အမေရိကန်ရဲ့ထိပ်တန်းလက်နက်ဆယ်မျိုးအကြောင်း

အမေရိကန်စစ်တပ်ဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး၊အကောင်းမွန်ဆုံးနဲ့ အင်အားအကြီးဆုံး စစ်တပ်တစ်ခု ဖြစ်ပါတယ်။ခု လိုဖြစ်နေရတဲ့အကြောင်းရင်းက ရိုးရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့ အမေရိကန်စစ်တပ်မှာ အကောင်းဆုံးလက်နက်တွေရှိလို့ပါ။အမေရိကန်စစ်တပ် ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးလက်နက်စနစ်တွေက ဘာတွေများပါလိမ့်။အခုပြောပြသွားမှာကတော့ အမေရိကားရဲ့ ထိပ်တန်းလက်နက်ဆယ်မျိုးအကြောင်းပဲ ဖြစ်ပါတယ်ရှင်။

၁၀။ Ah-64 apache(အပါ့ချီ)ဟာ အမေရိကန်ရဲ့ ဒလတ်လေးခုပါ တွင်း တာဘို အတက် ဟယ်လီကော်ပတာ တစ်စီးဖြစ်ပါတယ်ရှင်။ ပစ်မှတ်ရှာဖွေခြင်းနဲ့ ညအမှောင်မှာ  ကြည့်ရှုနိုင်ဖို့ရာအတွက် ရဟတ်ယာဉ်ရဲ့ဦးခေါင်း‌ပိုင်းမှာ ဆင်ဆာ တပ်ဆင်ထားပါတယ်။ ၃၀ မီလီမီတာ ကန်နွန်၊ ဟဲဖိုင်းယား မစ်ဆိုင်းနဲ့ ခေတ်မီဆန်းပြားတဲ့ဆင်ဆာတွေတပ်ဆင်ထားတဲ့ apache ဟာ မြန်နှုန်း၊ ပစ်အားနဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေး တွေကို ပေါင်းစည်းပြီး ပစ်ခတ်နိုင်တဲ့အကွာအဝေးအတွင်း ရန်သူ့ယာဉ်တွေမရောက်လာခင်မှာပဲ စစ်တပ်ဘက်မှ ရန်သူတွေကို ပစ်ခတ်နိုင်စေတာပါ။ဘယ်လိုစစ်ပွဲမှာမဆို ဒီရဟတ်ယာဉ်ဟာ သောင်းကျန်းသူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာ ဒါမှမဟုတ် ရန်သူ့ယာဉ်တန်းကို ဖျက်ဆီးတဲ့နေရာမှာ အသုံးဝင်ပါတယ်။

AH-64D Apache with M-DSA (Photo by Lockheed Martin)

၉။ အမေရိကန်ရဲ့ M1A2 Abram(အေဘရမ်)ဟာ တတိယမြောက်မျိုးဆက် အဓိကတိုက်ပွဲဝင်တင့်ကား ဖြစ်ပါတယ်ရှင်။မြန်မြန်လှုပ်ရှားနိုင်ပြီး ယနေ့ခေတ် စစ်မြေပြင်အတွက် ထုတ်လုပ်ထားတဲ့ Abram ဟာ ကမ္ဘာပေါ်မှာ ကာကွယ်မှုအပေးနိုင်ဆုံးတင့်ကားတွေထဲက တစ်ခု ပါ။ထူးခြားတဲ့ လုပ်ဆောင်ချက်တွေအဖြစ် အားကောင်းတဲ့ မာတိုင်ဖျူရယ် တာဘိုင်း အင်ဂျင် အသုံးပြုထားခြင်း၊ခေတ်မီတဲ့ ကွန်ပိုဆိုက်ကျည်ကာတပ်ဆင်ထားခြင်းနဲ့ သီးခြားလက်နက်ခဲယမ်းသိုလှောင်ခန်း ပါဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။တန်ချိန် ၇၄ တန်ရှိတဲ့ ဒီတင့်ကားဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တင့်ကားတွေထဲက အလေးချိန်အစီးဆုံးတင့်ကားတစ်စီး ဖြစ်ပါတယ်။ Abramမှာ မြန်မြန်ဆန်ဆန်နဲ့လိုသလိုပစ်ချက်တွေ ပစ်ခတ်နိုင်တဲ့ ၁၂၀ မီလီမီတာ စမွတ်ဘောသေနတ် တပ်ဆင်ထားတာပါ။သေနတ်က တိကျမှုရှိပြီး ၂.၅ မိုင်ကျော်အကွာထိ ထိထိရောက်ရောက် ပစ်ခတ်နိုင်တာပါ။ပုံစံကွဲအမျိုးမျိုးကို တီထွင်ခဲ့ပြီးတော့ တင့်ကားကိုလည်း အကြိမ်ပေါင်းမြောက်များစွာ အဆင့်မြှင့်တင်ခဲ့ပါတယ်။Abram ရဲ့နောက်ဆုံးပေါ် မူကွဲ M1A2 sap(ဆပ်) V3 မှာ နောက်ဆုံးပေါ် လေဆာနဲ့ ကွန်ယက်ချိတ်ဆက်ထားတဲ့လက်နက်စနစ်တွေ တပ်ဆင်ထားပါတယ်။

