ထိုင်းရဲတပ်ဖွဲ့က ဘတ်သန်း ၅၀ တန်ဖိုးရှိ သေနတ်အလက် ၃၅၀၀ နှင့် ကျည်ဆန် ၁ သန်းခန့် ဖမ်းမိ

ထိုင်းရဲတပ်ဖွဲ့က ဘတ်သန်း ၅၀ တန်ဖိုးရှိ သေနတ်အလက် ၃၅၀၀ နှင့် ကျည်ဆန် ၁ သန်းခန့် ဖမ်းမိ

ထိုင်းနိုင်ငံ၊ ခွန်ကန်နဲ့ ချင်းရိုင်ခရိုင်တို့မှာ ရဲတပ်ဖွဲ့ဝင်တွေက အွန်လိုင်းကနေ လက်နက်မှောင်ခိုရောင်းချသူ ၃ ယောက်ကို သေနတ်အလက် ၃၅၀၀ ၊ ကျည်ဆန်ပေါင်း ၁ သန်းလောက်နဲ့အတူ ဩဂုတ် ၁၁ ရက်က ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ခွန်ကန်ခရိုင်မှာ အသက် ၃၈ နှစ်အရွယ် ဒါနုနိုင်ဆိုတဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းမိပြီး ချင်းရိုင်ခရိုင်မှာ အသက် ၄၃ နှစ်အရွယ် ဆိုလာဝီနဲ့ ခူးလ်တီလက်ဆိုတဲ့ အမျိုးသား ၂ ယောက်ကို တန်ဖိုး ဘတ်သန်း ၅၀ လောက်တန်တဲ့ တရားမဝင် သေနတ်တွေ ကျည်ဆန်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဒုရဲဗိုလ်ချုပ်ကြီး ခွန်ချိုင်းကလိုင်ကလန်က ပြောပါတယ်။

အဆိုပါလက်နက်တွေကို ခရိုင် ၂ ခုမှာရှိတဲ့ နေရာ ၅ ခုမှာ သိုဝှက်ထားတာလို့လည်းဆိုပါတယ်။ ဒါနုနိုင်ပိုင်ဆိုင်တဲ့ ခွန်ကန်က နေအိမ် ၃ လုံးကို ရှာဖွေရာမှာတော့ ရိုင်ဖယ်သေနတ် ၁၄၁၄ လက်နဲ့ မှတ်ပုံမတင်ရသေးတဲ့ ပစ္စတိုသေနတ် ၁၂၂ လက်အပြင် ခဲယမ်းကျည်ပေါင်း ၉၂၀,၀၀၀ လောက်တွေ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ချင်းရိုင်ခရိုင်မှာတော့ ရဲတပ်ဖွဲ့တွေက မောင်မြို့နယ်မှာရှိတဲ့ လေသေနတ်ဆိုင် ၂ ဆိုင်မှာ မှတ်ပုံတင်မထားတဲ့ ရိုင်ဖယ်သေနတ် ၁၇၈၆ လက်နဲ့ တရားမဝင် ပစ္စတို ၂၂၄ လက် အပြင် ကျည်ဆန်ပေါင်း ၅၇,၅၀၀ တောင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မစ္စတာ ဒါနုနိုင်ဟာ သေနတ်တွေ၊ ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဘန်ကောက်နဲ့ တောင်ပိုင်း ခရိုင်တွေမှာရှိတဲ့ လက်နက်ရောင်းသူထံကနေမှာယူခဲ့တာလို့ ဒုရဲဗိုလ်ချုပ်ကြီး ခွန်ချိုင်းက ပြောပါတယ်။

ဒါနုနိုင်ဟာ သူ့ရဲ့သေနတ်တွေကို ကြော်ငြာရောင်းချဖို့ ဝက်ဆိုက်တခုလည်းတင်ထားပြီး ထိုင်းနိုင်ငံတဝန်းက ဖောက်သည်တွေက Line အပလီကေးရှင်းကတဆင့်မှာဝယ်ယူကြကာ ဘဏ်ကနေ ငွေပေးချေရတယ်လို့ဆိုပါတယ်။ ဒီနောက် ပစ္စည်းပို့တဲ့ ကုမ္ပဏီကနေတဆင့် ပါဆယ်နဲ့ လက်နက်တွေပေးပို့ တရားမဝင် ရောင်းဝယ်ဖောက်ကားကြတာလို့ သိရပါတယ်။ ဒီလက်နက်တွေဟာ အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်၊ တူရကီ၊ စပိန်နဲ့ တရုတ်နိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲကိုမှောင်ခိုသွင်းလာတာလို့ ဆိုပါတယ်။

ဒီလက်နက်မှောက်ခိုဂိုဏ်းဟာ လှုပ်ရှားနေတာ ၅ နှစ်လောက်ရှိပြီး နေ့စဉ် ရာနဲ့ချီတဲ့ သေနတ်တွေ ရောင်းချနေတာမှာ ထိုင်းနိုင်ငံတဝန်းက ဖောက်သည်ပေါင်း ၅၀၀၀၀ ကျော်လောက်ကို ရောင်းချပြီးသွားပြီလို့လည်း ရဲအရာရှိက ပြောပါတယ်။

Photo Credit- Bangkokpost/ThaiPost
DVB

zawgyi version

ထိုင္းရဲတပ္ဖြဲ႕က ဘတ္သန္း ၅၀ တန္ဖိုးရွိ ေသနတ္အလက္ ၃၅၀၀ ႏွင့္ က်ည္ဆန္ ၁ သန္းခန႔္ ဖမ္းမိ

