ထိုင်ဝမ် မြေအောက်ရထားဘူတာရုံက အော်ဂဲနစ် ဒေါင်လိုက်စိုက်ခင်း – The Geek Text

ထိုင်ဝမ် မြေအောက်ရထားဘူတာရုံက အော်ဂဲနစ် ဒေါင်လိုက်စိုက်ခင်း – The Geek Text



Post Views:
8

ထိုင်ဝမ် မြေအောက်ရထားဘူတာရုံက အော်ဂဲနစ် ဒေါင်လိုက်စိုက်ခင်း

ထိုင်ဝမ်ဟာ ၄၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ မြေအောက် ရထားဘူတာက ခြံဝန်းတစ်ခုမှာ ဟိုက်ဒရိုပိုနစ် (Hydroponic) စနစ်နဲ့ ပိုးသတ်ဆေးမသုံးဘဲ LED မီးအလင်းရောင်အောက်တွင် ဆလတ်ရွက်ကို စိုက်ပျိုးပြခဲ့ပါတယ်။

ဒါဟာ ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်လာပါပြီ။

ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေရှိ Nanjing Fuxing Metro ဘူတာမှာ Metro Fresh hydroponic ခြံ ပြုလုပ်စိုက်ပျိုးခဲ့တာပါ။

မက်ထရို ထိုင်ပေရဲ့ ရည်ရွယ်ချက်ကတော့ သယ်ယူပို့ဆောင်ရေးအပြင် သာယာအဆင်ပြေမှုများနဲ့ ခရီးသည်များအား ပံ့ပိုးပေးနိုင်ရန်လို့ ဆိုပါတယ်။

အဆိုပါ စိုက်ခင်းကို စိုထိုင်းဆ၊ အပူချိန်နှင့် အခြား‌ မြေဆီလွှာဒြပ်များကို တိကျစွာ ထိန်းချုပ်ထားသော အဆင့်မြင့်နည်းပညာသုံးပြီး စိုက်ပျိုးထားပါတယ်။

ဟင်းသီးဟင်းရွက်များကို ညစ်ညမ်းစေတဲ့ ဓါတုပစ္စည်းများ မပါဝင်လို့ ကျန်းမာသော အပင်များကို မွေးမြူသည့် နည်းလမ်းအဖြစ် မြှင့်တင်ထားသလို ဖြစ်‌စေပါတယ်လို့ ထိုင်ဝမ်ရဲ့ ဗုဒ္ဓဟူးနေထုတ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

“လူအများစု စိုးရိမ်နေကြတဲ့အရာတစ်ခုက‌တော့ မိရိုးဖလာ မြေအခြေခံစိုက်ပျိုးရေး‌တွေမှာ ပိုးသတ်ဆေးများကို ရှောင်လွှဲ၍မရသော အသုံးပြုမှုဖြစ်ပါတယ်။

ဒါကို ခုရှောင်ရှားနိုင်ခဲ့ပါပြီလို့ မြေအောက်မက်ထရို စိုက်ပျိုးရေး၏ နောက်ကွယ်ရှိ ကုမ္ပဏီတစ်ခုဖြစ်သည့် Unimicron Technology မှ အမှုဆောင်တစ်ဦးဖြစ်သူ Julia Yang က ပြောကြားခဲ့ပါတယ်။

၄၀ စတုရန်းမီတာ ကျယ်ဝန်းသော “Metro Fresh” hydroponic ခြံသည် ပိုးသတ်ဆေး သို့မဟုတ် ပေါင်းသတ်ဆေးမပါဘဲ LED မီးအလင်းရောင်အောက်တွင် ဆလတ်ရွက်ကို စိုက်ပျိုးတာဖြစ်ပါတယ်။

အပင်ကြီးထွားမှုအတွက် အသင့်တော်ဆုံးဖြစ်သည့် အလင်းရောင်၊ အပူချိန်နှင့် အာဟာရဓာတ်များ ထိန်းချုပ်ရန် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ ကို အသုံးပြုထားပါတယ်။

