ထရမ့်ဆင်းပြီးရင် အားလုံးသူ့အလိုကျဖြစ်မယ်တွက်ထားတဲ့တရုတ် စ ငိုလေပြီ။

ထရမ့်လက်ထက်ပြဌာန်းခဲ့တဲ့ တရုတ်ပစ္စည်းသွင်းကုန်အခွန်တွေကို ဖျက်သိမ်းပေးဖို့နဲ့ တရုတ်စစ်တပ်နောက်ခံနည်းပညာကုမ္ပဏီတွေကို အစိုးရတင်ဒါတွေမှာပါဝင်ခွင့်ပိတ်ကာ တားမြစ်မှုမျိုးတွေအား ရပ်တန့်ပေးဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဒီကနေ့တောင်းဆိုလိုက်ပါတယ်။

Attachment.png

ဘိုင်ဒင်အစိုးရဟာ G-7 ဆွေးနွေးပွဲအပြီး အိုဘားမားလက်ထက်ကပေါ်လစီဟောင်းဖြစ်တဲ့ အာရှဗဟိုပြုရေးစီမံချက်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်လာအပြီး တရုတ်ဖက်က ခုလိုအသံထွက်တောင်းဆိုလာတာပါ။ ဘိုင်ဒင်ဟာ ထရမ့်လက်ထက်ကချမှတ်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲအခွန်တွေကို ပြန်မရုတ်သိမ်းတဲ့အပြင်၊ ထရမ့်လက်ထက်က မလုပ်နိုင်ခဲ့တဲ့ အတ္တလန်တိတ်သမုဒ္ဒရာမဟာမိတ်အဖွဲ့ကို ပြန်ဖွဲ့ဖို့အတွက် ခြေလှမ်းပြင်လာခဲ့ပါပြီ။

အရေးကြီးတဲ့အမျိုးသားလုံခြုံရေးဌာနတွေရဲ့အကြီးအကဲရာထူးတွေကိုလည်း အာရှရေးရာကျွမ်းကျင်သူတွေကိုပဲ ခန့်အပ်ကာ Pivot of Asia ကို လက်တွေ့ပြသလိုက်ပါတော့တယ်။ နောက်ဘုန်းကြီးက (၂) ချက်ခေါက်မယ့်ကိန်းနဲ့ရင်ဆိုင်နေရလို့ အာရှနဂါးကြီးခမျာ ကွန်မြူနစ်ပါတီအစည်းအဝေးကို ဒီနှစ်ထဲမှာ မလုပ်စဖူး (၂) ကြိမ်လုပ်ရအောင်ကို အကြပ်အတည်းဆိုက်နေခဲ့ရပါပြီ။

Ref: SCMP

Zin Min Nyein

Zawgyi