၈။ အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောယာဉ်စုဟာ လေယာဉ်တင်သင်္ဘောတွေကို ကာကွယ်ရန် ဒါမှမဟုတ် သီးခြားတိုက်ပွဲဝင်ရန်အတွက် တိုက်ပွဲဝင်အုပ်စုအနေနဲ့ စစ်ဆင် ရေးမှာ ပါဝင်လှုပ်ရှားလေ့ရှိတာပါ။လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ Arleigh burke class(အာလိတ် ဘတ် ကလပ်) ဖျက်သင်္ဘောအစီး ၇၀ကျော် ရှိပြီး အမေရိကန်ရေတပ်ယာဉ်စုရဲ့ အဓိကကျောရိုး ဖြစ်ပါတယ်ရှင်။  ဒီဖျက်သင်္ဘောတွေဟာ ခေတ်မှီရေတပ်တိုင်းကို စေလွှတ်နိုင်တဲ့ အသင့်တော်ဆုံးစွမ်းဆောင်ရည်ရှိတဲ့ သင်္ဘောတွေဖြစ်ပါတယ်။ဖျက်သင်္ဘောတွေမှာ အေးဂျက် ရေဒါစနစ် တပ်ဆင်ထားပြီး ဒီစနစ်ဟာ ပစ်ခတ်လာတဲ့ဒုံးကျည်တွေနဲ့ ရန်သူ့လေယာဉ်တွေရဲ့ အန္တရာယ်မှ စစ်ရေယာဉ်တပ်ဖွဲ့ကို ကာကွယ်ပေးနိုင်တာပါ။ဖျက်သ‌င်္ဘောမှာ ခရူးမစ်ဆိုင်း အစင်း ၉၀ ၊ ၁၂၇ မီလီမီတာ စက်သေနတ်တွေနဲ့ တိုက်လေယာဉ်ဖျက်လက်နက်တွေ တပ်ဆင်ထားပါတယ်။သ‌င်္ဘောတစ်စီးစီမှာ ဒုံးကျည်၊ရဟတ်ယာဉ် ၊ဒရုန်းနဲ့ လှေငယ်လေးတွေ ပစ်ခတ်နိုင်မဲ့ phalanx close-in weapon system (ဖဲလန့်စ် ကလို့အင် ဝပ်ပွန် စစ်စတမ်) နှစ်ခု ပါဝင်ပါတယ်။

