ ခုနှစ်မှာ လူဦးရေငါးသန်းနီးပါးထိရှိလာခဲ့တာပါ။ ဒါပေမယ့်လည်း နယ်စပ်ကိုတော့ တံတိုင်းတွေနဲ့ကာရံထားပြီးတခြားနယ်နိမိတ်တွေလိုမျိုးပဲ နယ်စပ်စစ်ဆေးရေးဂိတ်သုံးခုတော့ထားရှိပါတယ်။ တံတိုင်းတွေကာရံထားပေမယ့်လည်း ခြံစည်းရိုးကနေပဲ စကားအေးအေးဆေးဆေးပြောပြီး ပျော်စရာအချိန်လေးတွေ ဖန်တီးတတ်ကြပါတယ် ဥပမာပြောရရင် သူတို့ဟာ တစ်ဖက်နိုင်ငံက မိတ်ဆွေ မိသားစုတွေနဲ့ ကစားတဲ့ အပြည်ပြည်ဆိုင်ရာ နယ်စည်းခြား ဘောလီဘောပွဲ ဆိုပြီးကျင်းပတတ်ကြပါတယ်။ ဒီလိုပွဲမျိုးကို နှစ်နိုင်ငံကလူတွေ ဆုံလို့ရတဲ့ သူငယ်ချင်းပန်းခြံ လို့နာမည်ပေးထားတဲ့နေရာလေးမှာ ကျင်းပလေ့ရှိပါတယ်။ အမေရိကန်ဘက်အခြမ်းက လုံခြုံရေး ကို အထူးတင်းကြပ်တဲ့အတွက်ကြောင့် အဲ့ပန်းခြံကို တစ်ပတ်နှစ်ကြိမ်သာသွားခွင့်ပြုပြီး နယ်စည်းစောင့်ကြပ်လုံခြုံရေးတွေကလည်း စောင့်ကြည့်နေကြတာပေါ့။ ခြံစည်းရိုးကနေတစ်ဆင့် အစားအသောက် ပိုက်ဆံ လက်ဆောင်အပြင် စာရွက်စာတမ်းလေးတောင် ပေးလို့မရပါဘူး ဟုတ်ပါတယ် လုံခြုံရေးကို တော်တော်လေးတင်းကြပ်ထားတဲ့နေရာပါ။ မက်ဆီကိုလူမျိုးတွေအတွက်တော့ ပန်းခြံသွားတာကိုလည်း ဘာမှထူးထူးခြားခြားကန့်သတ်ထားတာမျိုးမရှိပါဘူး။