ထိုင်ဝမ်၊ ထိုင်ပေရှိ Nanjing Fuxing Metro ဘူတာရှိ Metro Fresh hydroponic ခြံရဲ့ ပုံကိုကြည့်ပါက သပ်ရပ်လှပနေတာ တွေ့ရမှာပါ။

“ကျွန်ုပ်တို့သည် ဟိုက်ဒရိုပိုနစ် စိုက်ပျိုးရေးကို အသုံးပြုသောကြောင့် အင်းဆက်ပြဿနာ မရှိပါ” လို့ Yang က ဆိုပါတယ်။
“အသုပ်စားရင် လူတိုင်းမှာ အကြောက်ဆုံးက အင်းဆက်ဥတွေပဲ”လို့လဲထပ်ပြောပါတယ်။

ဟိုက်ဒရိုပိုနစ် မွေးမြူရေးခြံတစ်ခု ကို မြေဆီလွှာကို အသုံးမပြုဘဲ အပင်များကြီးထွားရန်အတွက် ရေတွင်ပျော်ဝင်နေသော ဓာတ်သတ္တုများကို အသုံးပြု စိုက်ပျိုးတာ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးဇုန်တစ်ခုအနေနဲ့ မူလတန်းကျောင်းသား/သူလေးများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာနည်းပညာများ အသိပညာများရရှိစေရန်နှင့် အသိပညာပေးခြင်းတို့ ပြုလုပ်ပေးခဲ့ပါတယ်လို့ Taipei Rapid Transit Corporation ကဆိုပါတယ်။

ဘူတာရုံကိုရောက်လာတဲ့ ဧည့်သည်များဟာ ပင်လယ်ပြင်ကို တွေ့ကြုံခံစားနိုင်စေမဲ့ augmented reality (AR) ပြပွဲကိုလည်း ထည့်သွင်ပြသထားပါသေးတယ်။

ထိုင်ဝမ်မှာဆို ဒေါင်လိုက်စိုက်ပျိုးမှုဟာ အရှိန်အဟုန်ဖြင့် ကြီးထွားလာ‌နေပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့လူငယ်‌ တွေကစိတ်ဝင်စားလာကြစေဖို့ “စမတ်လယ်ယာများ” ဒေါင်လိုက်စိုက်ခင်းများ ရေပန်းစား လာ‌အောင်ပြုလုပ်ပြရတာဖြစ်တယ်လို့လဲ ဆိုပါတယ်။

ဒါကြောင့်လဲ စိုက်ခင်မှာလုပ်ကိုင်လိုသူ လူငယ်တွေကို လစာကောင်းကောင်းပေးထားပါတယ်။

စမတ်လယ်ယာများဟာ အနည်းဆုံးလုပ်အားကိုအသုံးပြုပြီး အထွက်နှုန်းမြှင့်တင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုများကို လျှော့ချရန်အတွက် နည်းပညာကိုအသုံးပြုထားပါတယ်။

“အခုအချိန်မှာ ကျွန်မတို့ရဲ့ ထုတ်လုပ်မှုအထွက်နှုန်းက ဆလတ်အိတ် ၁၈၀ လောက်ရှိပြီး တစ်အိတ်ကို ၂၀၀ ဂရမ်ရှိပါတယ်။

တစ်ပတ်ကို ဆလတ်အိတ် ၁၈၀ ထုတ်လုပ်နိုင်ပါတယ်” ဟု Unimicron Plant Technology မှ လက်ထောက်မန်နေဂျာ Winnie Chan က ပြောပါတယ်။

ထိုင်ဝမ်သည် မြေဧရိယာ ၃၆၁၉၇ ကီလိုမီတာ သာရှိပြီး လူဦးရေ ၂၃ ဒသမ ၅၇ သန်းရှိပါတယ်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ထူကိုယ်ထ ဖူလုံရေးအတွက် မြေနေရာကို တတ်နိုင်သမျှ ထိထိရောက်ရောက် အသုံးချနိုင်စေရန် အရေးကြီးပါတယ်။

ဒါကြောင့် ဒီစနစ်ကို အရှိန်မြှင်တင်ဖို့ အစိုးရက စိတ်အားထက်သန်နေတယ်လို့ သိရှိရပါကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Crd

Crd

arkarta