ထူးခြားစွာဖြင့် ကိုယ့်ပုံကို ပန်းချီကားပြန်ဆွဲနိုင်သည့် လိမ်မာပါးနပ်သောဆင်လေး







Zawgyi

ထူးခြားစွာဖြင့် ကိုယ့်ပုံကို ပန်းချီကားပြန်ဆွဲနိုင်သည့် လိမ်မာပါးနပ်သောဆင်လေး

ဆင်များသည် အသိပညာ ပိုကြွယ်ဝသော တိရစ္ဆာန်လေးများဖြစ်ပြီး လိမ်မာလျှင် လိမ်မာသလို လူသားတို့အတွက် အကျိုးပြုကာ လူတို့ဧ။်အချစ်ကိုခံရသော သတ္တဝါလေးများဆိုလည်း မမှားပါ။

ယခုအခါတော့ ထိုင်းနိုင်ငံရှိ ဆူဒါအမည်ရှိသော ဆင်လေးတစ်ကောင်သည် ပန်းချီပညာရပ်တွင် ထူးချွန်ပြောင်မြောက်သော လက်ရာများကြောင့် လူမှုကွန်ယက်တွင် ရေပန်းစားနေခဲ့သည်။

ဆင်လေးသည် ပုံမှန်မဟုတ်ပဲ ကိုယ့်ပုံကို ပြန်ရေးဆွဲနိုင်သည့် အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားပြီး နေရာအနှံ့လိုက်လံကာ ဖျော်ဖြေပြသခြင်းဖြင့်လည်း ဝင်ငွေများစွာ ရှာနိုင်ခဲ့သည်။

ဆင်လေးသည် အရွယ်နှင့်မလိုက်အောင် သေးသွယ်သော စုတ်တံလေးကို နှာမောင်းကြီးဖြင့်ကိုင်ကာ စိတ်ရှည်လက်ရှည်နှင့် ပန်းချီများရေးဆွဲကာ နာမည်လေးပါ ရေးထိုးထားခဲ့သည်။

ဆင်လေးဧ။် အရည်အချင်းကို ကြည့်ပြီး ပန်းချီဆွဲတတ်အောင် သင်ကြားပို့ချသူ ဆင်ဦးစီးကိုလည်း ဆင်လေးနှင့်အတူ ချီးမွမ်းခဲ့ကြသည်။

Crd