ထိုင္းနိုင္ငံ၊ ခြန္ကန္နဲ႔ ခ်င္းရိုင္ခရိုင္တို႔မွာ ရဲတပ္ဖြဲ႕ဝင္ေတြက အြန္လိုင္းကေန လက္နက္ေမွာင္ခိုေရာင္းခ်သူ ၃ ေယာက္ကို ေသနတ္အလက္ ၃၅၀၀ ၊ က်ည္ဆန္ေပါင္း ၁ သန္းေလာက္နဲ႔အတူ ဩဂုတ္ ၁၁ ရက္က ဖမ္းဆီးရမိတယ္လို႔ ဘန္ေကာက္ပို႔စ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ခြန္ကန္ခရိုင္မွာ အသက္ ၃၈ ႏွစ္အရြယ္ ဒါႏုနိုင္ဆိုတဲ့ အမ်ိဳးသား ၁ ေယာက္ကို ဖမ္းမိၿပီး ခ်င္းရိုင္ခရိုင္မွာ အသက္ ၄၃ ႏွစ္အရြယ္ ဆိုလာဝီနဲ႔ ခူးလ္တီလက္ဆိုတဲ့ အမ်ိဳးသား ၂ ေယာက္ကို တန္ဖိုး ဘတ္သန္း ၅၀ ေလာက္တန္တဲ့ တရားမဝင္ ေသနတ္ေတြ က်ည္ဆန္ေတြနဲ႔ ရဲတပ္ဖြဲ႕က ဖမ္းဆီးမိခဲ့တာလို႔ ဆိုက္ဘာရာဇဝတ္မႈစုံစမ္းစစ္ေဆးေရးဌာန အႀကီးအကဲ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ခြန္ခ်ိဳင္းကလိုင္ကလန္က ေျပာပါတယ္။

အဆိုပါလက္နက္ေတြကို ခရိုင္ ၂ ခုမွာရွိတဲ့ ေနရာ ၅ ခုမွာ သိုဝွက္ထားတာလို႔လည္းဆိုပါတယ္။ ဒါႏုနိုင္ပိုင္ဆိုင္တဲ့ ခြန္ကန္က ေနအိမ္ ၃ လုံးကို ရွာေဖြရာမွာေတာ့ ရိုင္ဖယ္ေသနတ္ ၁၄၁၄ လက္နဲ႔ မွတ္ပုံမတင္ရေသးတဲ့ ပစၥတိုေသနတ္ ၁၂၂ လက္အျပင္ ခဲယမ္းက်ည္ေပါင္း ၉၂၀,၀၀၀ ေလာက္ေတြ႕ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ခ်င္းရိုင္ခရိုင္မွာေတာ့ ရဲတပ္ဖြဲ႕ေတြက ေမာင္ၿမိဳ႕နယ္မွာရွိတဲ့ ေလေသနတ္ဆိုင္ ၂ ဆိုင္မွာ မွတ္ပုံတင္မထားတဲ့ ရိုင္ဖယ္ေသနတ္ ၁၇၈၆ လက္နဲ႔ တရားမဝင္ ပစၥတို ၂၂၄ လက္ အျပင္ က်ည္ဆန္ေပါင္း ၅၇,၅၀၀ ေတာင့္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

မစၥတာ ဒါႏုနိုင္ဟာ ေသနတ္ေတြ၊ က်ည္ဆန္ေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ဘန္ေကာက္နဲ႔ ေတာင္ပိုင္း ခရိုင္ေတြမွာရွိတဲ့ လက္နက္ေရာင္းသူထံကေနမွာယူခဲ့တာလို႔ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ခြန္ခ်ိဳင္းက ေျပာပါတယ္။

ဒါႏုနိုင္ဟာ သူ႔ရဲ့ေသနတ္ေတြကို ေၾကာ္ျငာေရာင္းခ်ဖို႔ ဝက္ဆိုက္တခုလည္းတင္ထားၿပီး ထိုင္းနိုင္ငံတဝန္းက ေဖာက္သည္ေတြက Line အပလီေကးရွင္းကတဆင့္မွာဝယ္ယူၾကကာ ဘဏ္ကေန ေငြေပးေခ်ရတယ္လို႔ဆိုပါတယ္။ ဒီေနာက္ ပစၥည္းပို႔တဲ့ ကုမၸဏီကေနတဆင့္ ပါဆယ္နဲ႔ လက္နက္ေတြေပးပို႔ တရားမဝင္ ေရာင္းဝယ္ေဖာက္ကားၾကတာလို႔ သိရပါတယ္။ ဒီလက္နက္ေတြဟာ အင္ဒိုနီးရွား၊ ဆြီဒင္၊ အေမရိကန္၊ တူရကီ၊ စပိန္နဲ႔ တ႐ုတ္နိုင္ငံေတြကေန ထိုင္းနိုင္ငံထဲကိုေမွာင္ခိုသြင္းလာတာလို႔ ဆိုပါတယ္။

ဒီလက္နက္ေမွာက္ခိုဂိုဏ္းဟာ လႈပ္ရွားေနတာ ၅ ႏွစ္ေလာက္ရွိၿပီး ေန႔စဥ္ ရာနဲ႔ခ်ီတဲ့ ေသနတ္ေတြ ေရာင္းခ်ေနတာမွာ ထိုင္းနိုင္ငံတဝန္းက ေဖာက္သည္ေပါင္း ၅၀၀၀၀ ေက်ာ္ေလာက္ကို ေရာင္းခ်ၿပီးသြားၿပီလို႔လည္း ရဲအရာရွိက ေျပာပါတယ္။

Photo Credit- Bangkokpost/ThaiPost
DVB