၇။။ အမေရိကန်ပြည်ထောင်စုဟာ အကြီးမားဆုံးနဲ့ခေတ်အမှီဆုံး စစ်ဒရုန်းယာဉ်အုပ်စု  ပိုင်ဆိုင်ထားတာပါ။အမေရိကန်ဟာ တကယ့်တိုက်ပွဲတွေမှာ ဒရုန်းအများအပြားအသုံးပြုတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်ရှင်။အမေရိကန်လက်နက်တိုက်ထဲမှာ ဒရုန်းယာဉ်အမျိုးအစားမျိုးစုံနဲ့ မော်ဒယ်အမျိုးမျိုး ရှိတာပါ။ဒါပေမဲ့ အကျော်ကြားဆုံးတိုက်ပွဲဝင်ဒရုန်းတွေကတော့ mq-1 ပရီဒေတာ နဲ့ mq-9 reaper(ရီပါ) တွေပဲ ဖြစ်ပါတယ်။mq-1 ပရီဒေတာက အမေရိကန်စစ်တပ်မှာ ၁၉၉၅ ခုနှစ်ကတည်းက အမှုထမ်းခဲ့တာပါ။ဖောဆလင်ဒါ တာဘိုချက် အင်ဂျင်နဲ့ လည်ပတ်နေတဲ့ ဒီဒရုန်းဟာ တစ်နာရီကို ၁၃၅ မိုင် အများဆုံးမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်ရှင်။၂၄ နာရီ ကြာပျံသန်းနိုင်ပြီး လောင်စာဆီထပ်မဖြည့်ဘဲ သွားနိုင်တဲ့အကွာအဝေးကတော့ ၇၇၇ မိုင်ပါ။ mq-1 မှာ ဟဲဖိုင်းယားမစ်ဆိုင်း နှစ်စင်း တပ်ဆင်နိုင်ပါတယ်။  mq-9 reaper ကတော့ mq-1 ပရီဒေတာထက် ပိုကြီး ၊ပိုလေးပြီး  စွမ်းဆောင်ရည်ပိုမြင့်မားတဲ့  လေယာဉ် ဖြစ်ပါတယ်။တာဘိုပရော့ အင်ဂျင် နဲ့လည်ပတ်တဲ့ ဒီဒရုန်းယာဉ်က တစ်နာရီကို အများဆုံးမြန်နှုန်း မိုင် ၃၀၀ အထိ ပျံသန်းနိုင်တာပါ။လောင်စာဆီထပ် မဖြည့်ဘဲ အများဆုံးသွားနိုင်တဲ့အကွာအဝေးကတော့ မိုင်ပေါင်း ၁၂၀၀ ဖြစ်ပါတယ်။လက်နက်သိုလှောင်ခန်း ၇ ခန်းပါဝင်တဲ့ UAV ဟာ လက်နက်ခဲယမ်းနဲ့ဒုံးကျည် ပေါင် ၃၈၀၀ ခန့် တင်ဆောင်နိုင်တာပါ။

၆။ f-35 lightning IIဟာ ဆင်ဂယ်ဆိ၊  ဆင်ဂယ်အင်ဂျင်နဲ့ အောဝဲသား စတက် မာတီရိုး ဖိုက်တာ မိသားစုဝင် လေယာဉ်တစ်စီး ဖြစ်ပါတယ်ရှင်။ဒီပဉ္စမမြောက်မျိုးဆက် လေယာဉ်ကို မြေပြင်စစ်ပွဲ၊လေကြောင်းကင်းလှည့်ခြင်းနဲ့  လေကြောင်းကာကွယ်ရေးမစ်ရှင်တွေကို ဆောင်ရွက်ဖို့ ထုတ်လုပ်ထားတာပါ။ f-35 မှာ ပုံစံကွဲသုံးမျိုးရှိပြီး တာတိုပြေးလမ်းမှ ပျံတက်ခြင်းနဲ့ ဒေါင်လိုက်မြေပြင်သို့ဆင်းသက်ခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ပင်တဂွန်ဟာ တပ်ဖွဲ့ခွဲအမျိုးမျိုးအတွက် f-35 အစီးရေ ၃၁၀၀ ကျော် မှာယူဖို့ အစီအစဉ်ရှိတာပါ။ဂျက်လေယာဉ်ဟာ ကန်အား ၄၃၀၀၀ ပေါင် ထုတ်ပေးတဲ့ အင်ဂျင်တစ်လုံးတည်းနဲ့ မောင်းနှင်နေတာပါ။ဒီအင်ဂျင်ရဲ့ အကူအညီနဲ့ ဂျက်လေယာဉ်ဟာ အများဆုံးမြန်နှုန်း Mach ၁.၆ နဲ့ ပျံသန်းနိုင်ပါတယ်။အတွင်းပိုင်းသိုလှောင်ခန်း လေးခန်းနဲ့ ပြင်ပသိုလှောင်ခန်း  ခြောက်ခန်းပါဝင်တဲ့ ဒီလေယာဉ်ဟာ စုစုပေါင်းဝန်ချိန် ပေါင် ၁၈၀၀၀  ကို တင်ဆောင်နိုင်တာပါ။ f-35 မှာ သေနတ်ပြောင်းလေးခုပါ ပတ်လည်လှည့်လို့ရတဲ့ ကန်နွန် တစ်လက် တပ်ဆင်ထားပါသေးတယ်ရှင်။

