ထူးထူးခြားခြား လမ်းမကြီးရဲ့အလယ်မှာ တည်ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အုတ်ဂူ

လမ်းမကြီးရဲ့အလယ်မှာ တည်ရှိနေတဲ့ အုတ်ဂူကတော့ Turkey နိုင်ငံရဲ့ Sivas ဆိုတဲ့မြို့ရဲ့ လမ်းမကြီးတစ်နေရာမှာ တည်ရှိနေခဲ့တာပါ ။ ဒေသခံတွေရဲ့ပြောကြားချက်အရ အဆိုပါရှေးကျလွန်းနေပြီဖြစ်တဲ့ အုတ်ဂူဟာ အစပိုင်းမှာတော့ အိမ်ဝန်းထဲမှာ တည်ရှိခဲ့ပုံပါ ။ နောက်ပိုင်းမှာတော့ လမ်းဖောက်လုပ်လို့ နေရာရွှေ့ပြောင်း ဖယ်ပေးရင်းနဲ့ အခုလိုကျန်ရစ်ခဲ့တာဖြစ်ပါတယ် ။ မည်သူရဲ့အုတ်ဂူလဲဆိုတာကိုတော့ သေသေချာချာမသိရပေမဲ့ ဒေသခံတွေကတော့ အဆိုပါအုတ်ဂူကို အနှောက်အယှက်တစ်ခုလို့ လုံးဝမမြင်ခဲ့ကြပါဘူး ။

အချို့သောသူတွေရဲ့ပြောပြချက်အရ အရင်အိမ်ဝိုင်းပိုင်ရှင်က အဆိုပါအုတ်ဂူကို ဖယ်ဖို့လုပ်ခဲ့ပေမဲ့ အုတ်ဂူပိုင်ရှင်ဟာ အိမ်မက်ထဲပေါ်လာလို့ မဖယ်ရှားရဲခဲ့တာဖြစ်ပြီး ၊ နောက်ပိုင်း လမ်းဖောက်လုပ်သူကိုယ်တိုင်က အဆိုပါနည်းတူ အိမ်မက်မျိုး မက်ခဲ့လို့ အုတ်ဂူကို ဘားမှ မပြုလုပ်ဘဲ အခုအတိုင်းချန်ရစ်ထားခဲ့တာဖြစ်ကြောင်း ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရှိရပါတယ် ။

အဆိုပါအုတ်ဂူဟာ အာဇာနည်တစ်ဦးဦး ဒါမှမဟုတ် ပညာသင်ဆုရ ကျောင်းသားတစ်ဦးဦးရဲ့ အုတ်ဂူဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းရပါတယ် ။ အကြောင်းကတော့ အချို့သောသူတွေဟာ ပန်းစည်းတွေနဲ့ အဆိုပါအုတ်ဂူသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိကြလို့ပါပဲ ။ အဆိုပါအုတ်ဂူဟာ အစပိုင်းမှာမည်သူကမှ သတိမထားမိပေမဲ့ နောက်ပိုင်းမှာမှ ကောင်းကင်ဓာတ်ပုံကြောင့် အခုလို social media ပေါ်မှာ အတော်လေးကို ကျော်ကြားပြီးရေပန်းစားသွားခဲ့ရတာ ဖြစ်ပါတယ် ။

Jasmine (KBdailynews)

Reference : odditycentral

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi