■ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ထိုင်းလေကြောင်းလိုင်းများ အဆင့်သင့်ဖြစ်

■ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ထိုင်းလေကြောင်းလိုင်းများ အဆင့်သင့်ဖြစ်

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားကိုးနေရတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသား နိုင်ငံခြားသားခရီးသည်တွေကိုရောဂါခြေချုပ်နဲ့ နေစရာမလိုဘဲ လာမယ့် သီတင်းပတ်က စပြီး ကြိုဆို တော့မှာပါ။

ဒါကြောင့် ထိုင်းလေကြောင်းလုပ်ငန်းက ခရီးစဉ်တွေ ပြန်ဖွင့်ရေးအတွက် အင်ဂျင်နီယာ၊ လေယာဉ်မှူးကနေ လေယာဉ်မောင်မယ်တွေထိ အသင့်ဖြစ်နေကြပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ ပြည်ဝင်ခွင့် စည်းမျဉ်းတွေကို ချမှတ်ထားတာ ၁၉လ ရှိပါပြီ။

နိုဝင်ဘာလက စပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက ကာကွယ်ဆေး ထိုးပြီးသား ဆိုက်ရောက်လာသူ တွေဟာ ရောဂါခြေချုပ်နဲ့ နေစရာ မလိုဘဲ ပြည်ဝင်ခွင့် စတင် ခွင့်ပြုပေးတော့မယ်လို့ ဝန်ကြီးချုပ် ပရာယွင်္တသ် ချန်အိုချာက ဒီလထဲမှာ ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကပ်ဘေး မဆိုက်ခင် ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့် ခရီးသည် သန်း ၄၀ လာရောက်လည်ပတ်ခဲ့ပြီး ဒီနှစ်အတွက်ကတော့ ခရီးသည် အယောက် တသိန်းရဖို့ ထိုင်းအစိုးရက ရည်မှန်းထားပါတယ်။

ထိုင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးမဖြစ်ခင်က ခရီးသွားလုပ်ငန်းကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ရတယ်လို့ ခန့်မှန်းထား ပါတယ်။

ကပ်ဘေးကြောင့် လေကြောင်းလိုင်းတွေက အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး Thai Airways နဲ့ စရိတ်နည်းလေကြောင်းလိုင်း Nok Air တို့ဟာဒေဝါလီ မခံရအောင် ကာကွယ်ပေးတဲ့အနေနဲ့ လုပ်ငန်းဖွဲ့စည်းပုံ ပြောင်းနေရပါတယ်။ NokScoot လေကြောင်းလိုင်းကတော့ မနှစ်က ဖျက်သိမ်းခဲ့ရပါတယ်။

DVB

zawgyi

■ကမၻာလွည့္ခရီးသြားလုပ္ငန္းအတြက္ ထိုင္းေလေၾကာင္းလိုင္းမ်ား အဆင့္သင့္ျဖစ္

ကမၻာလွည့္ခရီးသြားလုပ္ငန္းကို အားကိုးေနရတဲ့ ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးၿပီးသား နိုင္ငံျခားသားခရီးသည္ေတြကိုေရာဂါေျခခ်ဳပ္နဲ႔ ေနစရာမလိုဘဲ လာမယ့္ သီတင္းပတ္က စၿပီး ႀကိဳဆို ေတာ့မွာပါ။

ဒါေၾကာင့္ ထိုင္းေလေၾကာင္းလုပ္ငန္းက ခရီးစဥ္ေတြ ျပန္ဖြင့္ေရးအတြက္ အင္ဂ်င္နီယာ၊ ေလယာဥ္မႉးကေန ေလယာဥ္ေမာင္မယ္ေတြထိ အသင့္ျဖစ္ေနၾကၿပီလို႔ ရိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ တင္းက်ပ္တဲ့ ျပည္ဝင္ခြင့္ စည္းမ်ဥ္းေတြကို ခ်မွတ္ထားတာ ၁၉လ ရွိပါၿပီ။

နိုဝင္ဘာလက စၿပီး နိုင္ငံေပါင္း ၄၆ နိုင္ငံက ကာကြယ္ေဆး ထိုးၿပီးသား ဆိုက္ေရာက္လာသူ ေတြဟာ ေရာဂါေျခခ်ဳပ္နဲ႔ ေနစရာ မလိုဘဲ ျပည္ဝင္ခြင့္ စတင္ ခြင့္ျပဳေပးေတာ့မယ္လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတၤသ္ ခ်န္အိုခ်ာက ဒီလထဲမွာ ေၾကညာခဲ့ပါတယ္။

ထိုင္းနိုင္ငံမွာ ကပ္ေဘး မဆိုက္ခင္ ၂၀၁၉ ခုႏွစ္က ကမၻာလွည့္ ခရီးသည္ သန္း ၄၀ လာေရာက္လည္ပတ္ခဲ့ၿပီး ဒီႏွစ္အတြက္ကေတာ့ ခရီးသည္ အေယာက္ တသိန္းရဖို႔ ထိုင္းအစိုးရက ရည္မွန္းထားပါတယ္။

ထိုင္းဟာ ကိုဗစ္-၁၉ ကပ္ေဘးမျဖစ္ခင္က ခရီးသြားလုပ္ငန္းကေန တႏွစ္ကို အေမရိကန္ေဒၚလာ ဘီလီယံ ၅၀ ရတယ္လို႔ ခန႔္မွန္းထား ပါတယ္။

ကပ္ေဘးေၾကာင့္ ေလေၾကာင္းလိုင္းေတြက အႀကီးအက်ယ္ ဆုံးရႈံးခဲ့ရၿပီး Thai Airways နဲ႔ စရိတ္နည္းေလေၾကာင္းလိုင္း Nok Air တို႔ဟာေဒဝါလီ မခံရေအာင္ ကာကြယ္ေပးတဲ့အေနနဲ႔ လုပ္ငန္းဖြဲ႕စည္းပုံ ေျပာင္းေနရပါတယ္။ NokScoot ေလေၾကာင္းလိုင္းကေတာ့ မႏွစ္က ဖ်က္သိမ္းခဲ့ရပါတယ္။

DVB