၅။ အမေရိကန်ပြည်ထောင်စုရဲ့ရေတပ်မှာ အဓိကရေငုပ်သင်္ဘော အမျိုးအစား သုံးမျိုးရှိပါတယ်။ဘဲလစ်စတစ် မစ်ဆိုင်း ၊ခရူးမစ်ဆိုင်းနဲ့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေပါ။အမေရိကန်ရဲ့ဒီရေငုပ်သင်္ဘောအားလုံးဟာ နျူကလီးယားစွမ်းအင် အသုံးပြုကြပါတယ်။ဘဲလစ်စတစ်ရေငုပ်သင်္ဘောတွေမှာ နျူကလီးယား ဘဲလစ်စတစ် မစ်ဆိုင်းတွေကိုပဲ သယ်ဆောင်ရတဲ့ တစ်ခုတည်းသော နည်းဗျူဟာမစ်ရှင် ရှိတာပါ။အမေရိကန်ရေတပ်ရဲ့ အိုဟိုင်းယိုးကလပ်မှာ ဘဲလစ်စတစ် မစ်ဆိုင်း ရေငုပ်သ င်္ဘော ၁၄ စီး ရှိပါတယ်။ဒီရေငုပ်သ င်္ဘောတွေက ကမ္ဘာမှာ ကြောက်ဖို့အကောင်းဆုံး သဘ်ောတွေထဲမှာ ပါဝင်ပါတယ်။ခရူးမစ်ဆိုင်း ရေငုပ်သ င်္ဘောတွေကတော့ သူတို့ရဲ့အဓိကလက်နက်အဖြစ် ခရူးမစ်ဆိုင်းတွေကို သယ်ဆောင်ပြီး စစ်ဆင်ရေးလုပ်ကြတာပါ။အမေရိကန်ရေတပ်ဟာ Tomahak cruise missile တွေ ပစ်ခတ်နိုင်တဲ့  အိုဟိုင်းယိုးကလပ် guided-missile ရေငုပ်သ င်္ဘော လေးစီး နဲ့ လှုပ်ရှားနေပါတယ်။တိုက်ခိုက်ရေးရေငုပ်သ င်္ဘောတွေမှာတော့ ရန်သူ့သ င်္ဘောနဲ့ ရေငုပ်သ င်္ဘောတွေကို နစ်မြှုပ်စေခြင်း၊အရေးပါတဲ့စစ်ရေးသတင်း အချက်အလက်တွေစုဆောင်းခြင်းအပါအဝင် နည်းဗျူဟာမြောက်မစ်ရှင်အများအပြား ပါဝင်ပါတယ်ရှင်။လော့စ်အင်ဂျလိစ့်၊ ဆီးဝုဖ်နဲ့ ဗားဂျီးနီးယားကလပ်ရေငုပ်သ င်္ဘောအပါအဝင် တိုက်ခိုက်ရေးရေငုပ်သ င်္ဘော ၅၃ စီး ‌ကျော် ရှိတာပါ။ဒီရေငုပ်သ င်္ဘောတွေဟာ မစ်ရှင်တွေကိုရှာဖွေဖျက်ဆီးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ထောက်လှမ်းခြင်း၊ ပုံမှန်မဟုတ်တဲ့စစ်ပွဲတွေမှာ ပါဝင်ခြင်း၊ တပ်ဖွဲ့တွေရဲ့ ဆင်ဆာရှစ်ကို ပြောင်းလဲခြင်း၊ မိုင်းဗုံး‌ထောင်ခြင်းနဲ့  မိုင်းဗုံးဖျက်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်ရှင်။

၄။ လေတပ်မှာ အစီး ၂၀ နဲ့စစ်ဆင်ရေးတွေလုပ်နေတဲ့ b-2 bomber ယာဉ်အုပ်စုလေးဟာဆိုရင် ကိုယ်ပျောက်စွမ်းရည်ရှိပြီး တာဝေးတိုက်ခိုက်နိုင်စွမ်းလည်းရှိတဲ့အမေရိကန်ရဲ့တစ်ခုတည်းသော အဖိုးတန်စစ်လက်နက်တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်မကြီးကနေ စတင်ပျံသန်းပြီး ကမ္ဘာ့တစ်ဖက်ခြမ်းမှာရှိတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရန်သူတွေနဲ့  တိုက်ခိုက်နိုင်တဲ့လေယာဉ်ဟာ ဒီလေယာဉ်တွေက လွဲပြီး မရှိပါဘူး။ b-2 က လောင်စာဆီ ထပ်မံမဖြည့်ဘဲ ရေမိုင် ၆၀၀၀ ခန့်ပျံသန်းနိုင်ပြီးတော့ လေထဲ‌လောင်စာဆီဖြည့်ပြီးပျံသန်းမယ်ဆိုရင် နောက်ထပ် အများဆုံး မိုင် ပေါင်း ၁၀၀၀၀ ပျံသန်းနိုင်တာပါ။အမေရိကန်လေတပ်တီထွင်ခဲ့တဲ့ စစ်လေယာဉ်တွေထဲမှာ b2 လိုမျိုး ကာကွယ်ရေးများပြားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်တဲ့လေယာဉ် မရှိသေးပါဘူး။ဒေါ်လာ ၂ ဘီလီယမ်တန်ဖိုးရှိတဲ့ဒီလေယာဉ်က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဂျက်လေယာဉ်တစ်စီး ဖြစ်ပါတယ်ရှင်။

၃။ မဟာဗျူဟာမြောက်နျူကလီးယားအဟန့်အတားစနစ်က စစ်အေးတိုက်ပွဲပြီးကတည်းက အရေးမပါလှတော့ပါဘူး။အမေရိကားနျူကလီးယား အဟန့်အတားစနစ်ရဲ့အဓိကလက်နက်အနေနဲ့ ၁၉၆၀ပြည့်နှစ်မှ အင်တာကွန်တီနန်တယ် ဘဲလစ်စတစ်မစ်ဆိုင်း မန်နီမန် သရီး ပဲ ကျန်ရှိပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီအချိန်ကြာမြင့်ပြီဖြစ်တဲ့ ဒုံးကျည်ကို ပြန်လည်ပြုပြင်ခဲ့ပြီး ပိုကောင်းမွန်တဲ့ ဂိုက်ဒန့်စစ်စတမ်၊ ရော့ကတ်မော်တာအသစ်တွေနဲ့ အဆင့်မြှင့်ခဲ့ပါတယ်။မူလဒီဇိုင်းမှာ မာတီပယ် အင်ဒီပန့်ဒန့်  ရီအန်ထရီ ဗက်ဟီကယ် သုံးခုတပ်ဆင်နိုင်ပေမဲ့ လက်ရှိဒီဇိုင်းကတော့  လက်နက် ၃၀၀ ကီလိုတန် ကို သယ်ဆောင်နိုင်တာပါ။အမေရိကန်က ဒီဒုံးကျည်ကို ဆက်လက်အဆင့်မြှင့်ဖို့ အစီအစဉ်ရှိပေမဲ့ မန်နီမန်သရီး နေရာမှာ အစားထိုးဖို့ ICBM ကို တီထွင်ပါလိမ့်မယ်။ 

