ထိုင်းဝန်ကြီးချုပ်မှ ဆန္ဒပြလူထုကြီးကို ဘယ်လိုဗရမ်းဗတာတွေပြောလိုက်လဲ

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူထုဆန္ဒပြပွဲကြီးတွင် စုရပ်ဖြစ်တဲ့ “ ချိုင်းစမွန်းဖုမ်း “ ကျောက်တိုင်ကို နေရာအသီးသီးမှချီတက်ရောက်ရှိတဲ့လူထုကြီးကိုလုံခြုရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဂက်စ်ငွေ့ဗုံးများပစ်ခတ်ဖြိုခွင်းခဲ့ကြကြောင်း သိရပါတယ်။

ပြည်သူတွေနဲအပြန်အလှန်ပစ်ပေါက်ခဲ့ကြသလို အဓိကပါဝင်သူ ၁၂ ဦးတို့ကို ဆန္ဒပြရာတွင်အသုံးပြသည့် သက်သေခံလက်နက်မျိုးစုံများနှင့်အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချပ် ပီယ ကသတင်းထောက်များကိုခပ်တည်တည်နဲ့ Mask တပ်ပြီးပြောကြားခဲ့ပါတယ် ။

အခြေအနေတွေတည်ငြိမ်အောင် အဘက်ဘက်ကနေထိန်းသိမ်းပေးတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှင့်တာဝန်ရှိသူတွေကို ဗိုလ်ချုပ်ကြီးဟောင်း ပရွတ် ကျန်အိုချာ ကကျေးဇူးတင်စကားပြောကြားလိုက်ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ Mr. Anucha BuraphaChaisri ၏ပြောကြားချက်အရ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးကို ပူးတွဲတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရွတ် ကျန်အိုချာ က ဩဂုတ်လ ၇ ရက်နေ့က ၄င်းကို ရာထူးကနေဖြုတ်ချဘို့ ချီတက်ဆန္ဒပြပြည်သူတွေကို တာဝန်ရှိဌာနဆိုင်ရာပေါင်းစုံနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအားလုံး အဓိကရုဏ်းအခြေအနေတွေကို နိုင်ငံတကာအခြေခံမူအတိုင်း ဟန့်တားထိန်းချုပ်နိုင်ခဲ့တာကိုကျေးဇူးအထူးတင်ရှိကြောင်း ပြောဆိုပါတယ်။

မဖြစ်မနေထိန်းသိမ်းရမယ့်အခြေအနေမျိုးကိုရောက်ရှိလာတဲ့အတွက် ဆောင်ရွက်ကြတာကိုနားလည်ကြောင်း ၊ အလားတူ ၄င်းအားအကြိမ်ပေါင်းမရေတွက်နိုင်အောင် ဝန်ကြီးချုပ်ရာထူးကနေဖယ်ရှားနိုင်ဘို့ သောင်နဲ့ချီတဲ့ချီတက်ဆန္ဒပြကြတဲ့ ချစ်ရသောပြည်သူတွေဘက်ကလည်း ရည်မှန်းချက်နေရာအထိ ချီတက်မလာကြဘဲ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရဲ့ဟန့်တားချက်များကို ကြည်ဖြူစွာလက်ခံကြကာ စောစောစီးစီးလူစုခွဲသွားကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း အမှာစကားပြောကြားလိုက်တယ်လို့ဆိုပါတယ် ။

ဝန်ကြီးချုပ် ( သို့ ) ကာကွယ်ရေးဝန်းကြီး ( သို့ ) ကာကွယ်ရေးဦးစီးချုပ်ဟောင်းကတော့ လူထုအုံကြွမှုကြောင့် ပျက်စီးဆုံးမှုများ ၊ ထိုနေရာများတွင် သွားလာနေကြပြည်သူများကို သိတ်အနှောက်အယှက်ဖြစ်ခဲ့ရခြင်း ၊ ထိခိုက်နစ်နာမှုများရှိခဲ့ခြင်းကြောင့် များစွာစိတ်နှလုံးထိခိုက်ပါကြောင်း ။

ဆက်လက်ပြီး ဝန်ကြီးချုပ်က Anucha အား အလေးအနက်ပြေားကြာခဲ့သည်မှာ အကြမ်းဖက် ဆန္ဒပြလူထုအုံကြွမှုကြီးသည် ဥပဒေနှင့်မညီဘဲ အရေးပေါ်အခြေအနေများတွင် စီမံခန့်ခွဲမှုဆိုင်ရာတော်ဝင်အမိန့်နှင့် ကူးစက်ရောဂါဥပဒေနှစ်ရပ်စလုံးကို ကျူးလွန်ကြတာဖြစ်ကြောင်း ၊

ကိုရိုနာဗိုင်းရပ် Covid-19 ရောဂါပြန့်ပွါးမှုကိုအထောက်အကူပြုစေတဲ့ လူစုလူဝေးပြုလုပ်ခြင်း နှင့် လူထုလှုပ်ရှားမှုစုဝေးခြင်းကို လုံခြုံရေးနှင့်ဆိုင်သောအရေးပေါ်အခြေအနေတွေကို ကိုင်တွယ်တားမြစ်းန် တာဝန်ရှိအကြီးအကဲများက ဥပဒေပြဌာန်းထားပြီးဖြစ်ပါတယ် ။

ယခုကဲ့သို့ တားမြစ်ထားတဲ့ဥပဒေကိုချိုးဖောက်ကြပါက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ၄၀၀၀၀ ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမှာဖြစ်တယ်လို့ဆိုပါတယ် ။

ထို့ကြောင့်ဆန္ဒပြလိုသည့်ပြည်သူလူထုများအနေနှင့် ဝန်ကြီးချုပ်အား လားလားမှသဘောမကျခြင်း ၊ ပျစ်ပျစ်နစ်နစ် ပြစ်တင်ရှုပ်ချလိုခြင်း စတဲ့ နိုင်ငံရေးအရထုတ်ဖော်ပြောဆိုလိုသူများသည် ၄င်းတို့၏ထင်မြင်ယူဆချက်များ (သို့မဟုတ် ) မကျေနပ်ချက်များကို ရင်ထဲပေါ့သွားအောင် ပွင့်ပွင့်လင်းလင်း အစိုးရထံသို့ ရိုးသားသောနည်းလမ်းများဖြင့်တင်ပြနိုင်ကြောင်းနှင့် အကြမ်းဖက်မှုများကိုရှောင်ကျဉ်ပြီးတည်ဆဲဥပဒေလမ်းကြောင်းများကိုအသုံးပြုကြဘို့တိုက်တွန်းပြောဆိုသွားပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Anucha မှ ကြေငြာပြောဆိုသွားသည် ။

လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ကလည်း သူတို့နိုင်ငံရဲ့ အစိုးရဆန္ဒပြခဲ့ကြတဲ့ အထင်ကရ နေ့တစ်နေ့ဖြစ်ကြောင်းသိရသည် ။

Sithu Maung

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။