၂။လက်ရှိမှာတော့ လော့ဟိမာတင်မှ f-22 ရက်တာက အကောင်းဆုံးကိုယ်ပျောက်တိုက်လေယာဉ်တစ်စီး ဖြစ်ပါတယ်။f-22 ရဲ့ ကိုယ်ပျောက်စွမ်းရည်က အလွန်မြင့်မားပြီး ခေတ်မီဆန်းသစ်တဲ့အေဗီရိုးနစ်တွေ တပ်ဆင်ထားပါတယ်။လေယာဉ်ဟာ အများဆုံးမြန်နှုန်း Mach ၂.၂၅ နဲ့ ပျံသန်းနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၀၀၀၀ ထိ ပျံတက်နိုင်တာပါ။မြန်နှုန်းနှေးနှေးနဲ့ ပင်လယ်ရေမျက်နှာပြင်အထက်နိမ့်နိမ့်မှာ ပျံသန်းနေတဲ့အချိန်မှာ အင်ဂျင်ရဲ့ကန်အားကိုပြောင်းလဲနိုင်စွမ်းရှိပြီး ဒါက လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ရာမှာ အလွန်လွယ်ကူစေပါတယ်။တိုတိုပြောရရင် ရက်တာရဲ့ လျင်မြန်တဲ့မြန်နှုန်း၊ အမြင့်ပျံသန်းနိုင်မှု၊ကိုယ်ပျောက်စွမ်းရည်နဲ့ အားကောင်းတဲ့လေဆာစနစ်တွေကို ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီလေယာဉ်ဟာ ကောင်းကင်က အင်အားကြီး လူသတ်သမား ဖြစ်သွားမှာပါ။

၁။ အမေရိကန်ရေတပ်ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောအုပ်စုကို ပိုင်ဆိုင်ထားတာပါ။အဲ့ဒီသင်္ဘော‌ေတွက‌ေတာ့ နစ်မစ်ကလပ် ဆယ်စီးနဲ့ ဖို့ကလပ်တစ်စီးတို့ ဖြစ်ပါတယ်။ဒီသင်္ဘောတွေထဲမှာ အကြီးဆုံးနဲ့ နောက်ဆုံးပေါ် သင်္ဘောကတော့ ဖို့ကလပ် စူပါ ကယ်ရီရာပါ။ ဒီသင်္ဘောဟာ နိုင်ငံအများစုရဲ့လေတပ်တစ်ခုလုံးထက် ပိုကြီးမားပြီး  အင်အားကောင်းတဲ့လေတပ်ကို သယ်ဆောင်တာပါ။ဖို့ကလပ်ဟာ လေယာဉ်၊ရေတပ်ရဟတ်ယာဉ်နဲ့ ဒရုန်း ၈၅ စီးကျော်ကို တင်ဆောင်နိုင်ပါတယ်။ဒီယာဉ်တွေထဲမှာ f-35 ၊ fa-18 စူပါဟောနက်၊ ea-18 ဂရောင်းလာ နဲ့ ဟောကိုင်း အားလီး ဝမ်းနီး အဲခရက် စတာတွေပါဝင်ပါတယ်။ ဖို့ကလပ်ရဲ့ ကာကွယ်ရေးလက်နက်တွေထဲမှာ ဆီးစပဲရိုး မစ်ဆိုင်း၊ ရိုးလီး အဲဖရိန် မစ်ဆိုင်း၊ ၂၀ မီလီမီတာ ဖဲလန့် ကလို့စ်အင်ဝပ်ပွန် စစ်စတမ်တွေ ပါဝင်ပါတယ်ရှင်။

ဘယ်လက်နက်စနစ်က အားအကောင်းဆုံးဖြစ်တယ်လို့ သင်ထင်ပါသလဲ။ကောမန့်ပါရေးခဲ့ပါဦးနော်။